ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
547 Views

ကားဟောင်းတွေကို စီးပြီး အဝတ်ဟောင်းတွေပဲ ဝတ်တဲ့ သန်းကြွယ်သူဌေးတွေအကြောင်း

Knowledge | Posted by Hnin Ei Khin

ခမ်းနားသိုက်မြိုက်သော ဘဝနေထိုင်မှုမျိုးကို ကျောခိုင်းကာ ခြိုးခြံချွေတာစွာ နေထိုင်လာကြသည့် သန်းကြွယ်သူဌေးများ များပြားလာနေသည်။

လူမှုကွန်ရက်မှ influencer တို့က အတောမသတ်နိုင်အောင် ဈေးဝယ်ထွက်ပြခြင်းနှင့် ငွေကုန်ကြေးကျ များစွာခံကာ skincare လုပ်ပြခြင်းတို့အပေါ် တုံ့ပြန်သည့်အနေဖြင့် အသုံးအစွဲလျှော့ခြင်းဟူသော စကား တွင်ကျယ်လာသည်။

Influencer တို့၏ အလွန်အကျွံသုံးစွဲနေမှုများကို ဝေဖန်ဆန့်ကျင်ကြပြီး အသုံးအစွဲလျှော့ရေးကို ဦးဆောင်ဆော်သြနေသူတို့သည် မလိုအပ်သည့်အရာများ မဝယ်ခြင်းဖြင့် minimalism ကို ပွဲထုတ်လာသည်။

ဟားဗတ်တက္ကသိုလ်ဆင်း လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ရှန် ဆာဗီဒရာသည် ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာကြွယ်ဝသူဖြစ်သော်လည်း ခြိုးခြံချွေတာသော ဘဝနေထိုင်မှုဟန်ပန်ဖြင့် စံနမူနာ နေထိုင်ပြလျက် ရှိသည်။

Fortune ၏ ဖော်ပြချက်အရ ဆာဗီဒရာနှင့် ခင်ပွန်းဖြစ်သူတို့သည် လော့စ်အိန်ဂျလိတွင် အိပ်ခန်း ၄ ခန်းပါ နေအိမ်ကို ငှားရမ်းနေထိုင်ကြပြီး ၁၆ နှစ်သက်တမ်းရှိပြီဖြစ်သော ကားဟောင်းတစ်စီးကိုသာ အတူစီးကြကာ ဈေးဝယ်ထွက်လျှင်လည်း ဈေးသက်သာသော ရေခဲရိုက်အစားအစာများကိုသာ ဝယ်ယူလေ့ရှိသည်ဟု ဆိုသည်။

၎င်းတို့၏ သားသမီးများမှာလည်း အခြားသူတို့ ဝတ်ဆင်ပြီးဖြစ်သော အဝတ်အစားဟောင်းများကိုသာ ဝတ်ဆင်ကြပြီး ကစားစရာများကိုလည်း Facebook တွင် တင်ကာရောင်းချသော တစ်ပတ်ရစ်များသာ ဝယ်ယူလေ့ရှိသည်။

ဆာဗီဒရာတို့ ဇနီးမောင်နှံသည် ကလေးများ၏ ပညာရေး၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနှင့် ပရဟိတတို့အတွက်သာ ငွေကိုအဓိက သုံးစွဲသည်။

ဆာဗီဒရာတို့စုံတွဲ၏ သားသမီးများသည် ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ယူနေသည်။

ဆာဗီဒရာသည် နယူးယောက်တွင် အိမ်ခြံမြေများ ပိုင်ဆိုင်ထားပြီး ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လျက်ရှိသူ ဖြစ်သည်။

“တကယ်တော့ ကျွန်မဟာလည်း luxury ပစ္စည်းတွေရဲ့ ဖျားယောင်းမှုကို ခံနေရဆဲပါပဲ။ ပျော်စရာကောင်းတဲ့ date night တွေ ရှိကြပါတယ်။ ဒါပေမယ့် တစ်ခုခုကို ဘာကြောင့်လိုချင်တယ်ဆိုတဲ့အပေါ် နားလည်တာဟာ ကိုယ့်ဘဝရဲ့ မပြည့်စုံတဲ့အပိုင်းနဲ့ ဆက်စပ်နေတဲ့ စိတ်ပိုင်းလိုအပ်ချက်ကို ပြသနေတာပါပဲ” ဟု ဆာဗီဒရာက Fortune မဂ္ဂဇင်းသို့ ပြောသည်။

ဆာဗီဒရာနည်းတူ သုတေသနပညာရှင်တစ်ဦးဖြစ်သူ အန်နီကိုးလ်သည်လည်း သန်းကြွယ်သူဌေးတစ်ဦး ဖြစ်သော်လည်း ခြိုးခြံချွေတာသည့် ဘဝပုံစံဖြင့်သာ နေထိုင်သူ ဖြစ်သည်။

အန်နီကိုးလ်သည် သူမ၏ကားကို လွန်ခဲ့သောနှစ်အနည်းငယ်က ရောင်းထုတ်ခဲ့ပြီး ငွေကုန်ကြေးကျ သက်သာစေရန် တစ်ပတ်စာကို တစ်ခါတည်း အပြီးချက်ပြုတ်ထားသည်။ ဆံပင်အတွက် ငွေကုန်ကျရမှု မရှိစေရန် ဆံပင်ကိုပါ ဖြတ်ပစ်သည်။

အန်နီကိုးလ်သည် တစ်နှစ်လျှင် ၃ ကြိမ်သာ အဝတ်အစားဝယ်ယူပြီး အထည်ဟောင်းများသာ ဝယ်ယူခြင်း ဖြစ်သည်။

အပန်းဖြေခရိးများတွင်လည်း အခမဲ့ရသော လမ်းလျှောက်ခြင်း၊ ရေကူးခြင်းတို့သာ လုပ်ဆောင်သည်။

လေကြောင်းခရီးများတွင်လည်း free air mile ကို အသုံးပြုလေ့ရှိသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: These Millionaires Are Driving Old Cars, Buying Frozen Food And Wearing Old Clothes. Here's Why

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service