၁၅ ရာစုနှစ် သမိုင်းကြောင်းနောက်ခံနှင့် ကြွက်များကို ကိုးကွယ်ရာမြင့်မြတ်တဲ့သတ္တဝါအဖြစ် မှတ်ယူထားသော အိန္ဒိယနိုင်ငံမှ ကာနိမာတာ ကြွက်ဘုရားကျောင်း - Property Knowledge in Myanmar from iMyanmarHouse.com
435 Views

၁၅ ရာစုနှစ် သမိုင်းကြောင်းနောက်ခံနှင့် ကြွက်များကို ကိုးကွယ်ရာမြင့်မြတ်တဲ့သတ္တဝါအဖြစ် မှတ်ယူထားသော အိန္ဒိယနိုင်ငံမှ ကာနိမာတာ ကြွက်ဘုရားကျောင်း

Knowledge | Posted by Zarni Kyaw

[Unicode]

 

အိန္ဒိယနိုင်ငံ ဘီကာနယ် မြို့မှာရှိတဲ့ ကာနိမာတာ ဘုရားကျောင်းမှာတော့ ကြွက်များကို မြင့်မြတ်တဲ့ သတ္တဝါအနေဖြင့် ကိုးကွယ်နေကြပုံကို ဆန်းပြားစွာတွေ့မြင်နိုင်မှာဖြစ်ပါတယ်။

၁၅၃၀ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ နှစ်ပေါင်းရာချီ ဘုရားကျောင်းရဲ့နောက်ခံသမိုင်းကြောင်းဟာ ဆောက်လုပ်ရာ ၁၅ ရာစုနှစ်မှအစချီလာခြင်းဖြစ်ပြီး ဘာသာရေးယုံကြည်ကိုးကွယ်မှုများနဲ့ များစွာဆက်စပ်နေပါတယ်။

ကာနိမာတာ ကြွက်ဘုရားကျောင်းဟာ ဟိန္ဒူဘာသာရဲ့ ကာကွယ်ရေးနတ်ဘုရားမ ဒူဂါမယ်တော်ရဲ့ လူသဏ္ဌာန် ကာနီမာတမယ်တော်ကို ကိုးကွယ်တဲ့ဘုရားကျောင်းဖြစ်ပါတယ်။ ကာနီမာတဟာ ရာဂျတ်စတန်မှာ ၁၄ ရာစု နှစ်မှ ၁၅ ရာစုနှစ်ကြား နေထိုင်ခဲ့တဲ့ ချာရမ်မျိုးနွယ်စုရဲ့ လေးစားဖွယ်အမျိုးသမီးကောင်းတစ်ဦး ဖြစ်ပါတယ်။

သမိုင်းကြောင်းအရ ကာနီမာတာရဲ့ မွေးစားသား လက်စ်မန်းဟာ ရေတွင်းတစ်တွင်းမှာ ရေသောက်ဖို့ ကြိုးပမ်းရင်း သေဆုံးသွားခဲ့ပြီး ကာနီမာတာမှ သေဆုံးခြင်းနတ်ဘုရား ယာမဆီ ဆည်းကပ်ကာ မွေးစားသား အသက်ရှင်စေဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

နတ်ဘုရား ယာမဟာ ကာနီမာတာရဲ့ မယိမ်းယိုင်တဲ့ ဆည်းကပ်မှုကြောင့် အသက်ပြန်ရှင်စေရန် ဆောင်ကြဉ်းပေးခဲ့ပါတယ်။ဒါပေမဲ့ လူ့အဖြစ်ပြန်လည် ဖန်ဆင်းခြင်းမပြုဘဲ ကြွက်တစ်ကောင်အဖြစ်သာ ဖန်ဆင်းစေခဲ့ပါတယ်။ လက်စ်မန်းနဲ့ ချာရမ်မျိုးနွယ်စုမှ နောက်လိုက်အပေါင်းအပါတွေဟာလည်း ကြွက်အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပြီး ကြွက်ဘဝသံသရာကုန်ဆုံးသွားခဲ့ပါက လူသားအဖြစ် ပြန်လည်မွေးဖွားလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အဲဒီလို စိတ်ဝင်စားဖွယ် သမိုင်းကြောင်းနောက်ခံရှိနေတဲ့ ကာနိမာတာ ကြွက်ဘုရားကျောင်းဟာ ကြွက်တွေကို မြင့်မြတ်တဲ့သတ္တဝါအဖြစ် နို့၊အချိုမုန့်စတဲ့ စားသောက်ဖွယ်ရာတွေနဲ့ ဆည်းကပ်ခဲ့ကြရာမှာ ယနေ့ထိတိုင်ဖြစ်ပါတယ်။

ကာနိမာတာ ဘုရားကျောင်းက ကြွက်များကို ကာဘာ လို့ခေါ်ကြပါတယ်။ ကြွက်ဘုရားကျောင်းကို လာရောက်လေ့လာကြတဲ့ ကမ္ဘာလှည့်ခရီးသွားများ စည်ကားလို့နေပြီးကြွက်မည်းများထဲမှာ ထင်ရှားသောကြွက်ဖြူတစ်ကောင်ကိုတွေ့မြင်မိပါက အလွန်ကံကောင်းတတ်တယ်လို့ အယူရှိပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

  [Zawgyi]

၁၅ ရာစုႏွစ္သမိုင္းေၾကာင္းေနာက္ခံႏွင့္ ႂကြက္မ်ားကို ကိုးကြယ္ရာျမင့္ျမတ္တဲ့သတၱဝါအျဖစ္ မွတ္ယူထားေသာ အိႏၵိယႏိုင္ငံမွ ကာနိမာတာ ႂကြက္ဘုရားေက်ာင္း

 

အိႏၵိယႏိုင္ငံ ဘီကာနယ္ ၿမိဳ႕မွာ႐ွိတဲ့ ကာနိမာတာ ဘုရားေက်ာင္းမွာေတာ့ ႂကြက္မ်ားကို ျမင့္ျမတ္တဲ့ သတၱဝါအေနျဖင့္ ကိုးကြယ္ေနၾကပုံကို ဆန္းျပားစြာေတြ႕ျမင္ႏိုင္မွာျဖစ္ပါတယ္။

၁၅၃၀ ခုႏွစ္မွာ ေဆာက္လုပ္ခဲ့တဲ့ ႏွစ္ေပါင္းရာခ်ီ ဘုရားေက်ာင္းရဲ႕ေနာက္ခံသမိုင္းေၾကာင္းဟာ ေဆာက္လုပ္ရာ ၁၅ ရာစုႏွစ္မွအစခ်ီလာျခင္းျဖစ္ၿပီး ဘာသာေရးယုံၾကည္ကိုးကြယ္မႈမ်ားနဲ႔ မ်ားစြာဆက္စပ္ေနပါတယ္။

ကာနိမာတာ ႂကြက္ဘုရားေက်ာင္းဟာ ဟိႏၵဴဘာသာရဲ႕ ကာကြယ္ေရးနတ္ဘုရားမ ဒူဂါမယ္ေတာ္ရဲ႕ လူသဏၭာန္ ကာနီမာတမယ္ေတာ္ကို ကိုးကြယ္တဲ့ဘုရားေက်ာင္းျဖစ္ပါတယ္။ ကာနီမာတဟာ ရာဂ်တ္စတန္မွာ ၁၄ ရာစု ႏွစ္မွ ၁၅ ရာစုႏွစ္ၾကား ေနထိုင္ခဲ့တဲ့ ခ်ာရမ္မ်ိဳးႏြယ္စုရဲ႕ ေလးစားဖြယ္အမ်ိဳးသမီးေကာင္းတစ္ဦး ျဖစ္ပါတယ္။

သမိုင္းေၾကာင္းအရ ကာနီမာတာရဲ႕ ေမြးစားသား လက္စ္မန္းဟာ ေရတြင္းတစ္တြင္းမွာ ေရေသာက္ဖို႔ ႀကိဳးပမ္းရင္း ေသဆုံးသြားခဲ့ၿပီး ကာနီမာတာမွ ေသဆုံးျခင္းနတ္ဘုရား ယာမဆီ ဆည္းကပ္ကာ ေမြးစားသား အသက္႐ွင္ေစဖို႔အတြက္ ေတာင္းဆိုခဲ့ပါတယ္။

နတ္ဘုရား ယာမဟာ ကာနီမာတာရဲ႕ မယိမ္းယိုင္တဲ့ ဆည္းကပ္မႈေၾကာင့္ အသက္ျပန္႐ွင္ေစရန္ ေဆာင္ၾကဥ္းေပးခဲ့ပါတယ္။ဒါေပမဲ့ လူ႕အျဖစ္ျပန္လည္ ဖန္ဆင္းျခင္းမျပဳဘဲ ႂကြက္တစ္ေကာင္အျဖစ္သာ ဖန္ဆင္းေစခဲ့ပါတယ္။ လက္စ္မန္းနဲ႔ ခ်ာရမ္မ်ိဳးႏြယ္စုမွ ေနာက္လိုက္အေပါင္းအပါေတြဟာလည္း ႂကြက္အျဖစ္ ျပန္လည္ေမြးဖြားလာခဲ့ၿပီး ႂကြက္ဘဝသံသရာကုန္ဆုံးသြားခဲ့ပါက လူသားအျဖစ္ ျပန္လည္ေမြးဖြားလာလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။

အဲဒီလို စိတ္ဝင္စားဖြယ္ သမိုင္းေၾကာင္းေနာက္ခံ႐ွိေနတဲ့ ကာနိမာတာ ႂကြက္ဘုရားေက်ာင္းဟာ ႂကြက္ေတြကို ျမင့္ျမတ္တဲ့သတၱဝါအျဖစ္ ႏို႔၊အခ်ိဳမုန္႔စတဲ့ စားေသာက္ဖြယ္ရာေတြနဲ႔ ဆည္းကပ္ခဲ့ၾကရာမွာ ယေန႔ထိတိုင္ျဖစ္ပါတယ္။

ကာနိမာတာ ဘုရားေက်ာင္းက ႂကြက္မ်ားကို ကာဘာ လို႔ေခၚၾကပါတယ္။ ႂကြက္ဘုရားေက်ာင္းကို လာေရာက္ေလ့လာၾကတဲ့ ကမ႓ာလွည့္ခရီးသြားမ်ား စည္ကားလို႔ေနၿပီးႂကြက္မည္းမ်ားထဲမွာ ထင္႐ွားေသာႂကြက္ျဖဴတစ္ေကာင္ကိုေတြ႕ျမင္မိပါက အလြန္ကံေကာင္းတတ္တယ္လို႔ အယူ႐ွိပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

MIngalardon Garden City
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service