မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
490 Views

မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး

Knowledge | Posted by Zarni Kyaw

အသား‌အရေနဲပတ်သက်တဲ့ ဆိုး‌ကျိုးတွေကစလို့ အဆုတ်ရောဂါအထိ ဖြစ်နိုင်ပါတယ်။လူတွေဟာ ဘဝရဲ့ သုံးပုံတစ်ပုံခန့် အချိန်တွေကို အိပ်ယာထဲမှာ ကုန်ဆုံးကြရတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ကိုယ့်ရဲ့ အချိန်တော်တော်များများ ကုန်ဆုံးတဲ့ အိပ်ယာက သွားရည်တွေ ၊ ချွေးတွေ ၊ ဗောက်တွေ စတဲ့ ကိုယ့်ဆီက အညစ်အကြေးတွေ အထိတွေ့ဆုံးနေရာရာ တစ်ခုဖြစ်ပြီး သန့်ရှင်းမှုမရှိရင် ရောဂါရနိုင်ပါတယ်။

၁။ မျက်နှာအသားအရေထိခိုက်ခြင်း

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလျှော်ဖွတ်တဲ့အခါ အိပ်ယာခင်းက ဘက်တီးရီးယားတွေဟာ ညဘက်အိပ်ချိန်မှာ မျက်နှာအသားအရေနဲ့ ထိတွေ့မှုဖြစ်ပွားပြီး အသားအရေမှာ ပေါက်ဖွားကြတဲ့အတွက် ဝက်ခြံ ၊ ဆားဝက်ခြံ ၊ အသားအရေယားယံတာ ၊ ခြောက်သွေ့တာတွေ ဖြစ်စေပြီး မျက်နှာမှာ အဖုအပိန့်တွေ အလွန်ထွက်လာတာမျိုး ဖြစ်နိုင်ပါတယ်။

၂။ နှင်းခူရောဂါ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို ပုံမှန်မလျှော်ဖွတ်ရင် ဘက်တီးရီးယားတွေ ပေါက်ဖွားနေတဲ့ အိပ်ယာပေါ်မှာ အမြဲအိပ်ပြီး အရေပြားနဲ့ ထိတွေ့ပွတ်တိုက်မှုတွေဖြစ်တဲ့အခါ အရေပြားယားယံရာကနေ ယားနာတွေအပြင် နှင်းခူလို အရေပြားရောဂါတွေ ဖြစ်လာနိုင်တယ်လို့ အရေပြားပညာရှင်တွေက ဆိုပါတယ်။ဒီလိုဖြစ်တဲ့အခါ ကျွမ်းကျင်သူနဲ့မပြဘဲ ကိုယ့်ဘာသာ လိမ်းဆေးတွေလိမ်းရင် ပိုပြီးဆိုးနိုင်ပါတယ်။ဒါကြောင့် အိပ်ယာခင်းသန့်ရှင်းဖို့ကို အမြဲဂရုပြုရပါမယ်။

 

၃။ မှို (သို့မဟုတ်) ဘက်တီးရီးယားပိုးဝင်ခြင်း

မသန့်ရှင်းတဲ့ အိပ်ယာခင်းဟာ ချွေးတွေကို စုပ်ယူမှုများလာတဲ့အခါ မှိုတွေကို ပိုပြီး ကြီးထွားလာစေပါတယ်။ ညစ်ပေတဲ့ အိပ်ယာခင်းပေါ်က မှိုဟာ အရေပြားမှိုစွဲရောဂါ ၊ ဆိုးရွားတဲ့ အရေပြားရောဂါအများစုကို ဖြစ်စေပါတယ်။ ဒီလိုရောဂါတွေကို ဖြစ်လာမှ ကုသတာထက် ကိုယ့်အိပ်ယာခင်းကို မှန်မှန်လျှော်ဖွတ်လဲလှယ်ပေးခြင်းက ပိုပြီး လွယ်ကူတဲ့ ကာကွယ်ခြင်းဖြစ်ပါတယ်။

၄။ အဆုတ်ရောဂါ

ကိုယ်အမြဲ အိပ်စက်နေတဲ့ အိပ်ယာက ညစ်ပေပြီး မှိုတွေပေါက်ဖွားနေတဲ့ အိပ်ယာဖြစ်တဲ့အခါ အသက်ရှူသွင်းတဲ့အခါတိုင်း အိပ်ယာက မှိုတွေဟာ အသက်ရှူလမ်းကြောင်းက တစ်ဆင့်ဝင်ရောက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အဆုတ်ရောဂါတွေ ၊ အထူးသဖြင့် ပန်းနာရင်ကြပ်နဲ့ နမိုးနီးယား (အဆုတ်ရောင်ရောဂါ) တို့ကို ဖြစ်စေပါတယ်။ ဒါဟာ အလွန်အရေးကြီးပြီး အန္တရာယ်ရှိတဲ့ ရောဂါတွေဖြစ်တဲ့အတွက် အိပ်ယာခင်းတွေကို မှန်မှန်လျှော်ဖွတ် လဲလှယ်ရုံနဲ့ ဒီရောဂါတွေ ဖြစ်နိုင်ချေ လျော့ကျစေပါတယ်။

၅။ ဓာတ်မတည့်ခြင်း

ညစ်ပေနေတဲ့ အိပ်ယာခင်းတွေက ဘက်တီးရီးယားတွေနဲ့ ဖုန်မှုန့်တွေဟာ ဓာတ်မတည့်ရောဂါကို ဖြစ်စေနိုင် ၊ ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ယာခင်းတွေ ချွေးတွေနဲ့ စိုစွတ်နေတာ ၊ ညစ်ပေနေတာတွေကို မှန်မှန်လေး လျှော်ဖွတ်ပေးတာအပြင် နေ့စဉ်အိပ်ယာသိမ်းပြီးတဲ့အခါ အိပ်ယာခင်းတွေကို လေသလပ်ပြီး ခြောက်သွေ့အောင် ထားရပါမယ်။

အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို သန့်ရှင်းအောင် ဘယ်လိုထားရမလဲ

အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို အကြာဆုံးအနေနဲ့ တစ်ပတ်တစ်ခါ ဒါမှမဟုတ် ဆယ်ရက်တစ်ခါလျှော်ဖို့ ကျန်းမာရေးစစ်တမ်းတွေက ဆိုပါတယ်။ အိပ်ယာခင်းတွေကို လျှော်ဖွတ်တဲ့အခါ ရေနွေးနဲ့ စိမ်ထားပြီး လျှော်မယ်ဆိုရင် ပိုပြီး ကောင်းမွန်ပါတယ်။ အိပ်ယာခင်းကို တစ်ခုထဲ လျှော်လိုက်သုံးလိုက်မလုပ်ဘဲ အပိုဆောင်ထားပြီး လဲလှယ် အသုံးပြုသင့်ပါတယ်။ဒါမှ အိပ်ယာခင်းတစ်ခုကို လျှော်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် မခြောက်သွေ့ခဲ့ရင် အပိုတစ်ခုနဲ့ လဲလှယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: duwun Ref: redbookmag.com, sleepfoundation.org

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး
ညှို့အားအလွန်ပြင်းသောကြောင့် အလုပ်လျှောက်၍ မရသော မိန်းကလေး

Upcoming Property Events

From 25 Oct To 26 Oct

Magical World Apartment

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service