မနက် ၆ နာရီမှာ ထွက်ပေါ်လာတဲ့ ဦးခေါင်းပြတ်ပုံသဏ္ဍာန်မိုးပျံပူဖောင်းကြောင့် တိုကျိုမြို့နေ ဂျပန်ပြည်သူများ ထိတ်လန့်သွားခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
14816 Views
မနက် ၆ နာရီမှာ ထွက်ပေါ်လာတဲ့ ဦးခေါင်းပြတ်ပုံသဏ္ဍာန်မိုးပျံပူဖောင်းကြောင့် တိုကျိုမြို့နေ ဂျပန်ပြည်သူများ ထိတ်လန့်သွားခဲ့
Knowledge | Posted by Zarni Kyaw
[Unicode]
ဇူလိုင် ၁၆ ရက်နေ့ မနက်ခင်း ၆ နာရီဝန်းကျင်ခန့်မှာ ဦးခေါင်းပြတ်တစ်လုံး တိုကျိုမြို့မိုးကောင်းကင်ပေါ်လို့ လွင့်တင်လာခဲ့ပါတယ်။ ဦးခေါင်းပြတ်ကိုမြင်မြင်ချင်း ဂျပန်ပြည်သူများထိတ်လန့်သွားခဲ့ပြီးနောက် ဦးခေါင်းပုံသဏ္ဍာန်မိုးပျံပူဖောင်းတစ်လုံးသာဖြစ်တဲ့ အကြောင်း နားလည်သွားခဲ့ပြီးမှသာ စိတ်သက်သာရာရသွားခဲ့ပါတယ်။
ဦးခေါင်းပြတ်ပုံပူဖောင်းကို လွှင့်တင်ခဲ့သူများမှာ Japanese Modern Art Group မှဖြစ်ပြီး ခြောက်ထပ်တိုက်အမြင့်အထိ ရောက်အောင်လွှင့်တင်ခဲ့ကြတယ်လို့ဆိုပါတယ်။
လွင့်မျောနေတဲ့ ဦးခေါင်းပြတ်မိုးပျံပူဖောင်းကိုမြင်သူတိုင်း စိတ်ထဲချက်ချင်းတွေးမိကြတဲ့အတွေးကတော့ ဂျပန်ရုပ်ပြကာတွန်းရေးဆွဲသူ Junji Ito ရဲ့ နာမည်ကြီးသရဲရုပ်ပြကာတွန်းထဲက Human Head Balloon ဆိုတဲ့ အပိုင်းကိုပါ။
ထိုဇာတ်လမ်းထဲမှာ ခေါင်းပြတ်တွေဟာ လူတွေရဲ့အသက်ဇီဝိန်ကိုခြွေယူမယ့် တစ္ဆေသရဲတွေဖြစ်ပြီး ကောင်းကင်ပေါ်မှာလွင့်မျောကာ သားကောင်ကိုရှာဖွေကြပါတယ်။
ခေါင်းပြတ်ရဲ့အောက်ခြေမှာ ကြိုးတစ်စတွဲလဲချထားပါတယ်။ ကောင်းကင်ပေါ်ကခေါင်းပြတ်တွေကမြေပြင်ပေါ်က လူသားတွေကိုပိုက်စိတ်တိုက်ရှာဖွေနေပြီး သူတို့ကိုကြောက်ရွံ့တဲ့သူကိုတွေ့တာနဲ့ ပါလာတဲ့ကြိုးနဲ့အဆင်သင့်ဆွဲခေါ်သွားတတ်ပါတယ်။
ဒီ Comic ကို အခြေခံပြီး ရုပ်ပြကာတွန်းရဲ့အောင်မြင်မှုကိုချီးမြှောက်တဲ့အနေနဲ့ ဂျပန်အနုပညာအသင်းသားများက မိုးပျံပူဖောင်းလွှင့်တင်ခဲ့ကြခြင်းဖြစ်ကာ တိုကျိုမြို့နေပြည်သူများအတွက်တော့ အံ့အားသင့်စရာ ဖြစ်သွားခဲ့ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit:  inf.news
[Zawgyi]
Photo Credit:  inf.news
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
From 19 Jul To 20 Jul
Royal Theikdi Condo
From 19 Jul To 20 Jul
Mingalar Market
From 08 Jul To 08 Aug
Central Shophouse
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service