ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ - Property Knowledge in Myanmar from iMyanmarHouse.com
429 Views

ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ

Knowledge | Posted by Aye Myat Thu

ခုခေတ်ခါမှာ အစားအစာတွေ ကြာရှည်ခံအောင်နဲ့ လတ်ဆတ်နေစေဖို့ ‌ရေခဲသေတ္တာအသုံးပြုပြီး သိုလှောင်ထားတတ်ကြပါတယ်။ ဒါပေမဲ့ တချို့အစားအစာတွေမှာတော့ အအေးခံသိမ်းဆည်းစရာမလိုဘဲ သူ့သဘာဝအပူချိန်မှာပဲ ထားသိုသင့်တဲ့အရာတွေလည်း ရှိနေတာပါ။ ဒါကိုမသိဘဲ ကြာကြာအထားခံအောင် ဆိုပြီး ပုံမှန်အတိုင်း ရေခဲသေတ္တာထဲ ထည့်လိုက်တဲ့အခါ ဒီအစားအစာတွေရဲ့ သဘာဝဓာတ်တွေ ပျက်စီးနိုင်ပြီး စားမိတဲ့အခါ ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။

ဒါ့ကြောင့် ဘယ်လိုအစားအသောက်တွေက ရေခဲသေတ္တာထဲ အေးခဲထားစရာမလိုဘဲ အခန်းအပူချိန်အတိုင်း ထားနိုင်လဲဆိုတာနဲ့ အေးခဲထားမိရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲဆိုတာ အားလုံး သတိပြုရအောင် မျှဝေလိုက်တာမို့ အဆုံးထိ ဖတ်ကြည့်လိုက်ပါ။

[ကော်ဖီ]

လူအများစု နှစ်ခြိုက်စွာ အမြဲသောက်တတ်ကြတဲ့ ကော်ဖီကို သတိမထားမိဘဲ ရေခဲသေတ္တာထဲ အလွယ် ထည့်သိမ်းမိဖူးမှာပါ။ အဲ့ကနေ ရေခဲသေတ္တာထဲရှိနေတဲ့ တခြားအစားအစာတွေရဲ့ အနံ့၊ အရသာတွေကို ကော်ဖီက စုပ်ယူတာမို့ သူ့သဘာဝ အနံ့၊အရသာပျောက်ပြီး ပျက်စီးနိုင်ပါတယ်။ ကော်ဖီကို အစေ့၊ အရည်ဖြစ်ဖြစ် ဘယ်လိုပုံသဏ္ဌာန်မှာမဆို ရေခဲသေတ္တာထဲ မထည့်သင့်ပါဘူး။ ကော်ဖီစေ့ကို လေလုံပြီး ခြောက်သွေ့အေးမြတဲ့နေရာမှာ ထားသိုပြီး ကော်ဖီကို ဖျော်ပြီးရင် သိမ်းမထားဘဲ တခါတည်းသောက်ဖို့ အကြံပြုပါရစေ။

[ပေါင်မုန့်]

လတ်လတ်ဆတ်ဆတ် ဖုတ်ပြီးသား ပေါင်မုန့်တွေကို သိမ်းဆည်းမယ်ဆို အပူဓာတ်၊ အစိုဓာတ်နဲ့ လေ မထိအောင် စက္ကူ သို့ ပလတ်စတစ် အိတ်သန့်သန့်တစ်ခုနဲ့ပဲ အေးမြခြောက်သွေ့တဲ့နေရာမှာ ထားသင့်တာပါ။ ရေခဲသေတ္တာထဲ ထည့်သိမ်းလည်း ရတယ်ဆိုပေမဲ့ အထဲမှာရှိတဲ့ အအေးဓာတ်ကြောင့် ပေါင်မုန့်ရဲ့ အစိုဓာတ်ကို ဆုံးရှုံးစေပြီး အရသာပေါ့လျော့သွားစေနိုင်လို့ပါပဲ။

[ကြက်သွန်ဖြူ/နီ]

ဟင်းချက်ခါနီး ကြက်သွန်ဖြူတွေကို ရေခဲသေတ္တာတွေ ထည့်သိမ်းမိပြီးမှ ရှာတွေ့ပြီဆို အများစုက ဖြူဖြူသန့်သန့်လေးတွေ မဖြစ်တော့ဘဲ ညိုပြီး မလတ်ဆတ်တော့တာ ကြုံဖူးကြမှာပါ။ ကြက်သွန်နီတွေလည်း ရေခဲသေတ္တာထဲ သိမ်းမိရင် အထဲမှာ ရေဓာတ်များလာပြီး မသိလိုက်ခင်မှာပဲ မှိုတက်ပြီး အတက်တွေ ထွက်နေလောက်ပါပြီ။ ဒါကြောင့် ကြက်သွန်ဖြူတွေရော၊ အနီတွေ‌ရောကို အေးမြခြောက်သွေ့တဲ့ နေရာမှာပဲထားရင် ဟင်းချက်ဖို့ အသုံးပြုခါနီးတိုင်းမှာ လတ်လတ်ဆတ်ဆတ်ဖြစ်နေမှာပါ။

[ဂျင်း]

ဂျင်းကလည်း ပုံမှန်အားဖြင့် စိုစွတ်ပြီးအေးမြတဲ့ ရေခဲသေတ္တာလိုနေရာမျိုးမှာ ကြာရှည်လတ်ဆတ်နိုင်စွမ်းမရှိပါဘူး။ မှိုတက်နိုင်ခြေလည်း များပြီး ဘတ်တီးရီးယားပေါက်ဖွားမှုလည်း များတာကြောင့် သူ့သဘာဝအရသာနဲ့ လတ်ဆတ်မှုအတွက် မီးဖိုချောင်ရဲ့ သန့်ရှင်းခြောက်သွေ့တဲ့ နေရာမျိုးမှာပဲ သိမ်းဆည်းသင့်တာပါ။

[ပဲငံပြာရည်]

ပဲငံပြာရည်က ရေခဲသေတ္တာထဲ ထည့်ရင်လည်း အဆင်ပြေနိုင်တယ်ဆိုပေမဲ့ အရသာပြောင်းလဲနိုင်ပြီး ကြာရှည်မခံပါဘူး။ ဆားပါဝင်မှုများတဲ့ ပဲငံပြာရည်ဟာ ပုံမှန်အခန်းအပူချိန်မှာဆို ၆လအထိ အထားခံနိုင်ပြီး ငံပြာရည် အမျိုးအစားနဲ့ အသုံးပြုမှုပုံမှာ မူတည်သေးတာမို့ ပုလင်းပေါ်မှာ ပါတဲ့ သက်ဆိုင်ရာအညွှန်းတွေအတိုင်း သိမ်းဆည်းသင့်တာပါ။ ထို့နည်းတူ တခြား ဟင်းခတ်အမွှေးအကြိုင်များတွေကို ရေခဲသေတ္တာထဲ ထည့်မိရင် အစိုဓာတ်ပေါများမှုကြောင့် ကပ်ထွေးကုန်ပြီး ပျက်စီးနိုင်ပါတယ်နော်။

[အာလူး]

အစားများကြတဲ့ အာလူးကိုတော့ စက္ကူအိတ်လေးတစ်ခုနဲ့ အခန်းအပူချိန်မှာပဲ သေချာထုပ်ပိုး၊ သိမ်းဆည်းထားမယ်ဆို အကောင်းဆုံးပါပဲ။ ဒါမှ စားဖို့ချက်ခါနီးတိုင်း ကိုင်ကြည့်လိုက်ရင် အလုံးတောင့်တောင့်တင်းတင်းနဲ့ လတ်ဆတ်ပြီး လှလှပပဖြစ်နေမှာပါ။မဟုတ်ဘဲ ရေခဲသေတ္တာထဲ ထည့်မိမယ်ဆို အထဲက အစိုဓာတ်ကြောင့် သူ့အရသာနဲ့ ပုံသဏ္ဌာန်ပျက်စီးနိုင်လို့ အာလူးကိုလည်း ဂရုပြုသိမ်းဆည်းသင့်ပါတယ်။

[မုန်လာဥနီ၊ သခွားသီး၊ ငရုတ်ပွ]

ဒီဟင်းသီးဟင်းရွက် (၃)မျိုးတွဲက ‌ရေခဲသေတ္တာ ထဲ အချိန်ကြာရှည် ထည့်ထားမိရင် ကြွပ်ကြွပ်ရွရွ မဖြစ်တော့ဘဲ ရေထွက်များလာပြီး စားမကောင်းတတ်တော့ပါဘူး။ ဒါကြောင့် ဒီလိုလျင်လျင်မြန်မြန် မပျက်စီးစေဘဲ သဘာဝလတ်ဆတ်မှုလေးတွေ ကျန်နေအောင် ပုံမှန် အခန်းအပူချိန်နဲ့ ခြောက်ခြောက်သွေ့သွေ့ရှိတဲ့ မီးဖိုချောင်တစ်နေရာမှာ ထားထားသင့်ပါတယ်။

အသီးအနှံ အများစုကလည်း ရေခဲသေတ္တာထဲ ထားရင် ရေငွေ့များပြီး မလတ်ဆတ်တော့ဘဲ အသီးရဲ့အရည်အသွေးလျော့ကျနိုင်ပါတယ်။ ဒီထဲမှာ ပန်းသီးက အခန်းအပူချိန်မှာပဲ ၁ပတ်ကျော်လောက်ထိ လတ်လတ်ဆတ်ဆတ် အစားခံနိုင်ပြီး ငှက်ပျောသီး၊ထောပတ်သီး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီးတို့ကလည်း ရင့်မှည့်အောင်နဲ့ လတ်ဆတ်နေစေဖို့ ပုံမှန်အခန်းအပူချိန်မှာပဲ ထားပြီး ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်ပါဘူး။

ဟင်းသီးဟင်းရွက် အများစုကတော့ စျေးကဝယ်ပြီးတာနဲ့ ချက်ချင်းချက်စားတာ အကောင်းဆုံးပါပဲ။ မတတ်နိုင်ဘဲ ပိုနေလို့ ရေခဲသေတ္တာထဲ သိမ်းမယ်ဆိုရင်လည်း သေချာထုပ်ပိုးကာ ကြာကြာမပစ်ထားဘဲ စားသုံးလိုက်သင့်တာပါ။ မှိုနဲ့ ဘတ်တီးရီးယားအန္တရယ်ကိုလည်း ဂရုပြုသင့်တာမို့ လူကြီးလူငယ်မရွေး အစားအသောက်တွေကို သန့်ရှင်းလတ်ဆတ်တဲ့အချိန်မှာပဲ ရွေးချယ်စားသောက်ဖို့ အကြံပြုလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: cityrewards 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service