Knowledge | Posted by Shwe Zin Win
[Unicode]
နောင်နှစ်ပေါင်း ၄၅ - ၅၀ နှစ်များတိုင်ထိ မြင်သူတိုင်းကို ပျော်ရွှင်စေရန် ပြုံးချိုသစ်တောငယ်ဖန်တီးသူ သစ်တောထွက်ပစ္စည်းနှင့် သစ်တောမြေပိုင်ရှင် Hampton Lumber ကုမ္ပဏီမှ ရည်ရွယ်ထားခဲ့ဟန်တူသည်။
ဆောင်းဦးရာသီရောက်တိုင်း ပြုံးချိုချို Happy Face ပုံစံလေး ပြောင်းလဲသွားအောင် douglas fir သစ်ပင်များကို အလှစိုက်ပျိုးခဲ့ခြင်းဖြစ်ပါတယ်။ douglas fir သစ်ပင်ဟာ ထင်းရှူးပင်အမျိုးအစားတစ်မျိုးဖြစ်ပြီး ဆောင်းဦးရာသီရောက်တဲ့အချိန်မှာ နီဝါရောင်ပြောင်းလဲသွားတဲ့ သစ်ရွက်လေးတွေနဲ့ အလွန်လှပတဲ့ ထင်းရှူးပင်အမျိုးအစား ဖြစ်ပါတယ်။
Hampton Lumber က တော့ ဆောင်းဦးရာသီမှာ နီဝါရောင်ပြောင်းလဲသွားတဲ့ ထင်းရှူးပင်တွေကို အပြုံးမျက်နှာပုံစံ ပုံဖော်ထားပြီး စိုက်ပျိုးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဆောင်းဦးရာသီ ရောက်ပြီမို့ ကမ္ဘာမြေပေါ်က လှပလွန်းတဲ့ဆောင်းရာသီ မြင်ကွင်းလေးများကို ဝေမျှပေးသွားတာပဲ ဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit: designboom
[Zawgyi]
နောင်နှစ်ပေါင်း ၅၀ အထိတိုင်အောင် ဆောင်းဦးရောက်တိုင်း မြင်တွေ့ရနိုင်မယ့် ပြုံးချိုချိုသစ်တောအုပ်အလှ