တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
668 Views

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

Knowledge | Posted by Zarni Kyaw

ပြစ်မှုနှင့် တရားမမှု အမှုအမျိုးအစား (၂)မျိုးရှိသည့်အနက် တရားမမှုများအား တရားရုံးမှ အဆုံးအဖြတ်ပြုသည့်အခါ တရားလို၏ အဆိုလွှာနှင့် တရားပြိုင်၏ ချေလွှာများအပေါ် အခြေခံ၍ ရုံးကောက်ချက် ငြင်းချက်များ ထုတ်ကာ တရားရုံးမှ အမိန့်ချမှတ်ခြင်းဖြစ်ပါသည်။

ရုံးကောက်ချက်တွင် ဥပဒေကောက်ချက် နှင့် အကြောင်းချင်းရာကောက်ချက်ဟူ၍ရှိပြီး အဆိုပါရုံးကောက် ချက်များမှာ အမှုတွင် အရေးပါလှပါသည်။တရားလို၊ တရားပြိုင်တို့မှလဲ အမှုတွင် သက်ဆိုင်ရာ စာရွက်စာတမ်းသက်သေခံအထောက်အထားများနှင့် မျက်မြင်သက်သေခံ အထောက်အထားများအား သတ်မှတ်ချိန်အတွင်း တင်ပြနိုင်ရပါမည်။ တရားရုံးမှ တရားလို၊ တရားပြိုင်အား စစ်ဆေးကာ သက်သေခံအထောက်အထားများ ရယူပြီးနောက် အမှုအား အမိန့်ဒီကရီတစ်ရပ် ချမှတ်ပေးမည်ဖြစ်ပါသည်။ တရားရုံးမှ ချမှတ်သော အမိန့်ဒီကရီအား တရားရှုံးမှ မကျေနပ်သည့်အခါ အယူခံမှုလဲ တက်ရောက်နိုင်ပါသည်။

တရားနိုင်ဘက်မှလဲ အမိန့်ဒီကရီတစ်ရပ်အား အတည်ပြုရန် အတွက် ဇာရီဖွင့်လှစ်ရမည်ဖြစ်ပါသည်။ ဒီကရီ အတည်ပြုခြင်းအား ကာလစည်းကမ်းသတ်-(၃)နှစ်အတွင်း တရား နိုင်မှ ဆောင်ရွက်ရပါမည်။

တရားရှုံးမှ အယူခံမှုမတက်ရောက်ဘဲ ငွေပေးဆပ်မည်ဆိုပါက တရားရုံးသို့ ပေးသွင်းခြင်းဖြင့်ဖြစ်စေ၊ တရားနိုင်အား ရုံးပြင်ပတွင် ပေးသွင်းခြင်းဖြင့်ဖြစ်စေ၊ တရားရုံးမှ ညွှန်ကြားချက်အတိုင်း အခြားတစ်နည်းနည်းဖြင့် ပေးဆပ်ခြင်းဖြင့်ဖြစ်စေ ငွေပေးအပ်ခြင်း ပြုနိုင်ပါသည်။

တရားနိုင်မှာလဲ ဒီကရီကို အတည်ပြုရန်အတွက် လျှောက်လွှာတွင် တရားမမှုအမှတ်၊ အမှုသည်အမည်၊ ဒီကရီချမှတ်သော နေ့ရက်၊ ဒီကရီကို အယူခံခြင်းရှိမရှိ၊ ဒီကရီချမှတ်ပြီးနောက် အမူသည်အချင်းချင်း ငွေပေးဆပ်ခဲ့ ခြင်းရှိမရှိ၊ ဒီကရီအတည်ပြုရန် ယခင်က လျှောက်ထားဖူးခြင်းရှိမရှိ၊ ဒီကရီချမှတ် ပေးဆပ်ရသော ငွေပမာဏ၊ အခြားသက်သာခွင့်များ ဇယားတွင် ဖော်ပြကာ တရားရုံးသို့ တင်ပြရမည်။

ထို့ပြင် တရားမကျင့်ထုံး - ၁၁(၂)အရ ဒီကရီချမှတ်သောပစ္စည်းအား လက်ရောက်ပေးအပ်ရန်၊ ဝရမ်းကပ်၍ ပစ္စည်းအား ရောင်းရန်၊ ဝရမ်းမကပ်ဘဲ ရောင်းရန်၊ ပစ္စည်းထိန်းခန့်ရန် တရားရှုံးအား ဖမ်းဆီးအကျဉ်းချပေးရန် သီးခြားတင်ပြမှုလဲ တရားနိုင်မှ ပြုနိုင်ပါသေးသည်။

တရားရှုံးပိုင် ပစ္စည်းများအား ဝရမ်းကပ်ရမည်ပါက မရွှေ့မပြောင်းနိုင်သော ပစ္စည်းများရှိနိုင်သလို၊ ရွှေ့ ပြောင်းနိုင်သောပစ္စည်းများအား ဝရမ်းကပ်ရသည်လဲရှိပါသည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား ဝရမ်းကပ်လိုသည့်အခါ မြေကွက်တည်ရှိရာ အရပ်ဒေသ လိပ်စာအား တိကျစေရန်အတွက် တရားနိုင်မှ မြေပုံ/မြေရာဇဝင်ပါ တင်ပြပေးရပါမည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်းဖြစ်လျှင် လက်ရောက်သိမ်းယူခြင်းဖြင့် ဝရမ်းကပ်နိုင်ပါသည်။

တရားလို၊ တရားပြိုင် အပြန်အလှန် တရားစွဲဆိုထားခြင်းများရှိပါက ဒီကရီအပေါ် ခုနှိမ်ကာ ငွေပေးချေ ခြင်းများ ပြုနိုင်ပါသည်။ ထိုအခါဇာရီမှုအား တဖက်အမှုမှ ဒီကရီမချမီအတွင်း ဆိုင်ငံ့ထားခြင်းများလဲရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ‌ ရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service