တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ - Property Knowledge in Myanmar from iMyanmarHouse.com
473 Views

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Knowledge | Posted by Zarni Kyaw

ကော်ဖီချစ်သူတွေအတွက်ကတော့ မိုးလင်းတာနဲ့ ကော်ဖီသောက်လိုက်ရမှ ဘဝကြီးက ပြည့်စုံသလိုပါပဲ။ မနက်ခင်းမှာတင် မဟုတ်ပါဘူး။ တစ်နေ့တာလုံးမှာလည်း တစ်ခွက်ပြီး တစ်ခွက် သောက်တတ်ကြပါတယ်။ တချို့ဆို တစ်ရက်ကို ကော်ဖီကို ၁၀ခွက်နီးပါးလောက် သောက်တတ်ကြ‌တော့ ကော်ဖီတွေ ဒီလောက်အများကြီးသောက်တာ ကောင်းရဲ့လား။ လူတစ်ယောက်က တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ။

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

တစ်နေ့ကို ကော်ဖီ ဘယ်နှခွက်ဆိုတာထက် ကဖင်းဘယ်လောက်သောက်လို့ရတယ်ဆိုပြီး ပြောတာက ပိုပြီး တိကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ကော်ဖီကြောင့် အိပ်မပျော်တာ၊ ရင်တုန်တာတွေက ကဖင်းကြောင့် ဖြစ်တာကိုး။

FDAရဲ့ အဆိုအရတော့ တစ်ရက်ကို ကဖင်း ၄၀၀ မီလီဂရမ်လောက်ထိ သောက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါက လက်ဖက်ရည်ဆိုင်မှာ သောက်တဲ့ ကော်ဖီခွက်နဲ့ တွက်ရင် ၄-၅ခွက်စာလောက်ပေါ့။ ဒီလောက်ကတော့ အန္တရာယ်မရှိတော့ သောက်လို့ ရပါတယ်။

ပြောရရင်တော့ ကော်ဖီအမျိုးအစား၊ ကိုယ်သောက်တဲ့ ခွက်ပေါ် မူတည်ပြီး ကဖင်းပမာဏက ကွဲပြားတာကြောင့် ဘယ်နှခွက်ဆိုတာထက် တစ်နေ့တာ ကဖင်းဘယ်လောက် သောက်မိပြီလဲဆိုတာကို တွက်ချက်ပြီး သောက်တာက ပိုကောင်းပါတယ်။

ဥပမာ အသင့်သောက်ကော်ဖီတွေမှာဆိုရင် တစ်ထုပ်ကို ကဖင်းဘယ်လောက်ပါတယ်ဆိုပြီး ရေးထားတတ်ပါတယ်။

ကဖင်းက ကော်ဖီမှာတင် ပါတာ မဟုတ်ပါ

ဟုတ်ပါတယ်။ ကဖင်းကို ကော်ဖီအပြင် နေ့စဉ်သောက်တတ်ကြတဲ့

- လက်ဖက်ရည် - ချောကလက် - စွမ်းအားဖြည့်အချိုရည်

- နောက်ဆုံး ကဖင်းထုတ်ထားတဲ့ Decaf ကော်ဖီတွေမှာပါ တွေ့ရတတ်ပါတယ်။

ဥပမာ စွမ်းအားဖြည့်အချိုရည်တွေမှာဆိုရင် ကဖင်း ၄၀-၂၅၀ မီလီဂရမ်ထိပါတတ်ပါတယ်။

တစ်ရက်ကို ကော်ဖီ ၅ခွက်လောက် သောက်လို့ရတယ်ဆိုပြီး ကော်ဖီလည်း သောက်မယ်၊ စွမ်းအားဖြည့်အချိုရည်တွေလည်း သောက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ကဖင်းတွေ များနေမှာပါ။ ဒါကြောင့် ကဖင်းလို့ ပြောရင် ကော်ဖီကိုပဲ မမြင်ဘဲ တခြားကဖင်းပါတဲ့ သောက်စရာတွေကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။

ကော်ဖီကရတဲ့ ကဖင်းကိုတင် တွက်တာမဟုတ်ဘဲ နေ့စဉ် သောက်သမျှထဲက ကဖင်းပမာဏစုစုပေါင်းကို တွက်ပြီး တစ်ရက်ကို ၄၀၀ မီလီဂရမ်မကျော်အောင် သတိထားရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက Decaf ကော်ဖီပါ။ ရုတ်တရက်ကြည့်ရင် ကဖင်းထုတ်ထားတဲ့ ကော်ဖီလို့ ထင်စရာရှိပေမယ့် တကယ်က သူ့မှာ ကဖင်းပါနေပါသေးတယ်။ ပါတဲ့ ပမာဏပဲ လျော့သွားတာပါ။ Decaf လုပ်ထားရင်တောင် တစ်ခွက်ကို ကဖင်း ၂-၁၅ မီလီဂရမ်လောက်တော့ ပါနေပါသေးတယ်။ Decafလုပ်ထားတယ်ဆိုပြီး စိတ်ကြိုက်သောက်မယ်ဆိုရင် မသိလိုက်ဘဲ ကဖင်းတွေ များနေဦးမှာပါပဲ။

ကဖင်း လွန်နေပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ

တစ်ရက်ကို ကဖင်း ၄၀၀ မီလီဂရမ် သောက်လို့ရတယ်ဆိုပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခံနိုင်ရည်က မတူတာကြောင့် တချို့က ၄၀၀ မီလီဂရမ် မပြည့်ခင်မှာပဲ ကဖင်းလွန်တဲ့ ဒဏ်ကို ခံစားရပါတယ်။ သိသာတဲ့အချက်တွေကတော့

- အိပ်မပျော်တာ - ဂဏှာမငြိမ်တာ - စိတ်လှုပ်ရှားတာ - ရင်တုန်တာ - ဗိုက်မကောင်းတာ - ပျို့တာ - ခေါင်းကိုက်တာ - နေလို့မကောင်းတာတွေ ခံစားရပါတယ်။ ဒါတွေ ခံစားနေရပြီဆိုရင် တစ်နေ့လုံးသောက်တာ ကော်ဖီ ၅ခွက်မပြည့်သေးရင်တောင် ရပ်လိုက်ဖို့ လိုပါတယ်။ ဒါကဖင်းလွန်နေတာကြောင့် ဖြစ်နိုင်ပါတယ်။

သာမန်လူတစ်ယောက်အနေနဲ့ တစ်ရက်ကို ကဖင်း ၄၀၀ မီလီဂရမ် သောက်လို့ ရတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ ဒီထက်လျှော့သောက် (တစ်ရက်ကို ၃၀၀ မီလီဂရမ်) ဖို့ လိုပါတယ်။ အထူးသဖြင့် ဆေးတွေ သောက်ရင်၊ သွေးအားနည်းရောဂါရှိနေရင် ပိုလျှော့ဖို့ လိုပါတယ်။ အသေးစိတ်ကိုတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကလေးတွေနဲ့ မြီးကောင်ပေါက်အရွယ်တွေကတော့ ကဖင်းကို မသောက်သင့်ပါ။ မိဘတွေက ကလေးကို ကော်ဖီမတိုက်ကြပေမယ့် အားဖြည့်အချိုရည်တွေ တိုက်တတ်ကြတော့ ဒီထဲမှာကဖင်းပါဝင်မှုများလို့ သတိထားဖို့ လိုပါတယ်။

ကော်ဖီက သင့်တင့်တဲ့ ပမာဏသောက်ရင် ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဖြစ်တာကြောင့် ကိုယ့်ကျန်းမာရေးပေါ် မူတည်ပြီး ချင့်ချိန်သောက်ဖို့ လိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon 

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service