အိမ်သုံးဓာတုပစ္စည်းများ ရဲ့ လျှို့ဝှက်ချက် - Property Knowledge in Myanmar from iMyanmarHouse.com
331 Views

အိမ်သုံးဓာတုပစ္စည်းများ ရဲ့ လျှို့ဝှက်ချက်

Knowledge | Posted by Hnin Ei Khin

အိမ်သုံးဓာတုပစ္စည်းများ ဟာ သေချာမသုံးရင်၊ မသိမ်းရင် ပြဿနာဖြစ်တတ်ပါတယ်။ ဒီလိုမတော်တဆ ပြဿနာတွေကို ရှောင်နိုင်ဖို့ ဒီဆောင်းပါးကို လေ့လာကြည့်ပါ။ အောက်ပါဆောင်းပါးမှာတော့ အိမ်သုံးဓာတုပစ္စည်းတွေနဲ့ ပတ်သက်ပြီး သင်သတိထားရမယ့်အရာတွေကို ပြောပြပေးမှာဖြစ်ပါတယ်။

အိမ်သုံးဓာတုပစ္စည်းများ ရဲ့ လျှို့ဝှက်ချက်

အိမ်သုံးဓာတုပစ္စည်းများရဲ့ လျှို့ဝှက်ချက်တွေကတော့ အများကြီးပေါ့။ လိုရင်းပြောရရင်တော့ ဓာတုပစ္စည်း တော်တော်များများက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာပါ။

 

လတ်ဆတ်တဲ့ အသီးအနှံများကိုသာ ဝယ်စားပါ

အိမ်သုံးဓာတုပစ္စည်းတွေက သင်ဝယ်လိုက်တဲ့ အစားအစာများကနေ လာနိုင်ပါတယ်။ မြေသြဇာ၊ ပိုးသတ်ဆေး၊ ဟော်မုန်းတွေနဲ့ ထိတွေ့မှုလျှော့ချဖို့ လတ်ဆတ်တဲ အော်ဂဲနစ်အသီးအနှံတွေကို စားပါ။ ကျွန်ုပ်တို့ နေ့စဉ်သောက်နေကျ နို့ကိုလည်း ကြီးထွားဟော်မုန်းတွေပါမပါ စစ်ဆေးထားရပါမယ်။

ထုပ်ပိုးထားတဲ့ အစားအစာများမှာ မကြာခဏ BPA သို့မဟုတ် parabens ဓာတုပစ္စည်းတွေ ပါဝင်နေတတ်ပါ။ PCBsနဲ့ ပြဒါးကဲ့သို့ အန္တရာယ်ရှိ ဓာတုပစ္စည်းများနဲ့ မွေးမြူထားတဲ့ စီးပွားဖြစ် သို့မဟုတ် မွေးမြူရေးငါးတွေကို ရှောင်ပါ။ သမားရိုးကျ ဖမ်းမိတဲ့ငါး သို့မဟုတ် ဓာတ်ခွဲခန်းမှာ စမ်းသပ်ပြီးတဲ့ ငါးကို ရွေးချယ်ဖို့ အကြံပြုလိုပါတယ်။

ပလပ်စတစ် ရှောင်ကြဉ်ပါ

ပလတ်စတစ်မှာ ပါဝင်တဲ့ တချို့ဓာတုပစ္စည်းတွေက အစားအစာ သို့မဟုတ် အချိုရည်ထဲကို ပလတ်စတစ်ထဲကနေ စိမ့်ထွက်နိုင်ပါတယ်။ ဒါကြောင့် သင် အစားအစာဝယ်ဖို့ ဈေးဝယ်သွားတဲ့အခါ ပလတ်စတစ်ထက် ပြန်လည်အသုံးပြုနိုင်တဲ့ စက္ကူ သို့မဟုတ် ဖန်သားကို ရွေးချယ်ပါ။ သင့်သားသမီးကလေးငယ်များအတွက် အချိုရည် သို့မဟုတ် နို့ တွေသိမ်းဖို့လည်း ဖန်ပုလင်းကို ရွေးချယ်သင့်ပါတယ်။

သင်သုံးမယ့်ရေကို စစ်ပါ။

သင့်အိမ်မှာ အလိုလျောက် ရေသန့်စနစ်တွေမရှိဘူးဆိုရင် သင်သောက်မယ့်၊ ချိုးမယ့်ရေကို စစ်ပြီးသုံးတာ အကောင်းဆုံးပါ။

 

သင့်အိမ် ပိုလုံခြုံစေရန် အခြားအကြံပြုချက်များ

အိမ်ကညစ်ပတ်နေတဲ့ ဖုန်တွေ ကုန်စင်အောင် ရှင်းဖို့အတွက် high-efficiency particulate arrestance (HEPA) filter ပါတဲ့ ဖုန်စုပ်စက်ကို ရွေးချယ်အသုံးပြုပါ။

အစားအစာတင် မဟုတ်ဘဲ အခြား အိမ်သုံးပစ္စည်းတွေ ဥပမာ ကော်ဇော၊ သုတ်ဆေး၊ ကလေးပစ္စည်း၊ ပရိဘောဂနဲ့ အိပ်ရာတွေ ဝယ်တဲ့အခါမှာလည်း animal-friendly၊ sustainable၊ earth-friendly၊ certified organic နဲ့ GMO-free စတာတွေကပ်ထားတာမျိုး ရွေးချယ်သင့်ပါတယ်။။

သန့်ရှင်းရေးထုတ်ကုန် ဝယ်နေသည့်အခါ သဘာဝ ပါဝင်ပစ္စည်းများ ရှိတာကို ရွေးချယ်ပါ။ သတိရဖို့က 2-butoxyethanol (EGBE) and methoxydiglycol (DEGME) တွေ ရှောင်ပါ။ သူတို့က မျိုးပွားနှုန်း ကျစေပြီး သုက်ကောင်များကို သေလည်း သေစေပါတယ်။ဓာတုအစ္စည်းတွေနဲ့ တိုက်ရိုက်ထိတွေ့မှုမှ ရှောင်ရှားရန် ရော်ဘာလက်အိတ်၊ မျက်နှာဖုံး ဝတ်ဆင်ခြင်း၊ အသုံးပြုမယ့် နေရာကို လေဝင်လေထွက် ကောင်းအောင်ပြုလုပ်ခြင်းများ လိုက်နာပါ။ ယေဘုယျအားဖြင့် ပါဝင်ပစ္စည်းများ လေ့လာပါပြီး အညွှန်းအတိုင်း သေချာအသုံးပြုပါ။

တစ်ကိုယ်ရေ သန့်ရှင်းရေး ထုတ်ကုန်တွေ ဥပမာ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်, antiperspirants နဲ့ အလှကုန်တွေကို အော်ဂဲနစ်ပါဝင်ပစ္စည်းများရွေးချယ်တာ ပိုကောင်းပါတယ်။ အမွှေးနံ့မပါတဲ့ ထုတ်ကုန်ကို ရှာဖွေသုံးပါ။ အမွှေးနံ့ အတုတွေဟာ သင့်ရဲ့ အသားအရေနဲ့ ကျန်းမာရေးအပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....

Upcoming Property Events

From 25 Oct To 26 Oct

Magical World Apartment

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service