အမွေပစ္စည်းစီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
420 Views

အမွေပစ္စည်းစီမံခန့်ခွဲမှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Zarni Kyaw

ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်ပါက အမွေဆက်ခံရေး၊ အမွေခွဲဝေရေးများမှာ မြန်မာဓလေ့ထုံးတမ်းဥပဒေ နှင့်အညီ အဆုံးအဖြတ်ပြုရမည်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်လျှင် သာမာန်အားဖြင့် အစဉ်အဆက် မည်သည့်နိုင်ငံမှ လာသည့် လူမျိုးဖြစ်စေ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်သည်ဟု ဆုံးဖြတ်နိုင်ပါသည်။ (ဒေါ်သိုက်နှင့် စီရောင် အလင်း အမှူ)။ ဗုဒ္ဓဘာသာကိုးကွယ်ပြီး ဓလေ့ထုံးတမ်းများရှိသည့် တိုင်းရင်းသား လူမျိုးဖြစ်ပါက ၎င်းတို့အမွေဆက်ခံရေးဓလေ့ထုံးတမ်းမှာ ဥပဒေကဲ့သို့ အတည်ဖြစ်လျက်ရှိကာ တည်တံ့လျက် ရှိကြောင်း အငြင်းပွှားမှုဖြစ်ပါက သက်သေထင်ရှားပြနိုင်ရမည်။

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေရှင် သေဆုံးလျှင် အမွေစားအမွေခံများသည် အမွေဆက်ခံမှု အစီ အစဉ်အတိုင်း တစ်ဦးစီ အပြီးအပိုင် အကျိုးခံစားခွင့်ရှိပြီး ဖြစ်ပါသည်။ ခင်ပွန်းသေဆုံးလျှင် ၊ ဇနီး သေဆုံးလျှင် ခင်ပွန်း နှင့် ၎င်းတို့ မရှိသည့်နောက်ပိုင်းတွင် သားသမီးများ၊ တရားဝင်မွေးစားသားသမီး၊ အမွေမမီမြေးများ စသ ဖြင့် အကြောင်းချင်းရာပေါ်မှုတည်၍ အစီအစဉ်အတိုင်း ခံစားခွင့်ရှိပါသည်။ အမွေ၏ သဘောမှာ အထက်သို့ မဆန်ဘဲ အောက်သို့ စုန်ပါပြီး သွေးနီးသူ ဆွေမျိုးများ ခံစားခွင့်ဖြစ်နေပါက သွေးဝေးသူများကို ပယ်နိုင်ပါသည်။

ဗုဒ္ဓဘာသာကိုးကွယ်ပြီး မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံခွင့်ရှိသော်လည်း ဆက်ခံသူသည် အခြားနိုင်ငံသားခံယူထားပါက မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေပုဒ်မ -၆(က)နှင့် ငြိစွန်းမှုရှိ၍ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား ရပိုင်ခွင့်မရှိပါ။

မြန်မာ့ဗုဒ္ဓဘာသာကိုးကွယ်သူများသည် သေတမ်းစာရေးသားခွင့်မရှိပါ။ မိသားစုအားလုံးသဘောတူညီမှု ဖြင့် အမွေရှင် မသေဆုံးခင် အမွေပုံစီမံခန့်ခွဲမှု ဆောင်ရွက်ထားနိုင်သည်။ မြန်မာဗုဒ္ဓဘာသာကိုးကွယ်သူများသည် အပေးဟန်ဆောင်ကာ အမွေရှင်သေဆုံးလျှင် အတည်ဖြစ်မည့် အရောင်းအဝယ်စာချုပ်ဖြင့် ပေးကမ်းခြင်းများ ဆောင်ရွက်ခွင့်မရှိပါ။ ဗုဒ္ဓဘာသာဝင်များသည် သေတမ်းစာ သဘောသက်ရောက်သည့် အပေးဟန်ဆောင်စာချုပ်များ ဆောင်ရွက်ခွင့်မရှိပါ။

သို့သော် အမွေပုံပစ္စည်းအား အမွေရှင် သေဆုံးသည့်အခါ အမွေရှင်နှင့် ဆက်ခံသူများအားလုံးမှ မည်သို့ စီမံခန့်ခွဲကြမည်ဟု သဘောတူညီကာ မိသားစုစီမံမှု ဆောင်ရွက်ခွင့်ရှိပါသည်။ အမွေရှင်သေဆုံးပြီးနောက်တွင်လဲ မိသားစုအားလုံးသဘောတူညီမှုပြုဖြင့် မိသားစုစီမံမှု ဆောင်ရွက်နိုင်သလို နုတ်ဖြင့်လဲ သဘောတူညီမှုပြုနိုင် ပါသည်။ မိသားစုစီမံမှုစာချုပ် ဆောင်ရွက်ရာတွင် အမွေပစ္စည်းနှင့် မသက်ဆိုင်သူများပါ ထည့်သွင်းချုပ်ဆိုထား ပါက မိသားစုစီမံမှုစာချုပ်မှာ ပျက်ပြယ်ပါသည်။

မိသားစုအား လုံးသဘောတူညီချက်ဖြင့် ပြုလုပ်ထားသော မိသားစုစီမံမှုစာချုပ်အား ဖောက်ဖျက်ခွင့် မရှိသလို ငြင်းဆိုခွင့်လဲ မရှိပါ။ သို့သော် မတရားဩဇာသုံးခြင်း၊ လိမ်လည်ခြင်းကြောင့်ဖြစ်ပေါ်လာသော မိသားစု စီမံမှုအား တရားရုံးတွင် စာချုပ်ပယ်ဖျက်စွဲဆိုနိုင်ပြီး ငြင်းဆိုခွင့်ရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service