ကွန်ဒို ၀ယ်သင့် မ၀ယ်သင့် - Property Knowledge in Myanmar from iMyanmarHouse.com
1647 Views

ကွန်ဒို ၀ယ်သင့် မ၀ယ်သင့်

Knowledge | Posted by Si Thu Aung

မြို့ ကြီးလို နေရာတစ်ခုမှ အခြေချဖို့  ဖြစ်လာပြီ ဆိုရင် ကိုယ့်အတွက် ဖြစ်ဖြစ် မိသားစု အတွက်ဖြစ်ဖြစ်
လုံခြုံစိတ်ချပြီး အေးချမ်းတဲ့ နေရာ တစ်ခုကို မည်သူ မဆိုလိုလား ကြမှ အသေအချာပါ။

အဲ့ဒီလို အခြေအနေမှာ မိမိ အနေနဲ့ လုံးချင်းအိမ်လည်း မ၀ယ်နိုင်သေးဘူး ။ တိုက်ခန်းနဲ့ ကျတော့လည်း မနေချင်ဘူးဆိုတော့
တက်နိုင်တဲ့ ဈေးနဲ့  ကွန်ဒိုဝယ်နေဖို့  ဖြစ်လာခဲ့ပြီ ဆိုရင် အခု တင်ပြမဲ့ နှိုင်းယှဉ်ချက်တွေကို လေ့လာပြီး ၀ယ်ယူဖို့ သင့်မသင့်ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။


ကွန်ဒို ၀ယ်ဖို့ ကောင်းတဲ့ အချက်တွေ

လုံးချင်း အိမ်တစ်လုံးလို ဂရုမစိုက်နိုင်တဲ့ သူတွေ ၊ ခရီးရှည်ရှည်ထွက်တက်တဲ့ သူတွေ ၊ အိမ်နီးချင်း ဘာညာသာရကာနဲ့ အရှုပ်အရှင်း ကင်းချင်တယ်ဆိုရင်
ကွန်ဒိုဝယ်သင့်ပါတယ်။ တစ်ချို့ ကွန်ဒိုတွေကတော့ အိမ်သုံးပရိဘောဂတွေပါ တစ်ခါထဲ ပါဝင်တဲ့ အတွက် မိမိအနေနဲ့ ဝယ်ရ ပြုရတာတွေ သယ်ရပို့ ရ အလုပ်မရှုပ်တော့ပါဘူး။
တိတ်ဆိတ်တယ် ။ အိမ်ရာဝင်းထဲ နဲ့ ကွန်ဒိုဆိုရင်လည်း အနီးအနားမှာ ဆူညံသံတွေ ၊ လော်စပီကာသံ ဘာညာ မရှိတဲ့ အတွက် အေးဆေးနေနိုင်ပါတယ်။
ကွန်ဒိုဝင်းမှာ လုံခြုံရေး ရှိတဲ့ အတွက် မိမိ ကွန်ဒို အတွက်လည်း လုံခြုံရေး စိတ်ချရပါတယ်။ ဓာတ်လှေကားများ ပါတဲ့အတွက် အထပ်မြင့်မှာ နေရရင်လည်း
လှေကားတက်ရ မပင်ပန်းတော့ဘူး။ ကျယ်ဝန်းတဲ့ အိမ်ခန်း ၊ သီးသန့် ဧည့်ခန်း ၊ သီးသန့် ထမင်းစားခန်း ရေမီး အပြည့်အစုံပါရှိခြင်း စတာတွေကြောင့်
အသက်၀၀ ရှုနိုင်လောက်တဲ့ အနေအထားမှာ ရှိပါတယ်။ လုံးချင်း အိမ်ဝယ်ဖို့  ရှိတယ် ဆိုရင်လည်း တိုက်ခန်းထက် ပိုပြီး စိတ်ချရတဲ့ ကွန်ဒိုမှာ အရင် နေလိုက်ရင်
စိတ်ရှုပ်စရာတွေ မကြုံတော့ဘူးပေါ့။


ကွန်ဒို မ၀ယ်ဖို့ စဉ်းစားသင့်တဲ့အချက်

ကွန်ဒိုအားလုံးဟာ သီးသန့် ဝန်ဆောင်မှု များ ပါဝင်တာကြောင့် အရာ အားလုံးမှာ ၀န်ဆောင်ခတွေ လစဉ်ပေးရပါတယ်။
ဓာတ်လှေကားခ ၊ လုံခြုံရေး ၀န်ထမ်းခ ၊ ဘာကြေး ညာကြေး စသဖြင့် ကွန်ဒို အသုံးပြုတဲ့ သူတိုင်းအတွက် လစဉ်ကုန်ကျမှုတွေ ရှိပါတယ်။
ကွန်ဒိုဝင်း ပိုင်ရှင်များ ချမှတ်တဲ့ စည်းကမ်းတွေကို လိုက်နာရတာတို့  ၊ သီးသန့် ဆန်တဲ့ နေရာတစ်ခု ဖြစ်တာကြောင့် လုံခြုံရေး တင်းကြပ်ပြီး
မိမိ စိတ်ကြိုက် ၀င်ထွက်ခွင့်မှာ အစစ်အဆေး ရှိတက်ပါတယ်။ သီးသန့် ဆိုရင်လည်း ကွန်ဒိုနေတဲ့ သူများအချင်းချင်း ရှယ်ပြီးနေရတာ ဖြစ်တာကြောင့်
ကားရှိတဲ့ သူများ ကားပါကင် နေရာ ကြို ယူထားရတာတွေ ရှိတက်ပါတယ်။ ပြီးတော့ အထပ်မြင့်တဲ့ နေရာမှာ ယူထားတယ် ဆိုရင် အရေးပေါ် ထွက်ပေါက်တို့ 
ဘာတို့  ကြိုတင်လေ့လာရပါတယ်။ အထပ်နိမ့်ပြန်ရင်လည်း ပတ်ဝန်းကျင်ကို သတိထားလေ့လာရပါသေးတယ်။


ဝယ်မလား မ၀ယ်ဘူးလား

အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်းပါပဲ ။ အရာရာကတော့ အကုန် အဆင်ပြေနေတယ် လို့ တော့ မရှိနိုင်ပါဘူး ။
ကွန်ဒိုထဲမှာဆိုရင်တောင် Shopping Mall တို့ နေရာ အပေါ်ထပ်က ကွန်ဒိုလား ၊ သာမန် လုံခြုံရေးတောင် မရှိတဲ့ ကွန်ဒိုလား ။
ဝင်းနဲ့ နေရတဲ့ ကွန်ဒိုလား.. စသဖြင့် နေရာနဲ့ လိုက်ပြီး ကွဲပြားနိုင်ပါတယ်။

ဒီတော့ ကွန်ဒို ၀ယ်ဖို့  လေ့လာနိုင်မယ် ဆိုတဲ့ အကြံပြုချက်လေးတွေ ဖြစ်နိုင်ဖို့  မျှော်လင့်ရင်း ရေးသားလိုက်ရပါတယ်။

Credit : property journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service