စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
473 Views

စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ

Knowledge | Posted by Shwe Zin Win

အပတ်စဉ် ဖော်ပြပေးနေကျ အိမ်ခြံမြေ ဥပဒေအမေးအဖြေကဏ္ဍလေးကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ စိတ်ဝင်စားဖွယ်ရာမေးခွန်းများကိုလဲ ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။ 👨‍⚖️

 

⚖️မေးခွန်း (၁) - လယ်ယာမြေကို အရပ်စာချုပ်နဲ့ ဝယ်ထားမိလို့ ကိုယ့်အမည်နဲ့ ပုံစံ-(၇) ရအောင် ဘယ်လိုလုပ်ရမလဲ။

လယ်ယာမြေဥပဒေပုဒ်မ - ၃ ဖော်ပြထားသော စိုက်ပျိုးမြေအမျိုးအစားထဲတွင် ပါဝင်သည့် လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ နှစ်ရှည်ပင် စိုက်ပျိုးသောမြေ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်စိုက်ပျိုးသည့် ခြံမြေ ၊ မြေနုကျွန်း မြေကျွန်းမြေတို့မှာ ပုံစံ - ၇ ထွက်ရှိပါသည်။ လယ်ယာမြေ ပိုင်ဆိုင်မှုနှင့် စိုက်ပျိုးခွင့်ရှိကြောင်း ထောက်ခံချက်ကိုဖော်ပြသည့် စာရွက်စာတမ်းအထောက်အထားတစ်ခု ဖြစ်ပါသည်။

လယ်ယာမြေအား စနစ်တကျစီမံခန့်ခွဲရန် နှင့် လယ်ယာမြေ ပိုင်ဆိုင်ခွင့်အငြင်းပွှားမှုများအာ ဖြေရှင်း ဆောင်ရွက်ရန် လယ်ယာမြေပုံစံ(၇)များ ထုတ်ပေးထားခြင်းဖြစ်ပါသည်။ ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီး ဖြစ်သော လယ်ယာမြေကိုသာ အငြင်းပွှားမှု အရှုပ်အရှင်းများ ဖြေရှင်း ဆောင်ရွက်ခွင့်ရှိပါသည်။

လက်ရှိတွင် လယ်ယာမြေအား အသုံးပြုခွင့်ရရှိထားသော အိမ်ထောင်စု အကြီးအကဲ (သို့) အိမ်ထောင်စု တွင် ပါဝင်ကာ လယ်ယာမြေအား တရားဝင် လက်ရှိလက်ငုတ် လုပ်ကိုင်သူ အသက်- (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားဖြစ်သူတို့မှာ ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေထွက်ရှိပြီး နောက်ပိုင်း လယ်ယာမြေအား လုပ်ပိုင်ခွင့်ပြုပုံစံ - (၇) လျှောက်ထားရယူနိုင်ပါသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေထွက်ရှိပြီး နောက်ပိုင်း လယ်ယာမြေ မူလလုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းသည် လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ - (၇) ရရှိရန် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တဆင့်မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထားရမည်ဖြစ်ပါသည်။ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြပြီး ခွင့်ပြုပါက မှတ်ပုံတင် ကြေးထမ်းဆောင်၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် - (၇) ရရှိမည် ဖြစ်ပါသည်။

လယ်ယာမြေအား လုပ်ပိုင်ခွင့်ပုံစံ-(၇) ရရှိထားသူသည် ပုဒ်မ-၁၂ အရ လယ်ယာမြေအား ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်း ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာမြို့နယ်၊ ဦးစီး ဌာနရုံးတွင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရမည်ဖြစ်ပြီး တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ ထမ်းဆောင်ရမည်ဖြစ်ပါသည်။

အမည်ပြောင်း လျှောက်ထားရာတွင် လယ်ယာမြေပုံစံ-၇ နှင့်အတူ ၊ အရောင်းအဝယ်စာချုပ်၊ မြေခွန်ပြေ စာများ၊ ရောင်းသူ၊ ဝယ်ယူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတို့ပါဝင်ကာ ပုံစံ - ၉ ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး (သို့) ရပ်ကွက်အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ အမည်ပြောင်းလျှောက်လွှာအား စီစစ်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုဌာနသို့ တင်ပြကာအမည်ပြောင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

⚖️မေးခွန်း (၂) - မြေကွက်ကိုဝယ်ယူပြီးမှ အရှုပ်အရှင်းမဖြစ်လာစေရန် ဘယ်လိုအချက်တွေသိထားရမလဲ။

မြေကွက်ဝယ်ယူခြင်းဆိုသည်မှာ ရေရှည်အတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုပင်ဖြစ်ပြီး သေချာမှုဖြစ်စေရန် သတိထား ဆောင်ရွက်ရပါမည်။ မိမိဝယ်ယူမည့် မြေကွက်မှာ မည်သည့်မြေအမျိုးအစားဖြစ်ပါသလဲ လွှဲပြောင်း ရောင်းချခြင်း ခွင့်ပြုထားသော မြေအမျိုးအစားဖြစ်ပါသလား မြေယာစီမံခန့်ခွဲမှုဌာန၊ မြေစာရင်းရုံးတွင် ကြိုတင် စုံစမ်းမှုပြုရမည်ဖြစ်ပါသည်။ ဥပမာ - လယ်ယာမြေပုံစံ - ၇ ထွက်ရှိထားသော မြေအား စိုက်ပျိုးမြေအဖြစ် လွှဲ ပြောင်းရောင်းချခွင့်ရှိသလို လူနေထိုင်အတွက်ဆိုပါက ဂရန်မြေ ၊ မြေပိုင်မြေ ၊ ဘိုးဘွားပိုင်မြေ အမည်ပေါက် မြေအမျိုးအစားများအား ဝယ်ယူနိုင်ပြီး လူနေထိုင်ရန် ခွင့်ပြုထားသည့် ပါမစ်မြေ၊ စလစ်မြေတို့အားလဲ ဝယ်ယူနိုင်ပါသည်။

ထို့အပြင် အိမ်ခြံမြေ ဝယ်ယူခြင်းဖြစ်ပါက ဂရန်အမည်ပေါက်ဟုတ်မဟုတ်၊‌ မြေသက်တမ်းကျော်လွန်ခြင်း ရှိမရှိ၊ မြေကွက်အမှတ်၊ ဦးပိုင်အမှတ်၊ မြေအကျယ်အဝန်းဧကနှင့် မြေပြင်အခြေအနေကို (ကျုးကျော် နေထိုင် သူများ ရှိတတ်ပါသည်) သေချာစစ်ဆေးမှုပြုပါ။ မြေပိုင်ဆိုင်မှု စစ်ဆေးသည့်အခါ ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြ မြေယာစီမံခန့်ခွဲမှုဌာနတွင် မြေစစ်ဆေးမှုပြုပါ။

ရောင်းချသူအမည်ဖြင့် မဟုတ်ဘဲ အမွေဆက်ခံမှုဖြင့် တစ်ဦးတစ် ယောက်မှ ရောင်းချခြင်းမျိုးဖြစ်ပါကလဲ အမွေဆက်ခံခွင့်ရှိသူအားလုံး သဘောတူညီမှုဖြစ်ရန် လိုအပ်ပါသည်။ အိမ်ထောင်စုစာရင်း တောင်းယူကြည့်ရှုပါ။ ကျန်မောင်နှမများကိုလဲ မေးမြန်းပါ။ စာချုပ်တွင် ရောင်းသူနေရာ၊ အသိသက်သေနေရာများ၌ လက်မှတ်ရေးထိုး စေပြီး လူစုံမှသာ ကန့်ကွက်သူ ပေါ်မလာမှာဖြစ်တဲ့အတွက် အမွေဆက်ခံပိုင်ဆိုင်သူများအား ပါဝင် လက်မှတ် ရေးထိုးခိုင်းပါ။

စာရွက်စာတမ်းများ စစ်ဆေးမေးမြန်းခြင်း၊ စရန်ပေး စာချုပ်ချုပ်ဆိုခြင်း၊ ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြေငြာခြင်းများ၊ မြေကွက်ဆိုလျှင်လဲ မြေပြင်အား တိုင်းတာစစ်ဆေးများရှိမည်ဖြစ်ပါသည်။

စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ -၂၁ အရ စာချုပ်စာတမ်းများကို ချုပ်ဆိုပြီး ရက်ပေါင်း(၁၂၀)အတွင်း မှတ်ပုံတင်ရမည်။ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ ပုဒ်မ-၁၆(ခ)အရ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ဖြစ်စေ၊ ယင်းနှင့် ဆက်စပ်နေသော တန်ဖိုးငွေကျပ်တစ်သိန်းနှင့် အထက်ရှိသော မရွှေ့မပြောင်းနိုင်သော ပစ္စည်းအားရောင်းချခြင်း၊ လွှဲအပ်ခြင်း၊ စွန့်လွှတ်ခြင်း ဖြစ်စေ မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုကြောင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းဝယ်ခြင်းပြုရာ၌ အရပ်ကတိစာချုပ်ချုပ်ဆိုပြီးပါက ရာဖြတ်ဖြတ်၊ အခွန်ဆောင်၊ မှတ်ပုံတင် စာချုပ်ချုပ်ဆို ပြီးမှသာ ပိုင်ဆိုင်မှု ခိုင်မာမှာဖြစ်ကြောင်း ဖြေဆိုပေးလိုက်ပါသည်။

 

⚖️မေးခွန်း (၃) - နှစ်ဦးနာမည်နဲ့ ချုပ်ထားတဲ့ စာချုပ်ကို ခင်ပွန်းဆုံးသွားလို့ ဇနီးက တစ်ယောက်တည်းအမည်နဲ့ စာချုပ် ပြောင်းချင်ရင် ဆောင်ရွက်ရမည့်အရာများကို သိလိုပါတယ်။

ခင်ပွန်းဖြစ်သူ အမည်ပေါက်ဂရန်မြေအား ခင်ပွန်းသေဆုံးသောအခါ ၎င်း၏ဇနီးဖြစ်သူမှာ တရားဝင်ဦးစွာ အမွေဆက်ခံရရှိမည်ဖြစ်ရာ ဇနီးဖြစ်သူမှာ အောက်ပါစာရွက်စာတမ်းများနှင့်အတူ မြေပုံကူးယူရမည်ဖြစ်ပါသည်။

- အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိကြောင်း ကျမ်းကျိန်လွှာ - ဂရန်အမည်ခင်ပွန်းဖြစ်သူ၏ သေစာရင်း - ဂရန်မူရင်း - နောက်ဆုံးထမ်းဆောင်ထားသည့် မြေခွန်ပြေစာ (သို့) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် - အမွေဆက်ခံသူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း - ဘေးပတ်ဝန်းကျင်၏ ထောက်ခံကျမ်းကျိန်လွှာ (၂)စောင်တို့ ဖြင့် မြေပုံကူးယူရမည်ဖြစ်ပါသည်။

လျှောက်ထားမြေပုံ/မြေရာဇဝင်ရရှိသောအခါ ရန်ကုန်မြို့တော စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေ ဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။ ရန်ကုန်မြို့တော်၊စာချုပ်စာတမ်း မှတ်ပုံတင်ရုံးသို့သွား ရောက်သည့်အခါ ဂရန်မူရင်း၊ ကျမ်းကျိန်လွှာ ၊ သေစာရင်းမူရင်းတို့အား ယူဆောင်သွားပါ။

မှတ်ပုံတင်ရုံးမှာ သတ်မှတ်ကာလပြည့်ပြီး မှတ်ပုံတင်စာချုပ်ပြန်လည်ထုတ်ယူနိုင်သည့်အခါ ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ၊ မြေယာစီမံခန့်ခွဲမှုဌာနတွင် အမည်ပေါက်ဇနီး၏ ဂရန်အမည်ပြောင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ဌာနမှရပ်ကွက်နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးတို့တွင် ကန့်ကွက်ရှိမရှိ ကြေငြာကပ်ခြင်းများလဲ ဆောင်ရွက်ပြီး ကန့်ကွက်သူမရှိမှသာ အမည်ပြောင်း ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service