သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
474 Views

သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ

Knowledge | Posted by Zarni Kyaw

ရှာလာကာရည်ဆိုတာ အိမ်ရှင်မတွေအတွက်တော့ မရှိမဖြစ် အသုံးဝင်တဲ့အရာတခုပါ။ ဟင်းချက်ပြုတ်ပြင်ဆင် ရာမှာ၊ အနံ့ဆိုးတွေပျောက်အောင်၊ မီးဖိုချောင်သုံး၊ အိမ်သုံးပစ္စည်းတွေ သန့်စင်ဆေးကြောရာမှာပါ ဘက်စုံသုံး နိုင်ပါတယ်။ နေရာတော်တော်များများ အသုံးဝင်ပေမယ့် ရှာလကာရည်နဲ့သန့်စင်လိုက်ရင် ပျက်စီးသွားနိုင်တဲ့ ပစ္စည်းတွေရှိပါတယ်။

စကျင်ကျောက် ဒါမှမဟုတ် ကျောက်အမာသားနဲ့လုပ်ထားတဲ့ ကြွေပြားအခင်းတွေကို ရှာလကာရည်နဲ့ တိုက်ချွတ် မဆေးသင့်ပါဘူး။ အက်စစ်ဓာတ်များတဲ့ ရှာလကာရည်ကြောင့် မူလအရောင်တွေမှိန်ပြီး အစက်အပြောက် လေးတွေ ဖြစ်လာနိုင်ပါတယ်။ ရှာလကာရည်အစား ပန်းကန်ဆေးဆပ်ပြာရည်၊ ရေနဲ့ Rubbing Alcohol (မရှိရင် လက်သည်းချွတ်ဆေး အသုံးပြုနိုင်ပါတယ်) ရောပြီး ဆေးကြောပါ။

 

ရှာလကာရည်ကို ဖယောင်းတိုက်ထားတဲ့ ပရိဘောဂတွေပေါ် တိုက်လိုက်မိရင် အက်စက်ဓာတ်ကြောင့် အပေါ်ယံဖယောင်းတွေကွာကျပြီး ပရိဘောဂတွေ အရောင်မှိန်ဟောင်းသွားပါလိမ့်မယ်။ ဒီလိုပစ္စည်းတွေ အချိန်ကြာလို့ မှိန်လာရင် ဖယောင်းပဲပြန်တိုက်ပေးပါ။

ဟင်းချက်ရင်း မတော်တဆလွတ်ကျလို့ ကြက်ဥနှစ်တွေ အောက်ခံကြမ်းခင်းမှာပေသွားတဲ့အခါ ရှာလကာရည် သုံးပြီး ပြန်သန့်စင်တာထက် ဆပ်ပြာရည်ကို ရေခပ်နွေးနွေးနဲ့ဖျော်ပြီးသုံးတာ ပိုကောင်းပါတယ်။

အရောင်ချွတ်ဆေးနဲ့ ရှာလကာရည်ကို တွဲမသုံးသင့်ပါဘူး။ အဝတ်အစားတွေအတွက် အသုံးပြုတဲ့ အရောင် ချွတ်ဆေးတွေနဲ့ ရှာလကာရည်ရော လျှော်လိုက်ရင် အဝတ်အထည်တွေပါ ပျက်စီးသွားနိုင်ပါတယ်။

ပန်းကန်ဆေးစက်ထဲကို ရှာလကာရည်ရောထည့်ပြီး ဆေးကြောရင် ပန်းကန်တွေ ပိုတောက်ပြောင်စေတယ် ဆိုပေမယ့် ရှာလကာရည်မှာပါတဲ့ အက်စစ်ဓာတ်တွေကြောင့် စက်ထဲက ရော်ဘာအစိတ်အပိုင်းတွေ ပျက်စီးလွယ်ပါတယ်။

 

 

သစ်မာသား ကြမ်းခင်းတွေကလည်း အပေါ်မှာပြောခဲ့သလိုပါပဲ ရှာလကာရည်နဲ့ သန့်စင်လိုက်ရင် အရောင်မှိန် သွားတတ်လို့ သုံးမယ်ဆိုရင်တောင် ရေနဲ့များများဖျော်ပြီးမှ အသုံးပြုပါ။ ဖြစ်နိုင်ရင် အဝတ်လျှော်ဆပ်ပြာရည်ကို ရေနဲ့ဖျော်ပြီး သန့်စင်တာအကောင်းဆုံးပါပဲ။

 

 

နောက်ဆုံးတခုကတော့ ပုလဲနဲ့လုပ်ထားတဲ့ရတနာပစ္စည်းတွေ ပြန်သန့်စင်တဲ့အခါ ရှာလကာရည်မသုံးသင့်ပါ ဘူး။ အက်စစ်ဓာတ်ကြောင့် ပုလဲတွေ ပျက်စီးစေနိုင်လို့ ရေနွေးနွေးထဲ ဆပ်ပြာရည်အပျော့စားရောပြီး သန့်စင်ပါ။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: Reader’s Digest

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service