ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ - Property Knowledge in Myanmar from iMyanmarHouse.com
847 Views

ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ

Knowledge | Posted by Shwe Zin Win

ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း (၁၉၅) နိုင်ငံရှိပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံက ဘာသာမတူ ယဉ်ကျေးမှုမတူတဲ့ အပြင် ဖွဲ့စည်းတည်ဆောက်ပုံနဲ့ နေထိုင်မှုတွေကလည်း ကွဲပြားပါတယ်။ နောက်ပြီး နိုင်ငံတိုင်းမှာ သဘာဝကပေးထားတဲ့ အထင်ကရနေရာတွေရှိသလို လူတွေဖန်တီးထားတဲ့ နာမည်ကြီးအဆောက်အအုံ၊ နေရာတွေလည်းရှိပါတယ်။

ထူးခြားပြီး မတူကွဲပြားတဲ့ နိုင်ငံတွေကို ကမ္ဘာလှည့် ခရီးသည်တွေက လာရောက်လည်ပတ်ကြပါတယ်။ ကမ္ဘာမြေကြီးရဲ့ ဖြစ်တည်မှုပေါ်မူတည်ပြီး နေရောင်ခြည်ကို အလှည့်ကျ ခံစားကြရပေမယ့် ကမ္ဘာပေါ်မှာ နေလုံးဝ မဝင်တဲ့ နိုင်ငံတွေ ရှိနေတယ်ဆိုရင်ရော ယုံနိုင်မလား?

တကယ်လို့ ကမ္ဘာပတ်ခရီးသွားမယ်ဆိုရင် မဖြစ်မနေရောက်အောင်သွားသင့်တဲ့ နေမဝင်တဲ့နိုင်ငံ (၆) နိုင်ငံ ရှိပါတယ်။ အဲ့တာတွေကတော့ ...

[ Norway ]

အာတိတ်စက်ဝိုင်းမှာ တည်ရှိနေတဲ့ Norway ကို “ Midnight Sun's Land” လို့ ခေါ်ဆိုကြပါတယ်။ မေလကနေ ဇူလိုင်လနှောင်းပိုင်းအထိ စုစုပေါင်း (၇၆) ရက်နေမဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နေ့ည မှားလောက်အောင် တစ်နေ့ကို နာရီ (၂၀) လောက် နေရောင်ခြည်လွှမ်းခြုံနေပါတယ်။ Svalbardနဲ့ Norway မှာ ဧပြီလ (၁၀) ရက်နေ့ကနေ သြဂုတ်လ (၂၃) ရက်အထိ နေမဝင်တာကြောင့် ညမရှိဘူးလို့တောင် ထင်ရပါတယ်။ တကယ်လို့ Norway ကို သွားလည်ပတ်မယ်ဆိုရင် မကုန်ဆုံးတဲ့နေ့ရက်တွေကို ရရှိမှာဖြစ်ပါတယ်။

[ Iceland ]

သဘာဝအလျောက်ကို လှနေတဲ့နိုင်ငံဖြစ်ပြီး Iceland က Great Britainပြီးရင် ဥရောပမှာ အကြီးဆုံးကျွန်တစ်ကျွန်းဖြစ်ပါတယ်။ Iceland က မေလ (၁၀) ရက်ကနေ ဇူလိုင်လအထိ နေရောင်ခြည်ကိုရရှိသည်။ ရင်သပ်ရှုမောဖွယ်ကောင်တဲ့ Iceland ကျွန်းမှာ တောင်တက်ခြင်း၊ တောရိုင်းတိရစ္ဆာန်တွေကိုလေ့လာစောင့်ကြည့်ခြင်း၊ ဝေလငါးကြည့်ခြင်း၊ စက်ဘီးစီးခြင်း၊ အမျိုးသားဥယျာဉ်တွေကို လည်ပတ်ခြင်း စတဲ့ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေလည်း ရှိနေပါသေးတယ်။

 [Canada ]

ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ Canada ရဲ့ မြို့တွေက တစ်နှစ်လုံးနီးပါး စီးနှင်းတွေနဲ့ ဖုံးနေတတ်ပေမယ့် Inuvik နဲ့ အနောက်မြောက်နယ်မြေတွေကတော့ နွေရာသီမှာ ရက်ပေါင်း (၅၀) လောက်နေရောင်အောက်မှာ ရှိနေပါတယ်။ Aurora ကြည့်ရှုခြင်း၊ တောင်တန်းများ၊ ရေပူစမ်းများ၊ ကမ္ဘာ့ဒုတိယအကြီးဆုံးလမ်းများနဲ့ သမိုင်းဝင်အထိမ်းအမှတ်အဆောက်အအုံတွေ လည်ပတ်ခြင်း စတဲ့ အရာတွေကို Canada ရောက်ရင် မဖြစ်မနေကို လုပ်ကြည့်သင့်ပါတယ်။

[ Alaska ]

မေလနှောင်းပိုင်းကနေ ဇူလိုင်လနှောင်းပိုင်းအထိ နေရောင်အောက်မှာနေကြရတဲ့ Alaska နိုင်ငံက လှပပြီးရင်သပ်ရှုမောဖွယ်ကောင်းလွန်းပါတယ်။ Alaska ရဲ့ ထူးခြားချက်က ရေခဲမြစ်နဲ့ နှင်းဖုံးနေတဲ့ တောင်တွေကြောင့် လူသိများပါတယ်။ Alaska မှာ တောင်တက်ခြင်း သို့မဟုတ် sightseeing သွားနိုင်ပါတယ်။

[ Sweden ]

Sweden ကတော့ မေလအစောပိုင်းနဲ့ ဩဂုတ်လ နှောင်းပိုင်းတွေမှာ ညသန်းကောင်ယံပိုင်းလောက် နေဝင်ပြီး မနက် ၄နာရီခွဲလောက်မှာ နေပြန်ထွက်လာပါတယ်။ နေ့တာရှည်နေမှာဖြစ်လို့ အေးဆေးဖြတ်သန်းနိုင်ပြီး ငါးဖမ်းခြင်း၊ ဂေါက်ရိုက်ခြင်း၊ စကိတ်စီးခြင်း၊ northern lightsကြည့်ရှူခြင်းနဲ့  အမျိုးသားဥယျာဉ်တွေကို လည်ပတ်ခြင်း စတာတွေလုပ်ဆောင်လို့ အကောင်းဆုံးဖြစ်ပါတယ်။

 

[ Finland ]

ရေကန်တွေနဲ့ ကျွန်းတွေရှိတဲ့ Finland ရဲ့ ဒေသအများစုက နွေရာသီမှာ နေကို (၇၃) ရက်ကြာ မြင်တွေ့ရပါတယ်။ အေးချမ်းလွန်းတဲ့ Finland မှာက ဘယ်နေရာကြည့်ကြည့် စီးနှင်းတွေနဲ့ ဖုံးလွှမ်းနေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Finland ကို မဖြစ်မနေသွားရောက်လည်ပတ်သင့်ပါတယ်။

အကယ်၍ သင်ကခရီးသွားရတာ ဝါသနာပါတဲ့သူတစ်ယောက်ဆိုရင် ဘယ်နိုင်ငံတွေကို သွားဖို့ စိတ်ကူးထားလဲ?

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: myyangon

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service