Knowledge | Posted by Zarni Kyaw
တရားမမှု၊ အယူခံမှု၊ လျှောက်ထားမှုများဖြင့် တရားစွဲဆိုမှုပြုရာတွင် ကာလစည်းကမ်းသတ်ဥပဒေပါ အ တိုင်း တရားစွဲဆိုရမည့်အချိန် ကာလအား လိုက်နာဆောင်ရွက်ရန် လိုပါသည်။ တရားလိုဆိုသည်မှာ တရား စွဲဆိုနိုင်သည့် အခွင့်အရေးရှိသူကို ဆိုလိုပြီး ထိုထဲတွင် တရားလို၏ အခွင့်ရကိုယ်စားလှယ်များ၊ တရားဝင် အခွင့်အရေး ဆက်ခံသူများလဲ ပါဝင်ပါသည်။ တရားပြိုင်ဆိုသည်မှာ အခြားသူတစ်ဦးဦးအား နစ်နာစေခြင်း တစ်ရပ်ရပ်ကြောင့် တရားစွဲဆိုခြင်းခံရသူတစ်ဦးဦး (သို့) တစ်ဦးထက်ပိုသူများကို ခေါ်ပါသည်။
တရားမမှုများမှာ ကာလစည်းကမ်းသတ်ဥပဒေပုဒ်မ - ၃ အရ ကာလစည်းကမ်းသတ်များအတိုင်း တရားစွဲဆိုရမည်ဖြစ်ပြီး ကာလစည်းကမ်းသတ် ကုန်ဆုံးပြီးသော အမှုများကို တရားရုံးမှ ပလပ်မည်ဖြစ်ပါသည်။ ကာလစည်းကမ်းသတ်မှာ ရုံးပိတ်ရက်အတွင်းကျရောက်ပါက ရုံးဖွင့်သည့်နေ့ရက်တွင် အမှုတင်ခြင်းလဲပြုနိုင်ပါသည်။ ပုဒ်မ - ၂၃ အရလဲ ပဋိဉာဉ်အား ဖောက်ဖျက်သည့်အခါ ပဋိဉာဉ်အား မလိုက်နာဘဲ ဆက်လက်ကျူးလွန် သည့်ကာလ၊ ဖောက်ဖျက်သည့်နေ့ရက်မှစ၍ ကာလစည်းကမ်းသတ်ရေတွက်ရမည်ဖြစ်ပါသည်။
တရားမမှု အမျိုးအစားပေါ်မူတည်၍ ကာလစည်းကမ်းသတ်အမျိုးမျိုးရှိရာ သီးခြားသက်သာခွင့် အက် ဥပဒေပုဒ်မ-၉ အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား လက်ရောက်ပြန်ရလိုခြင်းဖြစ်လျှင် လက်လွတ်ခြင်းစသည် မှစ၍ (၆)လအတွင်း၊ ဦးစွာဝယ်ယူပိုင်ခွင့်အလျှောက် စွဲဆိုသောအမှုများတွင်လဲ ကာလစည်းကမ်းသတ် (၁)နှစ်အ တွင်း၊ ငှားရမ်းခများ၊ ကုန်စည်ရောင်းချခြင်းပြုရာတွင် ကျန်ငွေများရလိုမှု၊ ယုံကြည်အပ်နှံထားရှိသော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ ရလိုမှု ၊ ချေးငွေပေးဆပ်စေလိုမှု၊ အရစ်ကျကတိစာချုပ်အရ ငွေပေးဆပ်လိုမှု ရက်ချိန်း စေ့သည့်နေ့မှ ကာလစည်းကမ်းသတ်- (၃)နှစ်အတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။
ထို့ပြင် နှုတ်ဖြင့်အသရေပျက်စေသည်ကို လျော်ကြေးငွေရလိုမှု (၁)နှစ်အတွင်း၊ နစ်နာမှုဖြစ်စေခြင်းအ တွက် လျော်ကြေးရလိုမှု (၁)နှစ်အတွင်း၊ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ကျော်နင်းခြင်းကြောင့် လျော်ကြေးငွေရလိုမှု-(၃)နှစ်အတွင်း၊ ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင် ပျက်စီးခြင်းကြောင့် လျော်ကြေးရလိုမှု- (၁)နှစ် အတွင်း တရားမမှု ဖွင့်လှစ်တရားစွဲဆိုမှ ကာလစည်းကမ်းသတ်အတွင်း ကျရောက်မည်ဖြစ်ပါသည်။
စာချုပ်ပယ်ဖျက်ပေးစေလိုမှု -(၃)နှစ်အတွင်း၊ ပဋိညာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှု- (၃)နှစ်အတွင်း ၊ ပဋိညာဉ်ဖျက်သိမ်းစေလိုမှု- (၃)နှစ်အတွင်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းအတွက်လက်ရောက်ရလိုမှု -(၁၂နှစ်)၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းတွင် လျော်ကြေးငွေရလိုမှု- (၃)နှစ်အတွင်း၊ ကုန်ဖိုးကျန်ငွေရလိုမှု-(၃)နှစ်အတွင်း၊ ကတိအတိုင်း ဆောင်ရွက်ပေးစေလိုမှု- (၃)နှစ်အတွင်း စသဖြင့် ကာလစည်းကမ်းသတ်ဥပဒေမှ သတ်မှတ်သည့်အ တိုင်း တရားစွဲဆိုရန်လိုပါသည်။
ထို့ပြင် ပစ္စည်းရလိုမှုစွဲဆိုသော အမှုများတွင် ကာလစည်းကမ်းသတ် ဥပဒေပါ သတ်မှတ်ရက်ကုန်ဆုံး ပါတရားလိုမှ လက်ရောက်ရလိုကြောင်း တရားစွဲဆိုရန် အခွင့်အရေးမရှိတော့သလို ပစ္စည်းပိုင်ဆိုင်ခွင့်လဲ ပြတ်စဲ ကုန်ဆုံးမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com