အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ - Property Knowledge in Myanmar from iMyanmarHouse.com
381 Views

အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ

Knowledge | Posted by Aye Myat Thu

အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများတစ်အိမ်သားလုံးအတွက် ဒုက္ခအရောက်ရဆုံးအချိန်ဟာ အိမ်သာပိုက်ပိတ်တဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ရေဆွဲချလိုက်ရင် ကျသွားတာပဲဆိုတဲ့ အထင်နဲ့ အိမ်သာပိုက်ထဲကို မလိုချင်တော့တဲ့ အရာအားလုံး ပစ်ထည့်ခဲ့သမျှ ပိုက်တစ်ခုလုံး ပိတ်ဆို့သွားမှသာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပိုက်ပြင်ဆရာ ပြေးခေါ်ရတဲ့ အဖြစ်ကို ကြုံဖူးကြမှာပါ။

သို့ပေမယ့် အိမ်သာရေဆင်းပိုက်ကို ပိတ်ဆို့စေမယ်လို့ သင်မထင်ထားတဲ့ အောက်ပါပစ္စည်းတွေကလည်း အိမ်သာရေပိုက်ကို အကြီးအကျယ် ဒုက္ခပေးနိုင်တယ်ဆိုတာရော သတိပြုမိပါရဲ့လား။

သွားပွတ်ကြိုး

သွားကြားသန့်ရှင်းရေးအတွက် သုံးလေ့ရှိတဲ့ သွားပွတ်ကြိုးတွေကို အိမ်သာရေပိုက်ထဲမှာ စွန့်ပစ်မယ်ဆိုရင် ပမာဏများလာတဲ့အခါ ပိုက်လမ်းကြောင်းတစ်လျှောက်မှာ ချည်မျှင်အလုံးအထွေးကြီးတစ်ခုအဖြစ် ပြောင်းလဲပြီး ပိတ်ဆို့သွားစေနိုင်ပါတယ်။

သွားပွတ်ကြိုးတွေကို အိမ်သာခွက်ထဲ စွန့်ပစ်တာဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် သဘာဝချည်မျှင် မဟုတ်ဘဲ ဓာတုအခြေခံထုတ်လုပ်ထားတဲ့ သွားပွတ်ကြိုးမျိုးတွေဆိုရင် အလွယ်တကူ မပကျ်စီး၊ မဆွေးမြေ့နိုင်တဲ့အတွက် ရေဆင်းပိုက်ထဲမှာ ကာလကြာရှည် ပိတ်ဆို့နေစေပါလိမ့်မယ်။

ပီကေ

ပီကေတွေ ဝါးပြီး အချိုကုန်သွားတဲ့အခါ လွယ်လွယ်ကူကူပဲ အိမ်သာခွက်ထဲ ထွေးချလိုက်တာမျိုး မလုပ်သင့်ပါဘူး။

ပီကေဟာ ရေမှာ မပျော်ဝင်နိုင်တဲ့အတွက် ပိုက်နံရံတွေမှာ ကပ်တွယ်ပြီး ရေဆင်းမယ့် လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်ပါတယ်။

ငါး

အိမ်မှာအလှမွေးငါးလေးတွေ မွေးထားတဲ့သူတွေ ကြုံဖူးမယ့်ကိစ္စမျိုးပါပဲ။ ငါးလေးတွေ သေသွားရင်ဖြစ်ဖြစ်၊ တစ်ခါတစ်လေ စိတ်ရူးပေါက်ပြီးပဲဖြစ်ဖြစ် ငါးတွေကို အိမ်သာပိုက်ထဲ စွန့်ပစ်မိမယ်ဆိုရင် ပိုက်ထဲမှာ အကြီးအကျယ် တစ်ဆို့စေနိုင်ပါတယ်။

တကယ်လို့ ပိုက်ထဲမှာ မပိတ်ခဲ့ရင်လည်း မိလ္လာရေပိုက်ကနေတစ်ဆင့် ရေပြင်ကျယ်ဆီ ရောက်သွားတဲ့အခါ ကန်ထဲက အခြားသော ငါးများကိုပါ သေဆုံးစေနိုင်တဲ့အန္တရာယ် ရှိပါတယ်။

အနာကပ်ပလာစတာ

ထိခိုက်ဒဏ်ရာ တစ်စုံတစ်ခု ရရှိလို့ ကပ်ထားတဲ့ အနာကပ်ပလာစတာကို အများဆုံး ခွာမိတဲ့နေရာဟာ ရေချိုးခန်းနဲ့ အိမ်သာတွေပဲ ဖြစ်ပါတယ်။

သာမန် အနာကပ်ပလာစတာတစ်ခုဟာ ဖယောင်း၊ ရာဘာ၊ အဆီနဲ့ အခြားသော ပါဝင်ပစ္စည်းတွေ ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ ရေဆင်းပိုက်ထဲမှာ ကပ်ငြိပြီး ပိတ်ဆို့စေနိုင်ပါတယ်။

မျက်ကပ်မှန်

မျက်ကပ်မှန်တွေဟာ polymers လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ နှစ်ပေါင်းများစွာကြာအောင် မပျက်စီးနိုင်ပါဘူး။ မျက်ကပ်မှန်သေးသေးလေးဟာ အိမ်သာရေပိုက်ကိုတော့ ပိတ်စေနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကျွမ်းကျင်သူတွေရဲ့အဆိုအရ နှစ်စဉ်နှစ်တိုင်း မျက်ကပ်မှန် တန်(၂၀)ကျော်ဟာ အိမ်သာရေဆင်းပိုက်ကနေတစ်ဆင့် စွန့်ပစ်ခံနေရပြီး ရေထုကို အကြီးအကျယ် ညစ်ညမ်းနေစေတယ်လို့ သိရပါတယ်။

ကြောင်ရဲ့မစင်

အိမ်သာခွက်ဟာ ပုံမှန်အားဖြင့် မစင်စွန့်တဲ့နေရာဖြစ်လို့ ကြောင်ရဲ့မစင်ကိုလည်း အတူတူပဲ စွန့်ပစ်လို့ရတယ်လို့ မထင်လိုက်ပါနဲ့။ ကြောင်ရဲ့မစင်ဟာ စွန့်ပစ်ပြီး နာရီအနည်းငယ်ကြာတဲ့အခါ အခဲအသွင်ပြောင်းသွားပြီး ပိုက်လိုင်းတစ်နေရာရာမှာ ပိတ်ဆို့နေတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် အိမ်မှာကြောင်မွေးထားတယ်ဆိုရင် ကြောင်မစင်ကို အခြားသော အမှိုက်တွေနဲ့အတူ အမှိုက်ထုပ်ထဲမှာသာ ရောနှောစွန့်ပစ်သင့်ပါတယ်။

မျက်နှာပေါင်းတင်ဆေး

ရွှံ့စေးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ပေါင်းတင်ဆေးတွေကို လက်ဆေးကန်၊ ဒါမှမဟုတ် အိမ်သာခွက်တွေထဲကို ဆေးမချပစ်သင့်ပါဘူး။ တကယ်လို့ ဆေးချလိုက်မိမယ်ဆိုရင် ရက်ပေါင်းများလာတဲ့အခါ ပိုက်ထဲမှာအပြည့် ခဲပြီးပိတ်နေတဲ့ ရွှံ့ဆေးတွေနဲ့ အခက်တွေ့ရပါလိမ့်မယ်။

ဒါကြောင့် မျက်နှာပေါင်းတင်ဆေးရည်ကို လိမ်းကျံပြီး သန့်ရှင်းတဲ့အခါ ပထမဦးဆုံး အဝတ်သန့်နဲ့ သုတ်ပစ်ပြီး ကျန်ရှိနေတဲ့ အကြွင်းအကျန်လေးတွေကိုသာ ရေနဲ့စင်အောင် ဆေးပစ်သင့်ပါတယ်။

ဒါလေးတွေကတော့ လူတိုင်း အမှတ်မထင် ပြုလုပ်တတ်ပြီး မသိလိုက်တဲ့အချိန်အတွင်းမှာ ရေဆင်းပိုက်တွေ ပိတ်ဆို့ပြီး အခက်မတွေ့စေဖို့ မျှဝေပေးထားတဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: bahututa.xyz

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service