ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း (၅) သွယ် - Property Knowledge in Myanmar from iMyanmarHouse.com
583 Views

ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း (၅) သွယ်

Knowledge | Posted by Shwe Zin Win

ခေါင်းစဉ်ကို ဖတ်ပြီး ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင် ဆိုတာက ရှိမှ မရှိဘဲ ဘယ်လို ဖြစ်နိုင်မှာလဲလို့များ တွေးနေလား။ ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးယူလို့ ရပါတယ်။ လိုအပ်တဲ့ လုပ်ဆောင်စရာတွေတော့ ရှိတာပေါ့။ ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း ၅ သွယ် က ဘာတွေများ ဖြစ်မလဲ။ ဖတ်ကြည့်လိုက်ပါနော်။

 

ခြင်ကင်းစင်တဲ့ပတ်ဝန်းကျင် ဖန်တီးနိုင်မယ့် နည်းလမ်း (၅)သွယ် ကတော့

ခြင်လုံဇကာ တပ်ဆင် အသုံးပြုပါ

နေအိမ်ရဲ့ တံခါးတွေနဲ့ ပြတင်းပေါက်တွေမှာ ခြင်လုံဇကာတွေ တပ်ဆင်ပြီး နေအိမ်ထဲကို ခြင်တွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပါ။ ခြင်လုံဇကာ တပ်ဖို့ အဆင်မပြေဘူး ဆိုရင် ခြင်ထောင် အသုံးပြုပေးလည်း ရပါတယ်။

နောက်ထပ် လုပ်လို့ ရတဲ့ နည်းလမ်းတစ်ခုက နေအိမ်တံခါးတွေကို လုံအောင် ပိတ်ပြီး လေအေးပေးစက် ဖွင့်ထားလို့လည်း ရပါတယ်။ လေအေးပေးစက် မရှိဘူးဆိုရင် ပန်ကာ ဖွင့်ထားလို့ ရပါတယ်။

ငှက်မွေးပါ

နေအိမ်မှာ ငှက်ကလေးတွေ မွေးထားတာကလည်း ခြင်တွေကို နှိမ်နှင်းရာမှာ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ကြက်လေးတွေ ငှက်လေးတွေက ခြင်ကို အစားအစာအဖြစ် စားသုံးကြပါတယ်။

ငှက်ကိုသီးသန့် မမွေးနိုင်ဘူးဆိုရင် နေအိမ်အနီးဝန်းကျင်မှာ ငှက်အိမ်လေးတွေ ဆောက်လုပ်ပေးထားလိုက်ပါ။ အသိုက် လာဖွဲ့တဲ့ ငှက်လေးတွေက ခြင်နှိမ်နှင်းရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးပါလိမ့်မယ်။

ခြင်လောင်းလေးတွေကို စားတဲ့ ငါးမွေးလို့လည်း ရပါတယ်။ 

ရေဝပ်နေတဲ့ နေရာတွေထဲကို ကော်ဖီမှုန့်တွေ ဖြူးပေးပါ

ကော်ဖီမှုန့်မှာ ခြင်သားလောင်းလေးတွေကို သေစေနိုင်တဲ့ အစွမ်း ရှိပါတယ်။ကော်ဖီကြိုက်တတ်သူတွေ ဆိုရင်တော့ ဒီနည်းလမ်းက အဆင်ပြေတာပေါ့နော်။

သုံးပြီးသား ကော်ဖီမှုန့်တွေကို နေအိမ်အနီးအပါးမှာ ရှိနေတဲ့ ရေဝပ်နေတဲ့ နေရာတွေမှာ ဖြူးပေးလိုက်ပါ။ ဒီနည်းလမ်းက အသုံးတည့်မယ့် ခြင်ကောင်ရေ လျော့ချရေး လုပ်ငန်းစဉ် တစ်ရပ်ပါ။

ခြင်ပြေးစေတဲ့ အပင်တွေ စိုက်ပါ

တိုက်ခန်းနဲ့ နေသူတွေ ဆိုရင်တော့ ဝရံတာ ဒါမှမဟုတ် အခန်းတွင်းမှာ၊ ခြံနဲ့နေသူတွေ ဆိုရင်တော့နေအိမ် အနီးဝန်းကျင် နဲ့ ခြံထဲမှာ ခြင်ပြေးစေတဲ့ အပင်တွေ စိုက်ထားပြီး ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးလို့ ရပါတယ်။

ခြင်ပြေးစေဖို့ လာဗင်ဒါပန်းပင် ၊ ပူစီနံပင်၊ ကြောင်ဆေးပင်၊ ပင်စိမ်းပင် နဲ့ ကြက်သွန်ဖြူပင် (ကြက်သွန်မိတ်) တို့ စိုက်ထားလို့ရပါတယ်။

ခြင်နိုင်ဆေးသုံးပါ

ခြင်ပြေးအောင် အသုံးပြုလေ့ရှိတဲ့ အခြေခံကျတဲ့ နည်းလမ်းတစ်ခုပါ။ ခြင်နိုင်ဆေး ဆိုတဲ့ နေရာမှာလည်း ခြင်ဆေးခွေကို အသုံးပြုနိုင်သလို ခြင်ပြေးစက်၊ ခြင်ဆေးစပရေးဆိုပြီး အမျိုးအစားတွေကို စုံလင်နေတာပါပဲ။

ကလေးငယ် ရှိသူတွေ အနေနဲ့ကတော့ ခြင်ဆေးထက် စပရေးက ပိုအဆင်ပြေပါတယ်။ စပရေးက ခြင်တင်မကဘဲ အခြားအင်းဆက်တွေကိုပါ နှိမ်နှင်းပေးနိုင်တာကြောင့် ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်တင်မကဘဲ အင်းဆက်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကိုပါ ဖန်တီးနိုင်စေမှာပါ။

အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးပြုပြီး ကိုယ်တိုင်နဲ့ မိသားစုဝင်တွေအတွက် ခြင်ကင်းစင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးကြည့်လိုက်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service