ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ - Property News in Myanmar from iMyanmarHouse.com
15 Jan 2025 12:30 pm တွင် တင်ခဲ့သည်
888 ကြိမ် ကြည့်ရှု့ပြီး

အကယ်၍ သင်သည် ကိုရီးယားဇာတ်လမ်းတွဲများကို နှစ်ပေါင်းများစွာ အားပေးခဲ့သည့် အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲများကို နှစ်သက်ခဲ့ခြင်းမှာ လီမင်ဟို၏ ဇာတ်လမ်းတွဲတစ်ခုကို ကြည့်ရှုမိခဲ့ခြင်းကြောင့်ဟုဆိုလျှင် ထိုအချက်မှာ အံ့အားသင့်ဖွယ် မရှိချေ။

လက်ရှိအားဖြင့် လီမင်ဟိုသည် ကမ္ဘာပေါ်တွင် လူသိအများဆုံး ကိုရီးယားသရုပ်ဆောင်ဖြစ်နေခြင်းမှာ မငြင်းနိုင်ချေ။

လီမင်ဟို၏ လူအများစွဲလမ်းခဲ့ရသော ဇာတ်လမ်းတွဲများတွင် Boys Over Flowers, The Heirs နှင့် The Legend of the Blue Sea တို့မှာ အထင်ရှားဆုံး ဖြစ်သည်။

မကြာသေးမီက ပါဝင်သရုပ်ဆောင်ခဲ့သည်မှာ The King: Eternal Monarch နှင့် Pachinko တို့ ဖြစ်သည်။

လက်ရှိတွင် လီမင်ဟိုသည် အာကာသခရီးသည်တစ်ဦးနှင့် ကွန်မန်ဒါတစ်ဦးတို့ ကြားမှာ အချစ်ရေးကို ရိုက်ကူးထားသော When the Stars Gossip ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်နေသည်။

အဆိုပါဇာတ်လမ်းတွဲကို Netflix မှတဆင့် ကြည့်ရှုနိုင်သည်။

ရုပ်ရှင်နယ်တွင် ဖြတ်သန်းမှု ကြာမြင့်ခဲ့သည်နှင့်အမျှ အလွန် ချမ်းသာကြွယ်ဝလာခဲ့ပြီး အိမ်ခြံမြေပိုင်ဆိုင်မှုများလည်း များပြားလာသည်။

လီမင်ဟို၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၆ သန်းခန့်ရှိကြောင်း Lifestyle Asia က ဖော်ပြသည်။

လီမင်ဟိုသည် လက်ရှိအားဖြင့် ဆိုးလ်မြို့တော်တွင် အခြေချ နေထိုင်သည်။

ဆိုးလ်မြို့တော် Seongbuk-dong အရပ်တွင် ကြီးမားကျယ်ဝန်းသော စံအိမ်ကြီး ၂ လုံး ပိုင်ဆိုင်ထားသည်။

လီမင်ဟို၏ စံအိမ်မှာ တောင်တန်းများ၏ ခြေရင်း Seongbuk-dong အရပ်တွင် တည်ရှိပြီး ဆိုးလ်မြို့တော်၏ သာယာလှပသော ရှုမျှော်ခင်းများကို တွေ့မြင်ရသည့်နေရာ ဖြစ်သည်။

အစဉ်အလာဂုဏ်သတင်းကြီးခဲ့သည့်ဒေသဖြစ်ပြီး ချိုဆန်မင်းဆက်ခေတ် (Joseon Dynasty) က အိမ်တော်များစွာ တည်ရှိခဲ့သည့်နေရာ ဖြစ်သည်။

လီမင်ဟို၏ အိမ်နီးချင်းများအနေဖြင့် Cele Couple ဖြစ်သော Lee Seung Gi နှင့် Lee Da Hee တို့၏ စံအိမ်ရှိသည်။

ထို့အပြင် အဆိုပါဒေသတွင် နိုင်ငံရေးနယ်ပယ်မှ အကြီးအကဲများ၊ ကိုရီးယားထိပ်တန်းကုမ္ပဏီကြီးများမှ အကြီးအကဲများနှင့် သံအမတ်ကြီးများ၏ စံအိမ်များလည်း တည်ရှိသည်။

လီမင်ဟို၏ စံအိမ်အတွင်းပိုင်းဓာတ်ပုံသစ်များ ထွက်ပေါ်လာရာ လီမင်ဟိုမှာ minimalism ကို နှစ်သက်သူ ဖြစ်ကြောင်း သိလာရသည်။

Neutral colour ကို အဓိကအသုံးပြုထားပြီး ဧည့်ခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းများ တပ်ဆင်ထားသောကြောင့် သဘာဝအလင်းကောင်းစွာရရှိသည်။

လီမင်ဟိုက မီးခိုးရောင်သန်းသော ကြီးမားလှသည့် အဝတ်ဗီရိုကြီးကိုလည်း ပရိသတ်များအား ချပြလာသည်။

အိပ်ခန်းတွင်လည်း အဖြူနှင့် မီးခိုးရောင်တို့ကိုသာ သုံးထားသည်။

လီမင်ဟိုသည် Seongbuk-dong အရပ်မှ စံအိမ်ကြီး ၂ လုံးအပြင် Gangnam ခရိုင်၊ Nonhyeon အရပ်တွင်လည်း ၉ ထပ်တိုက်တစ်လုံး ပိုင်ဆိုင်ထားသည်။

Tatler Asia ၏ ဖော်ပြချက်အရ ၉ ထပ်တိုက်တွင် အားကစားလေ့ကျင့်ခန်းမ၊ ရုပ်ရှင်ခန်း၊ ပါတီခန်းတို့ ပါဝင်ပြီး ကန်ဒေါ်လာ ၂ သန်းကျော် တန်ကြေးရှိသည်ဟု ဆိုသည်။

ထို့အပြင် Mark Hills အရပ်တွင် တိုက်ခန်းတစ်ခန်း၊ Heukseok-dong တွင် ကွန်ဒိုခန်းတစ်ခန်းလည်း ပိုင်ဆိုင်ထားသေးသည်။

Heukseok-dong အရပ်သည် ကိုရီးယားအကျော်အမော်များဖြစ်သော Krystal, Kim Yuna, Jang Dong Gun နှင့် Ko So Young တို့ အပါအဝင် ကိုရီးယား elite များစွာ နှစ်သက်သော နေရာဖြစ်သည်။

Hyun Bin သည်လည်း Mark Hills တွင် တိုက်ခန်းတစ်ခန်း ပိုင်ခဲ့ဖူးပြီး Son Ye Jin နှင့် လက်ထပ်ချိန်တွင် မင်္ဂလာဦးစံအိမ်သို့ ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။

(ဆက်စပ်သတင်း)

လီမင်ဟို (သို့မဟုတ်) ဂူဂျွန်ဖြိုး၏ ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းတန် စံအိမ်

https://www.imyanmarhouse.com/news/read/1058315

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Lee Min Ho's luxurious Seoul home worth Rs 37 crore: 16 photos and videos that give a tour of the When the Stars Gossip actor's gorgeous residence

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service