စီမံကိန်းများ၊ ဇုန်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန် - Property News in Myanmar from iMyanmarHouse.com
734 Views

စီမံကိန်းများ၊ ဇုန်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန်

မန္တလေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းများ၊ ဇုန်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက တိုက်တွန်း ပြောကြားခဲ့သည်။

ဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်းရှိသော တံတားဦး ဟိုတယ်ဇုန်စီမံကိန်း၊ နိုင်ငံတကာ အဆင့်မြင့် ကျောက် မျက်ဈေး စီမံကိန်း၊ မြို့သာ စက်မှုဥယျာဉ် စီမံကိန်း၊ ဧရာဝတီ ဆီမီးခုံဆိပ်ကမ်း စီမံကိန်းတို့ကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်သင့်ကြောင်း၊ ၄င်းစီမံကိန်းများ ပြီးစီးသွားပါက ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိလာနိုင်မည် ဖြစ်ကြောင်း ပြောသည်။

မန္တလေးမြို့သည် အင်အားကြီးနိုင်ငံ နှစ်နိုင်ငံကို ဆက်သွယ်ပေးမည့် တိုက်ရိုက်လမ်းကြောင်းပေါ်တွင် တည်ရှိနေသဖြင့် ထိုသို့ကောင်းမွန်သော အခွင့်အရေးကို အသုံးချကာ မန္တလေးတိုင်းဒေသကြီးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သင့်သည်ဟု ၄င်းက ပြောသည်။

"မန္တလေးတိုင်းဒေသကြီးက မြန်မာနိုင်ငံ မြေပုံမှာကြည့်ရင် တကယ့်ကို အချက်အချာကျတဲ့ နေရာမှာရှိနေပါတယ်၊ အဲဒီလို ကောင်းမွန်တဲ့အခွင့်အလမ်းတွေ ရှိနေတာကို ကောက်ယူဖို့ လိုပါတယ်၊ အမြင်ကျယ်စွာနဲ့ ကိုယ့်ဒေသအတွက် ကိုယ်အလုပ် လုပ်ဖို့ လိုပါတယ်"ဟု ၀န်ကြီး ဦးစိုးသိန်းက သုံးသပ်ပြောပြသည်။

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က မြို့သာ စက်မှုဥယျာဉ် စီမံကိန်းသည် အတော်ခရီးရောက်နေပြီ ဖြစ် ကြောင်း၊ တံတားဦး ဟိုတယ်ဇုန် စီမံကိန်းကိုလည်း မကြာခင် ကာလတွင် အကောင်အထည် ဖော်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပထ၀ီအနေအထားအရ ရရှိထားသော မန္တလေးတိုင်းဒေသကြီးသည် ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်စေရေးနှင့် အတူ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီး၏ ၀င်ငွေများတိုးလာမည်မှာ အမှန်ပင်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ချိတ်ဆက်လုပ်ကိုင်နိုင်ရန် ပြည်ထောင်စုဝန်ကြီးများ သြဂုတ် ၂ ရက်က မန္တလေးမြို့သို့ ရောက်ရှိလာခဲ့ကြသည်။

Credit: Myanmar Property Journal

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service