ဈေးသတ်မှတ်ချက်က မြေဈေးကို မလွှမ်းမိုးနိုင်မည်ကို အိမ်မြေလောကသားတို့ စိတ်ပူ - Property News in Myanmar from iMyanmarHouse.com
648 Views

ဈေးသတ်မှတ်ချက်က မြေဈေးကို မလွှမ်းမိုးနိုင်မည်ကို အိမ်မြေလောကသားတို့ စိတ်ပူ

နိုင်ငံတော်အစိုးရက အိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုနှင့် ဈေးကွက်အတက်အကျကို ထိန်းချုပ်ရန် ယခုလကုန်ပိုင်း၌ တစ်ပေပတ်လည် ဈေးနှုန်းများ သတ်မှတ်မည်ဆိုသောကြောင့် ရန်ကုန်မြို့အတွင်းရှိ အိမ်ခြံမြေအရောင်းအ၀ယ်များ ငြိမ်သွားခဲ့ပြီး ဈေးနှုန်းများလည်း တန့်နေကြောင်း၊ ယင်းသတ်မှတ်ချက်သည် မြေဈေးအား မထိန်းချုပ်နိုင်ပါက ဈေးနှုန်းများမှာ အဆမတန်ဈေးတက်သွားနိုင်သည် ဟု ရန်ကုန်မြို့တွင်းရှိ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

“ရန်ကုန်မှာ မြေဈေးရော၊ တိုက်ခန်း ကွန်ဒိုဈေးရောက အခု လောလောဆယ် မတရားတက်နေတယ်၊ ကန်ထရိုက်တွေကလည်း မြေဈေးကို လိုက်ပြီး ဈေးကိုမတရားတင် ရောင်းတာတွေရှိတယ်၊ ၀ယ်သူဘက်က ကြည့်မယ်ဆိုရင် ၀ယ်ပြီးသားကို ပိုင်တာကလွဲပြီး ဘာမှအာမခံချက်မရှိဘူး၊ ၀ယ်သူတွေကပဲ အဓိက ဖြေရှင်းနေရတာဆိုတော့ နစ်နာပါတယ်” ဟု Excellent အိမ်ခြံမြေလုပ်ငန်းမှ ကိုမောင်မောင်ကြီးက ပြောသည်။

အိမ်ခြံမြေဈေးနှုန်း အတိအကျသတ်မှတ်ပြီးပါက အိမ်ခြံမြေဈေးကွက်များ သိသိသာသာ ပြောင်းလဲ သွားနိုင်ကြောင်း၊ယခုအချိန်မှာ ရောင်းသူရောဝယ်သူပါ စောင့်ကြည့်နေသည့် အချိန်ဖြစ်နေကြောင်း၊ ယခုလတ်တလော အရောင်းထိုင်းနေသည်ဟု ဒဂုံအရှေ့ပိုင်း အခြေစိုက် အိမ်ခြံမြေအကျိုးဆောင် ဦးမြင့်ဌေးက ဆိုသည်။

“မြို့ထဲမှာတော့ တိုက်ခန်းတွေက အရောင်းအ၀ယ်အရမ်းဖြစ်တယ်။ တရားဝင်မြေဈေးသတ်မှတ်လိုက်ရင် အစိုးရကိုအခွန်ဆောင် ရမယ့် စရိတ်ရှိမယ်။ တိုက်ခန်းတန်ဖိုးနဲ့ ပေါင်းလိုက်ရင် ဈေးပိုများသွားမလားဆိုပြီး အခုကတည်းက အတင်းလိုက်ဝယ်နေကြတာ များတယ်” ဟု မရမ်းကုန်းမြို့နယ်နေတိုက်ခန်းဝယ်ယူရန် ကြိုးစားနေသူမရင်ငြိမ်းမွန်က ပြောသည်။

ဝယ်လိုသူများဘက်က ဈေးသတ်မှတ်လိုက်ပါက အခွန်ဆောင်စရိတ်အပိုဆောင်းလာနိုင်ပြီး၊ ရောင်းသူ အကျိုးဆောင်များကလည်း ဈေးသတ်မှတ်လိုက်ပါက ဈေးကျသွားနိုင်သောကြောင့် ယခုကာလအတွင်း ၀ယ်သူများကို သာမန်ထက်ဈေးတင်၍ ရောင်းချနေသည့် အကျိုးဆောင်အချို့နှင့် ကြုံတွေ့ရပြီး ဈေးနှစ်ဆခန့်တင်ကာ ရောင်းနေသည်ဟု မရင်ငြိမ်းမွန်က ၄င်း၏အတွေ့အကြုံ ကို ရှင်းပြသည်။

“မြောက်ဒဂုံဘက်မှာဆိုရင်တော့ မြေအရောင်းအ၀ယ်တွေ သိသိသာသာအေးသွားတယ်။ ရန်ကုန်မြို့အတွင်းမှာလည်း တိုက်ခန်းတွေ၊ ကွန်ဒိုတွေတောင် နည်းနည်းတန့်သွားတယ်”ဟု နဂါးညီနောင်အိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင် ကိုကျော်ဇင်သန့်က ပြောသည်။

နိုင်ငံတော်အနေဖြင့် မြေဈေးများသတ်မှတ်မှုအပေါ်တွင် ဖိဖိစီးစီးလုပ်ဆောင်မည်ကို ကြိုဆိုမည်ဆိုသော်လည်း အခွန်၁၅ရာခိုင် နှုန်းမှ ၃၀ရာခိုင်နှုန်း တိုးကောက်မည်ဆိုသည့်အချက်အပေါ်တွင် ယင်းအခွန်အား ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် အခြား ဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် အမှန်တကယ်အသုံးချစေလိုကြောင်း၊ မြေဈေးကို အမှန်တကယ်မထိန်းချုပ်နိုင်ပါက ရန်ကုန်အိမ်ခြံ မြေ ဈေးကွက်မှာ ကာလပေါက်ဈေးထက် အဆမတန်မြင့်တက်သွားနိုင်ကြောင်း Excellent အိမ်ခြံမြေလုပ်ငန်းမှ ကိုမောင်မောင်ကြီး က သုံးသပ်သည်။

Credit:Shwesathtagan Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service