အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!! - Property Knowledge in Myanmar from iMyanmarHouse.com
640 Views

အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!

Knowledge | Posted by Hnin Ei Khin

နှစ်ကူးဖို့နီးလာတာနဲ့အမျှ အွန်လိုင်းပေါ်မှာ နှစ်သစ်အတွက်ကံကောင်းစေမယ့်အနောက်တိုင်းအစီအမံလေးတစ်ခု နာမည်ကြီးလာပြန်ပါတယ်။ အဲ့တာကတော့ ထမင်းစားပွဲအောက်မှာ ငုံ့ပြီးစားရတဲ့ စပျစ်သီး ၁၂ လုံးအကြောင်းပါပဲ။ အဲ့တော့ စားပွဲအောက်က စပျစ်သီး ၁၂ လုံးအစီအရင်လေးကို အသေးစိတ်လေး ပြောပြချင်ပါတယ်။

12 Grapes Under The Table AT Midnight ဆိုတဲ့အတိုင်းပဲ နှစ်သစ်ကူး ည ၁၂ နာရီမှာ စပျစ်သီး ၁၂ လုံးစားရမယ့် အစီအရင်လေးပါ။ ထူးခြားတာက သူ့မှာကန့်သတ်ချက်တွေရှိနေပါတယ်။ စပျစ်သီး ၁၂ လုံးဟာ နှစ်သစ်ရဲ့ လ ၁၂ လတာကိုရည်ညွှန်းတာဖြစ်ပါတယ်။ စပျစ်သီးတစ်လုံးစီကို ည ၁၂ နာရီထိုးတဲ့အချိန် နာရီမှ ၁၂ ချက်မြည်တဲ့အခါမှာစားရပါမယ်။ စက္ကန့်မှာ တစ်ချက်မြည်တာဆိုတော့ စပျစ်သီး ၁၂ လုံးကို ၁၂ စက္ကန့်အတွင်း မနားတမ်းစားရမှာပါ။ အကယ်၍ နာရီမြည်တာကို မကြားနိုင်တဲ့နေရာမှာရောက်နေခဲ့ရင်လည်း ကိုယ့်လက်ပတ်နာရီကနေ ၁၂ နာရီထိုးကနေ တစ်စက္ကန့်စီရေတွက်သွားပြီး စပျစ်သီးစားလို့ရပါတယ်။ အသီးနင်တာ စားချိန်ကြာတာမဖြစ်ရအောင် စပျစ်သီးအလုံးသေးလေးတွေ ရွေးထားဖို့တော့လိုပါမယ်။ စပျစ်သီးစားရမယ့်နေရာကတော့ စားပွဲခုံအောက်မှာ ငုံ့စားရမှာပါ။ စားပွဲခုံမရှိတဲ့အခါ စာရေးစားပွဲအမြင့်အောက် ငုံ့ဝင်စားလဲရပါတယ်။ စပျစ်သီးမစားခင်မှာ ကိုယ်ဖြစ်ချင်တဲ့ဆုတောင်းများကို စိတ်ထဲကဆုတောင်းနိုင်ပါတယ်။ စပျစ်သီး ၁၂ လုံးစာအတွက် ဆုတောင်း ၁၂ ခုပါ။ ဆုတောင်းတစ်ခုထဲကိုပဲ ထပ်ခါဆုတောင်းလို့ရပါသေးတယ်။ နောက်ထပ်တစ်မျိုးကတော့ စပျစ်သီးစားနေတဲ့အချိန်မှာ အချစ်ရေးကံကောင်းစေဖို့အတွက် အနီရောင်အတွင်းခံ၊ နှစ်သစ်မှာပိုမိုပျော်ရွှင်စေဖို့အတွက် အဝါရောင်အတွင်းခံ၊ ငွေကြေးပြည့်စုံချမ်းသာမှုအတွက် အစိမ်းရောင်အတွင်းခံ သုံးမျိုးရှိပြီး ကြိုက်နှစ်သက်ရာကိုဝတ်ထားနိုင်ပါတယ်။ ဆုတောင်းလေးတွေတကယ်ပြည့်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် လက်ဆင့်ကမ်းလာခဲ့ရင်း ဒီအစီအရင်လေးက အွန်လိုင်းအသုံးပြုသူများကြားနာမည်ကြီးလို့လာပါတယ်။ အထူးသဖြင့် အတွင်းခံအနီရောင်လေးဝတ်ပြီး အချစ်ရေးပိုမိုကံကောင်းလာစေရန်အတွက် ရည်ရွယ်စားသုံးကြတာပါ။ ကဲ နှစ်သစ်လည်း နီးလာပြီဆိုတော့ အချစ်ရေးမှာကျွန်းခံနေသူများ Try ကြည့်လိုက်တော့နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service