အိပ်မက်ထဲက ရောင်စုံပန်းဥယျာဉ်ကမ္ဘာ နွေဦးမှာဖန်တီးပါ - Property Knowledge in Myanmar from iMyanmarHouse.com
614 Views

အိပ်မက်ထဲက ရောင်စုံပန်းဥယျာဉ်ကမ္ဘာ နွေဦးမှာဖန်တီးပါ

Knowledge | Posted by Zarni Kyaw

နွေဦးရဲ့လေရူးလေးတွေတိုးဝှေ့ကျီစယ်လိုက်တိုင်းမှာ ကြည်နူးမှုအပြည့်ပြန့်လွင့်စေဖို့ ပန်းရနံ့လေးများသယ်ဆောင်လာပါစေ။ နွေရာသီအဝင်မှာခြောက်ခြောက်သွေ့သွေ့နဲ့ဥယျာဉ်ထဲအချိန်ကုန်ပန်းပင်လှလှလေးများစိုက်ပျိုးဖို့ရာ ရောင်စုံပန်းအလှလေးများကိုဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ပါတယ်။

ခြံအလွတ်လေးမှာ ပန်းလေးတွေနဲ့ပြည့်နှက်နေရင်တော့ စားပွဲဝိုင်းလေးတစ်ခုချ စာပဲဖတ်ဖတ်၊ ဧည့်ပဲတွေ့တွေ့ သိပ်အသုံးဝင်မှာပါပဲ။ ခြံထွက်ပန်းအလှလေးများကိုလည်း ဘုရားပန်းအဖြစ်ကပ်လှူနိုင်ပါသေးတယ်။

နေလိုတဲ့ နေကြာ

နေရောင်ခြည်အပြည့်အဝရရှိတဲ့နွေရာသီကာလမှာအစိုက်ပျိုးသင့်ဆုံးသော ပန်းတစ်မျိုးကတော့ နေကြာပန်းပဲဖြစ်ပါတယ် ။ နေကြာမျိုးစိတ်ပေါင်းမြောက်များစွာရှိပါတယ်။ နေကြာပွင့်အသေးမျိုးကနေ အစားစားပေါ့။ ကိုယ်ခြံနဲ့လိုက်ဖက်ကိုက်ညီမယ့်နေကြာပန်းကို စိုက်ပျိုးသင့်ပါတယ်။ ပထမဆုံးအနေနဲ့ ပန်းအိုး၊သစ်ပင်စိုက်ပျိုးတဲ့ ကွန်တိန်နာခွက်မှာမျိုးစေ့ချလိုက်ပါ။ စိုစွတ်ပြီးမျိုးအောင်နိုင်သော မြေဖြစ်ဖို့တော့လိုပါမယ် ။ မြေဆီဓာတ်မှာလည်းပြည့်ဝရပါမယ်။ စိုက်ပျိုးတဲ့နေရာက နေရောင်ခြည်အပြည့်အဝရရှိတဲ့နေရာကောင်းဖြစ်ဖို့လိုပါမယ်။ နေကြာပန်းမှာ ကောင်းကောင်းကြီးထွားလာပြီဆိုရင် အိုးထဲကထုတ်ပြီးမြေကြီးထဲမှာ ပြောင်းစိုက်လိုက်ပါ ။

ရွှေရောင်ဝင်းဝင်း Marigolds ပန်းလေး

Marigolds ပန်းကိုတော့ အိန္ဒိယရုပ်ရှင်တွေကမိတ်ဆက်‌ပေးပြီးဖြစ်ပါမယ်။ အလင်းရောင်၊ ပျော်ရွင်မှု ၊ တောက်ပမှု၊ ကောင်းမွန်တဲ့စွမ်းအင်ကိစ္စရပ်များကို ဖိတ်ခေါ်တာကြောင့် မြင့်မြတ်သောပန်းသဖွယ် အိန္ဒိယလူမျိုးများရဲ့ မင်္ဂလာဆောင်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ပန်းပွင့်လေးက အရမ်းကိုလှပြီး အနံ့သင်းသင်းမွှေးမွှေးလေးရတတ်ပါတယ်။ Marigolds ပန်းလေးတွေကို အိမ်ခြံတွင်းမှာကိုယ်တိုင်စိုက်ပျိုးနိုင်ပါတယ်။ အပင်ပေါက်ဝယ်ယူပြီးစိုက်ပျိုးနိုင်သလို နေရောင်ခြည်ကောင်းကောင်းပေးဖို့တော့ လိုအပ်ပါမယ်။ မြန်မာနိုင်ငံမှာတော့ အထပ်ထပ်အဆုပ်ဆုပ်လိုက်ပွင့်ဖူးတတ်တာကြောင့် ထပ်တရာပန်း (သို့မဟုတ် )ဒေါင်းဖန်းဝါပန်းလို့ခေါ်ပါတယ်။

အရောင်အသွေးစုံညီ Viola ပင်စီ

ပင်စီပန်းလေးတွေက ရိုးရာဆေးအဖြစ်အသုံးဝင်သော ပန်းအမျိုးအစားဖြစ်ပြီး အဆစ်အမြစ်ရောဂါကုသရန်အတွက် အသုံးပြုကြရပါတယ်။ ပင်စီပန်းလေးတွေဟာ နူးညံ့သိမ်မွေ့သောဓာတ်ဖြင့်ဖုံးလွှမ်းနေတတ်ပီး အပြာနု၊အပြာရင့်တစ်ပွင့်ထဲ အရောင်နှစ်ထပ်တွေ့ရတတ်တာကြောင့် ခြံဝင်းထဲစိုက်ပျိုးမယ်ဆိုရင် လိပ်ပြာလေးတွေကိုဆွဲဆောင်နိုင်တဲ့အလှတရားမျိုးဖြစ်ပါလိမ့်မယ်။ ‌‌ အဝါ၊အဖြူ၊ခရမ်းနု၊ရင့်၊အနက် အရောင်လေးငါးမျိုးစပ်ပြီးတစ်ပွင့်ထဲ စုပွင့်တတ်တာကြောင့် တော်တော်လေးလှပါတယ် ။နွေရာသီမှာစိုက်ပျိုးနိုင်တဲ့အပင်မျိုးဖြစ်တာကြောင့် ဖော်ပြပေးလိုက်ပါတယ်နော်

ကဲ နွေရာသီပိတ်ရက်ရှည်လည်းစတော့မှာဆိုတော့ ပိတ်ရက်မှာအနားယူရင်ပန်းစိုက်ရအောင် ပန်းအလှလေးများစုစည်းပြီးဖော်ပြရေးသားလိုက်ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service