ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague - Property Knowledge in Myanmar from iMyanmarHouse.com
1144 Views

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

Knowledge | Posted by Zarni Kyaw

၁၅၁၈ ခုနှစ် ဇူလိုင်လအလယ်မှာ ပြင်သစ်နိုင်ငံ Strasbourg မြို့က Frau Troffea ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ အကြောင်းအရင်းတစ်စုံတစ်ရာမရှိပဲ ရုတ်တရက်မရပ်မနားကခုန်နေခဲ့ပါတယ်။ မနားတမ်းကခုန်နေတဲ့ထိုအမျိုးသမီးကိုကြည့်နေရင်းတစ်ခြားသူများလည်း အဆိုပါကပွဲမှာ ပါဝင်လာခဲ့ပါတယ်။ Frau Troffea အတိုင်း သီချင်းမရှိသံစဉ်မရှိပါပဲ စည်းဝါးလွတ်ကခုန်နေကြတဲ့လူအုပ်ကြီးဟာ တစ်စတစ်စများပြားလာခဲ့ရာ လူပေါင်း ၄၀၀ ကျော်အထိပါဝင်လာခဲ့ပါတယ်။ လူပေါင်း ၄၀၀ ကျော်မရပ်မနားတမ်းပြုံးရွှင်မှုမရှိတဲ့ မျက်နှာသေကိုယ်စီနဲ့ကခုန်နေခြင်းဟာ တွေးကြည့်မယ်ဆို အတော်ကိုတုန်လှုပ်ဖွယ်ပါ။

ထိုခေတ်က ဆေးဆရာဝန်၊ဒေသအကြီးအကဲများလည်း အဆိုပါပျော်ရွှင်မှုမရှိတဲ့ ကပွဲကြီး ကိုမတားဆီးနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ရက်သတ္တပတ်များစွာတိုင် ရေမသောက်၊အစာမစားပဲ မရပ်မနားကခုန်နေခြင်းကြောင့် မောပန်းလာပြီး လဲကျသေဆုံးတဲ့အထိ ကခုန်ခြင်းကို မရပ်တန့်ကြပါဘူး။ လူ ၁၅ ယောက်မှ ၁၀၀ ကြားအသက်ဆုံးရှုံးခဲ့ပြီး အများစုမှာ ရပ်နားမှုမရှိစိတ်လှုပ်ရှားစွာကခုန်နေခြင်းကြောင့် နှလုံးရုတ်တရက်ရပ်တန့်တာကြောင့်ဖြစ်ပါတယ်။

 

လူအမြောက်အမြားသေဆုံးသည်ထိ ပြင်းထန်ခဲ့တဲ့ အဖြေမရှိသောကပွဲကြီးကို သမိုင်းလေ့လာသူများက Dancing Plague ( ကနေသော ကပ်ရောဂါ ) လို့ခေါ်ဝေါ်ခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ အဆိုပါဖြစ်ရပ်ကိုအဖြေရှာကြည့်တဲ့အခါမှာတော့ ထိုခေတ်အခါကလူတွေဟာ ငတ်မွတ်ခေါင်းပါးခြင်း၊ရောဂါဘယပွားများခြင်း၊ဆင်းရဲမွဲတေခြင်းစတဲ့ စိတ်ဖိစီးမှုတွေများပြားလွန်းတာကြောင့် ရုတ်တရက်စိတ်လွတ်သွားခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါဟာလည်း ထင်မြင်ယူဆမှုတစ်ရပ်သာဖြစ်ပြီး Dancing Plague ဖြစ်ရပ်ရဲ့ တိကျသေချာတဲ့အကြောင်းအရင်းအမှန်ကို ယခုထက်ထိ မရှာတွေ့နိုင်သေးပါဘူး။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service