သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ - Property Knowledge in Myanmar from iMyanmarHouse.com
518 Views

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ

Knowledge | Posted by Aye Myat Thu

သဘာဝ အုန်းစိမ်းရည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်ပြီး ကြွက်သားနဲ့ အာရုံကြော လုပ်ဆောင်မှုကို ကူညီထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အရည်တွေကိုလည်း ဟန်ချက်ညီအောင် ကူညီပေးပါတယ်။

အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းကဲ့သို့သော ခန္ဓာကိုယ်အတွင်း ရေပမာဏ ရုတ်ချည်းပြောင်းလဲသွားတဲ့အခါမှာ Electrolyte (အလက်ထရိုလိုက်) မညီမျှမှု ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် သဘာဝ အုန်းစိမ်းရည်ကို ဝမ်းလျှောခြင်း သို့မဟုတ် အော့အန်ခြင်း ဖြစ်ပွားပြီးနောက် ခန္ဓာကိုယ်တွင် အရည်များ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် သောက်သုံးပေးသင့်ပါတယ်။

ကာယလေ့ကျင့်ခန်းလုပ်ပြီးရင်လည်း ကြွက်သားတွေကို ရေဓာတ် အာဟာရ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးဖျော်ရည်တစ်မျိုးကလည်း အုန်းစိမ်းရည်ပဲ ဖြစ်ပါတယ်။

သဘာဝ အုန်းစိမ်းရည်မှာ အလက်ထရိုလိုက် ပါဝင်မှု မြင့်မားသလို ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်တို့လို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

ဒါကြောင့် သဘာ၀အုန်းစိမ်းရည်ဟာ ရေဓာတ်ကို အပြည့်အ၀ ဖြည့်တင်းပေးနိုင်သလို သဘာဝ အုန်းစိမ်းရည်တစ်ခွက်မှာ ပိုတက်စီယမ် ၄၀၀ မီလီဂရမ် ပါဝင်တာကြောင့် သွေးဖိအားကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ သဘာဝ အုန်းစိမ်းရည်မှာပါတဲ့ Antioxidants တွေက ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေပျက်စီးမှုကို ကာကွယ်ရန် ကူညီပေးပါတယ်။

သဘာဝ အုန်းစိမ်းရည်မှ ရေဓာတ်ဟာ ပိုလျှံနေတဲ့ သတ္တုဓာတ်တွေကို စုရုံးပြီး ကျောက်တည်ခြင်း မဖြစ်အောင် ၎င်းဓာတ်တွေကို ဆီးထဲပါသွားစေရန် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျောက်တည်ခြင်းကို အဟန့်အတားဖြစ်စေပါတယ်။

သဘာဝ အုန်းစိမ်းရည်မှာ ပါတဲ့ ဖော့စဖိတ်နဲ့ ကယ်လ်စီယမ် ပေါင်းစပ်မှုဟာ အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။ သဘာဝ အုန်းစိမ်းရည်မှာ ပါတဲ့ မဂ္ဂနီဆီယမ်က သွေးတွင်းဂလူးကို့စ် (သကြား) ကို ကူထိန်းပေးနိုင်ပါတယ်။

သဘာဝ အုန်းစိမ်းရည်တခွက်တွင် ---🥥🥥

👉 44 ကယ်လိုရီ

👉 အဆီ မပါပါ

👉 ဆိုဒီယမ် 64 mg

👉 ကာဘွန်ဟိုက်ဒရိတ် 10.4 g

👉 ဖိုင်ဘာ 0 g

👉 သကြား 9.6 g

👉 ပရိုတင်း 0.5 g

👉 ဗီတာမင်စီ 24.3 mg

👉 ပိုတက်ဆီယမ် 404 mg တို့ပါဝင်ပါတယ်။

ပိုတက်စီယမ် 404 mg ပါဝင်ခြင်းကြောင့် ကျောက်ကပ်မကောင်းရင် သဘာဝ အုန်းစိမ်းရည် မသောက်သင့်ပါ။ ကျောက်ကပ်မကောင်းတဲ့အခါ ပိုလျှံနေတဲ့ သတ္တုဓာတ်တွေကို ဖယ်ရှားပေးပြီး ဆီးထဲကို မပို့ပေးနိုင်သဖြင့် သဘာဝ အုန်းစိမ်းရည်တွင် ပါဝင်မှု မြင့်မားတဲ့ ပိုတက်စီယမ်ကို ကျောက်ကပ်က ဖယ်ရှားစွန့်ပစ်ပေးနိုင်မည် မဟုတ်ပါ။ ဒီလိုနဲ့ အသက်ကို အန္တရာယ်ပြုနိုင်တဲ့ သွေးထဲ ပိုတက်ဆီယမ် အလွန်အမင်းများခြင်း Hyperkalemia ဖြစ်ပွားစေတတ်ပါတယ်။

အူလမ်းကြောင်း မူမမှန်ခြင်း Irritable Bowel Syndrome (IBS) ဖြစ်ပွားသူသည် သဘာဝ အုန်းစိမ်းရည် မသောက်သင့်ပါ။ အစာခြေခြင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို ပိုမိုဆိုးရွားစေနိုင်တဲ့ ကာဘိုဟိုက်ဒရိတ်တမျိုး သဘာဝအုန်းစိမ်းရည်တွင် ပါဝင်တာကြောင့် ရှောင်သင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: myyangon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service