စိုက်ပျိုးမြေအမျိုးအစားများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
407 Views

စိုက်ပျိုးမြေအမျိုးအစားများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Hnin Ei Khin

စိုက်ပျိုးမြေအမျိုးအစားများအား ၂၀၁၂ ခုနှစ်တွင် ထွက်ရှိသော လယ်ယာမြေဥပဒေအရ လည်းကောင်း၊ မြေလွတ်၊မြေလပ်၊မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ လည်းကောင်း အမျိုးအစားခွဲခြား သတ်မှတ်နိုင်ပါသည်။လယ်ယာမြေတွင် စိုက်ပျိုးအသုံးပြုသူများသည် နှစ်စဉ်သတ်မှတ်မြေခွန်အားလဲ ထမ်းဆောင်ရန်လိုပါသည်။

လယ်ယာမြေအမျိုးအစားတွင် စပါး၊ပဲ၊ပြောင်း၊နှမ်း စိုက်ပျိုးကြပြီး ဆည်ရေသောက်လယ်နှင့် ရွာမြေ(မိုးရေသောက်လယ်)များအားလဲ ထပ်မံခွဲခြား သတ်မှတ်ထားပါသည်။ ယာမြေတွင်တော့ ပြောင်း၊ နှမ်း၊ ဝါ၊ ပဲများ အဓိက စိုက်ပျိုးပြီး ဥယျာဉ်ခြံမြေမှာ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ကော်ဖီ၊ လက်ဖက်စသည်စိုက်ပျိုးပြီး ခြံစိုက်ပျိုးမြေဖြစ်ပါသည်။

လယ်ယာမြေအမျိုးအစားများအား လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ပါသည်။ ကိုင်းကျွန်းမြေ၊ မြေနုကျွန်းမြေများအားလဲ စိုက်ပျိုးမြေများအဖြစ် အစိုးရမှ ခွင့်ပြုသည့်အခါ သီးနှံများစိုက်ပျိုးနိုင်ပါသည်။ တောင်ယာမြေ အမျိုးအစားများအား တောင်ပေါ်အရပ်ဒေသ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်များတွင်အများဆုံးတွေ့ရှိတတ်ပြီး ဒေသခံများမှ ခွင့်ပြုချက်လျှောက်ထားရရှိလျှင် စိုက်ပျိုးနိုင်ပါသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအားလဲ စိုက်ပျိုးမြေ၊ မွေးမြူရေး၊ ကျေးရွာဘုံမြေအဖြစ် အသုံးပြုနိုင်ရန် သက်ဆိုင်ရာမြို့နယ်အလိုက် မြေလွတ်၊ မြေလပ်၊မြေရိုင်း စီမံခန့်ခွဲရေးကော်မတီထံတွင် လျှောက်ထားခြင်းပြုနိုင်သည်။ မြေလွတ်၊ မြေလပ်မြေရိုင်းမှာ ယခင်စိုက်ပျိုးလုပ်ကိုင်နေခြင်း မရှိသောမြေကို ဆိုလိုပါသည်။ စိုက်ပျိုးမြေမရှိသော မိသားစုမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ရန် လျှောက်ထားခြင်းလဲပြုနိုင်ပါသည်။

ခွင့်ပြုသတ်မှတ်ထားသည့် မြေအမျိုးအစားများအတိုင်း သီးနှံများ စိုက်ပျိုးရမည်ဖြစ်ကာ သီးနှံအားပြောင်းလဲစိုက်ပျိုးမှုပြုလိုသည့်အခါ၊ လယ်ယာမြေအား အခြားနည်းပြောင်းလဲကာ အသုံးပြုခွင့်ရရှိလိုသည့်အခါ သက်ဆိုင်ရာမှခွင့်ပြုချက် လျှောက်ထားရမည် ဖြစ်ပါသည်။ လယ်ယာမြေကို (၃)နှစ် ဆက်တိုက် စိုက်ပျိုးခြင်းမပြုပါက မြေအသုံးပြုခွင့်အား ပြန်လည်ရုတ်သိမ်းခြင်းလဲ ဆောင်ရွက်နိုင်ပါသည်။ စားနပ်ရိက္ခာများ ထုတ်လုပ်ရာတွင် စိုက်ပျိုးမြေများ၏ မြေဆီလွှာကောင်းမွန်မှုမှာ အခြေခံကျသလို မြေယာဥပဒေများနှင့်အညီသတ်မှတ် သီးနှံများအတိုင်း စိုက်ပျိုးရန် လိုအပ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service