မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဩရသအမွေဆက်ခံခွင့်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
546 Views

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဩရသအမွေဆက်ခံခွင့်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

Knowledge | Posted by Aye Myat Thu

မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံခွင့်ရှိသော သားသမီး (၆)မျိုးရှိပြီး ၎င်းတို့မှာ ဩရသ၊ တိတ္ထီမ၊ အပတိဌ၊ ပုဗ္ဗက၊ ဟေဌိမ၊ ခေတ္တဇဟူ၍ ဖြစ်ပါသည်။ ဩရသဆိုသည်မှာ တရားဝင်သားရင်းသမီးရင်း ရင် ဝယ်ဖြစ်သော သားကို ဆိုလိုပါသည်။

ဩရသ အခွင့်အရေးရရန်မှာလဲ သားဖြစ်လျှင် အဖမကွယ်လွန်ခင် (၁၈)နှစ် ပြည့်ပြီးသူ သမီးဖြစ်လျှင်လဲ မိခင်မကွယ်လွန်မီ (၁၈)နှစ်ပြည့်ရမည်။ အမိအဖ၏ လုပ်ငန်းများလဲ ကူညီဆောင်ရွက်နိုင်သူဖြစ်ရမည် ရူးသွပ်သူ စိတ်ပေါ့သွပ်သူ မဖြစ်ရ။ မိဘနှစ်ပါးမှ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ တရားဝင်ပေါင်းဖက်၍ ရရှိသော သားသမီး မှသာ ဩရသသား/သမီးဟု သတ်မှတ်နိုင်ပါသည်။ အရွယ်မရောက်ခင် ဩရသ သား/သမီးကွယ်လွန်သည့်အခါ ဒုတိယသားသမီးမှာ ဩရသအဖြစ် အမွေဆက်ခံနိုင်ပါသည်။

ဩရသသည် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသော အချိန်တွင် ၎င်းအမွေပစ္စည်းအား တောင်းခံနိုင် သလို မိဘသေဆုံးပြီး ဩရသအခွင့်အရေးကို ကာလစည်းကမ်းသတ် (၁၂)နှစ်အတွင်း တောင်းဆိုနိုင်သည်။ ဩရသအခွင့်အရေးအရ အမွေရရှိပြီးဖြစ်သော သား/သမီးသည် ကျန်ရစ်သူ မိဘသေဆုံးပြီး နောက်ပိုင်း မောင်နှမများ အမွေခွဲဝေသည့်အခါ ထပ်မံတောင်းဆိုနိုင်ခြင်း မပြုနိုင်ပါ။

အမွေဆက်ခံခွင့်ရှိသော ဩရသ လင်ယောကျ်ားဖြစ်သူမှ သေဆုံးပါကလဲ ၎င်း၏အခွင့်အရေးအား မိန်းမ ဖြစ်သူမှ တောင်းဆိုခွင့်ရှိသည်။ အမွေခွဲဝေခြင်းမပြုရသေးဘဲ ဩရသသေဆုံးလျှင် ၎င်းနှင့်သက်ဆိုင်သည့် ကျန်ရှိ အမွေဆက်ခံခွင့်ရှိသူများမှ အမွေဝေစုကို ဆက်ခံခွင့်ရှိခြင်းဖြစ်ပါသည်။ (မောင်စိတ်နှင့် မောင်ငြိမ်း (2 U.B.R (1897 -1901) P-146)(၂၀၀၇ခုနှစ် စီရင်းထုံး ဒေါ်စန်းလွင်နှင့် ဒေါ်သန်း(ခ)ဒေါ်သန်းသန်း(၂၀၀၇၊မတစ၊စာ-၂၉)

ဩရသမှာ ၎င်းဝေစုအား မတောင်းခံခင်သေဆုံးလျှင် ၎င်းသားသမီးမှ အဆိုပါဩရသ အခွင့်အရေးအား တောင်းခံပိုင်ခွင့်ရှိပါသည်။ (မအေးမြနှင့် ဦးဖေထေး-၃ ရန်ကုန် ၂၈၁)၊ မိရင်းဖရင်း မဟုတ်သော မိထွေးပထွေး အပေါ်တွင်မှု ဩရသမှ ဩရသအခွင့်အရေး တောင်းခံပိုင်ခွင့် မရှိကြောင်း မောင်သိန်းမောင်နှင့် မကြွယ် (၁၃၊ရန် ကုန်-၄၁၂)တွင် တွေ့ရှိနိုင်သည်။ဩရသသည် မိဘများနှင့် အတူနေထိုင်ရန် အချက်မလိုပေ။(မအေးရင်နှင့် မမိမိ)

မိဘဩဇာကို မနာခံသော သားသမီးသည် သွာနုတ္တသားသမီးဟု ခေါ်ထိုက်သောကြောင့် သားသမီး တစ်ဦးဦးမှာ ကျင့်ဝတ်ပျက်ပြားပါက အမွေမဆက်ခံနိုင်ပါ။ (မမြမေနှင့် မောင်ဘဒွန်း အမှု ဦးဖိုးဦးနှင့် မောင်အေးမောင် အမှု၊ မတင်ရွှေနှင့် မောင်ကံကြီး အမှု)။ ထို့ကြောင့် ဩရသသားသမီးဖြစ်သော်လည်း မိဘများ ပြောဆိုဆုံးမ မရသော သားသမီးမှာ ဩရသအမွေဆက်ခံခွင့် အခွင့်အရေးလဲ ဆုံးရှုံးမည်ဖြစ်ကြောင်း ဥပဒေဗဟု သုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service