ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ! - Property Knowledge in Myanmar from iMyanmarHouse.com
449 Views

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

Knowledge | Posted by Aye Myat Thu

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း တို့က မျိုးရင်း တူတူပဲ ဆိုပေမယ့် ပန်းဂေါ်ဖီ မျိုးရင်းဝင်တွေပါပဲ။ မျိုးရင်းတူသလို အာဟာရတန်ဖိုးလည်း သိပ်မကွာလှပါဘူး။ ဒါပေမယ့် ပန်းဂေါ်ဖီထက် ပန်းဂေါ်ဖီစိမ်းကို ဆေးဖက်ဝင်တယ်လို့ ထင်မှတ်ကြသူက ခပ်များများပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

ပန်းဂေါ်ဖီ ကောင်းကျိုး များသလား!

ပန်းဂေါ်ဖီ ဆိုတာက အရိုးတံ စိမ်းစိမ်း အရွက်ဖက် စိမ်းစိမ်းလေးတွေနဲ့ အပွင့်အခက်လေးတွေကတေ့ အဖြူရောင် အဆုတ်လိုက် ကလေးတွေပေါ့။ ခပ်သိပ်သိပ်လေးဆိုရင် ပိုကောင်းတယ်လေ။ ပန်းဂေါ်ဖီကို ဘဲဥလေး၊ ပုစွန်ခြောက်လေးနဲ့ ကြော်စားတာက တော်တော်လေး စားကောင်းပါတယ်။

ပန်းဂေါ်ဖီက အဖြူရောင် ဒါမှမဟုတ် စိမ်းဖန့်ဖန့် အရောင် ရှိပြီး အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် C၊ ဗီတာမင် K နဲ့ အရောင်ကျစေနိုင်တဲ့ အာနိသင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

ပန်းဂေါ်ဖီကို သူ့ချည်း ကြော်စားလို့ ရသလို အခြား အသီးအရွက်တွေ၊ အသား၊ ဘဲဥ နဲ့ အခြားသော နှစ်သက်ရာ တွေနဲ့ ကြော်စားလို့ ရပါတယ်။ ချဉ်ရည်ဟင်းချက်စားလို့ ရသလို လက်ဖက်နဲ့ သုပ်စားရင်လည်း အတော်လေး အဆင်ပြေပါတယ်။

ပန်းဂေါ်ဖီမှာ ဗီတာမင် C ပါဝင်မှုက ကိုယ်ခံအား ကောင်းစေပြီး ဗီတာမင် K ပါဝင်နေတာက သွေးတိတ်စေဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်သလို ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။ အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေမှဖို့ ထောက်ကူပေးမှာပါ။

ပန်းဂေါ်ဖီမှာ ခိုလင်း ပါဝင်နေတာက ကောင်းကောင်း အိပ်ပျော်စေပြီး မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းတွေ ကောင်းစေသလို ကြွက်သားလှုပ်ရှားမှုတွေ ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေ အပြင် ပန်းဂေါ်ဖီမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ဗီတာမင် B၊ ဖော့စဖရိတ်နဲ့ မဂ္ဂနိ့၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့လည်း ပါဝင်နေပါတယ်။

ဒီလို အာဟာရဓာတ်တွေ ကြွယ်ဝမှုကြောင့် ပန်းဂေါ်ဖီက နှလုံး ကျန်းမာစေသလို အချို့သော ကင်ဆာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ပန်းဂေါ်ဖီစိမ်း ကောင်းကျိုး များသလား!

ပန်းဂေါ်ဖီစိမ်း ဆိုတာက အရိုးတံ စိမ်းစိမ်း အရွက်ဖက် စိမ်းစိမ်းလေးတွေနဲ့ အပွင့်အခက်လေးတွေကလည်း နာမည်နဲ့ လိုက်အောင် စီမ်းစိမ်း အဆုတ်လိုက် ကလေးတွေပေါ့။ ခပ်သိပ်သိပ်လေးဆိုရင် ပိုကောင်းတယ်လေ။ ပန်းဂေါ်ဖီကို ပုစွန်ခြောက်လေးနဲ့ ကြော်စားတာက တော်တော်လေး စားကောင်းပါတယ်။ မာလာအနှစ်နဲ့ ကြော်စားတာ ကင်စားတာကလည်း စားရတာ အရသာ အတော် ရှိတာပါ။

ပန်းဂေါ်ဖီက အစိမ်းအရောင် ရှိပြီး အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် C၊ ဗီတာမင် K နဲ့ အရောင်ကျစေနိုင်တဲ့ အာနိသင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

ပန်းဂေါ်ဖီစိမ်းကို သူ့ချည်း ကြော်စားလို့ ရသလို အခြား အသီးအရွက်တွေ၊ အသား၊ ဘဲဥ နဲ့ အခြားသော နှစ်သက်ရာ တွေနဲ့ ကြော်စားလို့ ရပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C ပါဝင်မှုက ပန်းဂေါ်ဖီထက် ပိုများပြီး ကိုယ်ခံအား ကောင်းစေဖို့ မှိဝဲပေးလို့ ရပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် K ပါဝင်နေတာက သွေးတိတ်စေဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်သလို ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။ အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါ သေးတယ်။

ပန်းဂေါ်ဖီစိမ်းမှာ ခိုလင်း ပါဝင်နေတာက ကောင်းကောင်း အိပ်ပျော်စေပြီး မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းတွေ ကောင်းစေသလို ကြွက်သားလှုပ်ရှားမှုတွေ ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေ အပြင် ပန်းဂေါ်ဖီမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ဗီတာမင် B၊ ဖော့စဖရိတ်နဲ့ မဂ္ဂနိ့၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့လည်း ပါဝင်နေပါတယ်။

ပန်းဂေါ်ဖီစိမ်းက အရေပြား ကျန်းမာစေသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ဒီလို အာဟာရဓာတ်တွေ ကြွယ်ဝမှုကြောင့် ပန်းဂေါ်ဖီက နှလုံး ကျန်းမာစေသလို အချို့သော ကင်ဆာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ! ဆိုတော့ ၂ မျိုးစလုံးက အာဟာရဓာတ် ပြည့်ဝသလို အရသာလည်း ရှိပါတယ်။ ကျန်းမာရေးကိုလည်း ကောင်းကျိုးပြုကြသလို တစ်မျိုးစီမှာ မတူညီတဲ့ ကျန်းမာရေး အာနိသင် ထူးလေးတွေလည်း ရှိကြပါတယ်။

ပန်းဂေါ်ဖီစိမ်းက ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ခံအား ကောင်းစေသလို ဗီတာမင် K ၊ အမျှင်ဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ဒြပ်ပေါင်း တစ်ခုဖြစ်တဲ့ sulforaphane လည်း ပါဝင်နေပါတယ်။

ပန်းဂေါ်ဖီမှာ ဗီတာမင် C ပါဝင်မှုက ပန်းဂေါ်ဖီစိမ်းမှာလောက် မများပေမယ့် အမျှင်ဓာတ် နဲ့ ကယ်လ်ဆီယမ် ပါဝင်မှုကတော့ မလျော့ပါဘူး။ ဒါတွေအပြင် ဗီတာမင် K၊ ခိုလင်း တို့လိုမျိုး ဦးနှောက်ကို အကျိုးပြုပေးနိုင်တဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အရောင်ကျစေနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။

သဘာဝကနေရတဲ့ အသီးအရွက်တိုင်းက ကျန်းမာရေး ကောင်းကျိုးပြုတာကြောင့် နေ့စဉ် စားသုံးမှုမှာ အသီးအရွက် တစ်မျိုးမျိုးကို ပါဝင်အောင် စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service