ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး - Property Knowledge in Myanmar from iMyanmarHouse.com
410 Views

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Knowledge | Posted by Zarni Kyaw

ဆေးဖက်ဝင်တယ်၊ ဆီးချို သွေးချိုကျတယ်ဆိုပြီး စားလေ့ရှိတဲ့ ကြက်ဟင်းခါးသီးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဆီးချို ရောဂါအတွက် အသုံးပြုခဲ့ကြတာပါ။ ကြော်ပဲစားစား၊ အသားနဲ့ပဲ နှပ်စားစား အရသာရှိတဲ့ ကြက်ဟင်းခါးသီးအဆီအနှစ် က ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရသိခဲ့ရပါတယ်။ ဒီလိုမျိုး ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး အကြောင်းကို လေ့လာကြည့်ရအောင်။

လေ့လာမှုရဲ့ ရလဒ်

အခုနောက်ဆုံးလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ သိလိုက်ရတာက ကြက်ဟင်းခါးသီးက ဆီးချိုရောဂါအတွက်တင် ဆေးဖက်ဝင်တာမဟုတ်ဘဲ ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

အာရှလူမျိုးတော်တော်များများ နှစ်သက်ခံတွင်းတွေ့တဲ့ ကြက်ဟင်းခါးသီးက အရသာ ခါးသက်သက်ရှိပေမယ့် ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးပါတယ်။ ကြက်ဟင်းခါးသီး အဆီအနှစ်က ကင်ဆာမဖြစ်အောင် ကာကွယ်ပေး နိုင်သလို ကင်ဆာကျိတ်တွေကြီးထွားမလာစေဖို့နဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို အထိရောက်ဆုံးဟန့်တားပေးနိုင်ပါသေး တယ်။ အခုလေ့လာတွေ့ရှိမှုက ကင်ဆာကာကွယ်ကုသမှုကို တော်တော်လေးအထောက်အကူပြုပေးနိုင်မှာပါ။

အခုလေ့လာမှုအတွင်း ကြက်ဟင်းခါးသီးက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာဆဲလ်တွေ အပေါ်မှာ သက်ရောက်မှုရှိလားဆိုတာကို လေ့လာခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာ လေ့လာမှုအရတွေ့ရှိခဲ့ရတာကတော့ ကြက်ဟင်းခါးသီးအဆီအနှစ်က ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို အထိရောက်ဆုံး ဟန့်တားပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ နောက်ထပ် တွေ့ရှိခဲ့တာ တစ်ချက်ကတော့ ကြက်ဟင်းခါးသီးအဆီအနှစ်က ခံတွင်းကင်ဆာ နဲ့ လျှာကင်ဆာကို အထိရောက်ဆုံးလျှော့ချပေးနိုင် တယ်ဆိုတာပါ။

ဒါကြောင့် ကင်ဆာကို ကာကွယ်ဖို့ဖြစ်ဖြစ်၊ ကုသမှုအတွက်ဖြစ်ဖြစ် ကြက်ဟင်းခါးသီးကို စားပေးလို့ရပါတယ်။ ဒါကြောင့် အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်း တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် ကြက်ဟင်းခါးသီးကို ဆေးဖြစ်ဝါးဖြစ်လေး စားပေးတာက ကျန်းမာရေးကို ကာကွယ်ပြီးသားဖြစ်မှာပါ။

ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

အရသာ ခါးသက်သက်ရှိတဲ့ ကြက်ဟင်းခါးသီးက

ဝိတ်ကျစေနိုင်တယ်

ကြက်ဟင်းခါးသီးက ၁၀၀ ဂရမ်မှာမှ ကယ်လ်လိုရီ ၁၇ ရာခိုင်နှုန်းပဲပါဝင်တာဖြစ်ပြီး နေ့တိုင်းစားရင်တောင် အဆီမတက်စေနိုင်ပါဘူး။ အစာခံတာကြောင့် ခဏခဏစားမိတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။ ကြက်ဟင်းခါးသီးကို တစ်လဆက်တိုက်စားပေးမယ်ဆိုရင် ခါးဆိုဒ် ၁.၃ စင်တီမီတာအထိကျနိုင်ပါတယ်၊ လို့ လေ့လာမှုတစ်ရပ်အရသိရပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်တယ်

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ free radicals ကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဟင်းခါးသီးအရည်က ပန်ကရိယကင်ဆာ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။

အရိုးဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးတယ်

ကြက်ဟင်းခါးသီးမှာ ဗီတာမင် K နဲ့ ဗီတာမင် C တို့ပါဝင်နေတာကြောင့် ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေပြီး အရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။ အရိုးသိပ်သည်းဆကို ကောင်းစေပြီး အရိုးပွတာ၊ အရိုးပါးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချို ကာကွယ်ပေးတယ်

ကြက်ဟင်းခါးသီးကြိတ်ရည်က သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေနိုင်တယ်။ ဒါကြောင့် ဆီးချိုကို ကုသဖို့အတွက်ရော ကာကွယ်ဖို့အတွက်ပါ ကြက်ဟင်းခါးသီးကို သုံးပေးလို့ရပါတယ်။

 

ကိုလက်စထရော ထိန်းညှိပေးတယ်

ကြက်ဟင်းခါးသီးရဲ့ အဆီအနှစ်က သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောပမာဏကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။

ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ ဆေးဖြစ်ဝါးဖြစ် ကြက်ဟင်းခါးသီးလေးကို စားပေးဖို့ တိုက်တွန်းပါရစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service