မီးဖိုချောင်ကို ဘယ်လိုပုံစံထားကြမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
647 Views

မီးဖိုချောင်ကို ဘယ်လိုပုံစံထားကြမလဲ

Knowledge | Posted by Shwe Zin Win

[Unicode]

၁။ မီးပလပ်ခုံများ

ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၏ထုံးစံအရ မီးပလပ်ခုံများကိုမီးဖိုချောင်ထဲတွင် လေးပေအကွာအဝေးတစ်ခုစီ ထားရလေ့ရှိသည်။မီးသမားများမှာ အဖြူရောင်ပလပ်ခုံများအား ရွေးချယ်အသုံးပြုလေ့ရှိပြီး ထိုအဖြူရောင်ပလတ်ခုံများသည် အဖြူရောင်မဟုတ်သော မီးဖိုချောင် နံရံကပ်ကြွေပြားများ၏အလှကို ဖျက်ဆီးပစ်နေသည်။ထိုသို့ မဖြစ်စေရန် ကြွေပြားနံရံနှင့် အရောင်တူသော ပလပ်ခုံအားရွေးချယ်အသုံးပြုခြင်းပင်။အရောင်နှင့်ပလပ်ခုံများကို လျှပ်စစ်ပစ္စည်းရောင်းသောဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

၂။ ဗီရိုအောက်မှ ပုံစံခွက်ပလပ်ခုံများ

သန့်ရှင်းသော ကြွေပြားနံရံများ၏အလှကို မဖျက်ဆီးပစ်ချင်လျှင် နံရံကပ်ဗီရိုများ၏အောက်တွင် ပလပ်ခုံများတပ်ဆင်ထားနိုင်သည်။

၃။ အရောစတိုင်

ပေါင်မုန့်မီးကင်စက်နဲ့ကော်ဖီဖျော်စက်ကိုစားပွဲပေါ်မှာ ထားမည်ဆိုလျှင် အမြဲပလပ်ထိုးပြီးအသုံးပြုနေရမှာဖြစ်၍ ဒီပစ္စည်းကိရိယာတွေရဲ့နောက်မှာ နံရံကပ်ပလပ်ခုံတစ်ခုထားဖို့လိုသည်။ မဟုတ်ရင် လျှပ်စစ်ကြိုးအရှည်ကြီးက တန်းလန်းကြီးဖြစ်နေရင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပါမည်။ပလပ်ခုံဒီဇိုင်းကိုပုံစံခွက်ဒီဇိုင်းနဲ့ပေါင်းစပ်ထားတဲ့ ပလပ်ခုံမျိုးကိုသာအသုံးပြုသင့်သည်။

၄။ မီးအားသွင်းရန်နေရာပြုလုပ်ခြင်း

ဒီနေ့ခေတ်ကများပြားတဲ့လျှပ်စစ်ပစ္စည်းကိရိယာတွေက အချိန်နဲ့တပြေးညီမီးအားသွင်းနိုင်ဖို့ အရေးကြီးပါတယ်။ အံဆွဲထဲမှာ လျှို့ဝှက်ပလပ်ခုံတစ်ခုတပ်ဆင်ထားမယ်ဆိုရင် မီးအားသွင်းထားတဲ့ဖုန်းတွေနဲ့ iPad တွေကိုမျက်စိရှေ့မှာ မြင်နေရတော့မှာမဟုတ်။

 

၅။ နံရံကပ်ဗီရိုအောက်တွင်မီးထွန်းခြင်း

မီးဖိုချောင်ထဲမှ နံရံကပ်ဗီရိုအောက်မှာမီးထွန်းရခြင်း၏အဓိကရည်ရွယ်ချက်မှာ အောက်မှာရှိသောစားပွဲမျက်နှာပြင်ကိုအလင်းရောင်ပေးနိုင်ရန်အတွက် ဖြစ်သည်။ဗီရိုအောက်က မီးကိုဗီရိုရဲ့အနောက်ဘက်မဟုတ်ဘဲ အရှေ့ဘက်မှာတပ်ဆင်ပါ။ မီးက ဗီရိုရဲ့နောက်ဘက်ကိုရောက်နေမယ်ဆိုလျှင် စားပွဲမျက်နှာပြင်မဟုတ်ပဲ နံရံကပ်ကြွေပြားတွေသာပေါ်လွင်သွားမှာဖြစ်လို့ မီးရဲ့ မူလရည်ရွယ်ချက်ပျောက်ဆုံးသွားနိုင်ပါသည်။

 

၆။ ဗီရိုတွေကိုတောက်ပအောင်လုပ်ပါ

အရင်က ဗီရိုထဲမှာမီးထွန်းတယ်ဆိုလျှင် အဆင့်တစ်ဆင့်စီတိုင်းက မှန်နဲ့ပိုင်းခြားထားတာ ဖြစ်ပါသည်။ ဗီရို၏အတွင်းပိုင်းအမိုးကနေဖြာကျလာတဲ့အလင်းရောင်က အဆင့်တွေအားလုံးကိုဖြတ်ကျော်ပြီး ဗီရိုအတွင်းပိုင်းတစ်ခုလုံးကို အလင်းရောင်ပေးနိုင်ရန် လိုအပ်သည်။ မီးရောင်နဲ့ဝေးရာကိုရောက်လေလေ ဗီရိုထဲမှာမီးရောင်မှိန်သွားလေလေပါပဲ။ ဒါပေမဲ့ အချိန်ကာလတွေကြာမြင့်ပြီး မီးသီးတွေခေတ်မီလာတာနဲ့အမျှ ဒီနေ့ခေတ်မှာဆိုရင်တော့ ဗီရိုအတွင်းပိုင် နံရံနှစ်ဖက်လုံးမှာ LED မီးချောင်းတွေကိုသာတပ်ဆင်လိုက်ပါ။ မီးချောင်းကို ဗီရိုရဲ့မျက်နှာပြင်ဖရိန်ထဲမှာကွယ်ဝှက်တပ်ဆင်ပါ။ ဖရိန်မပါတဲ့ဗီရိုဆိုရင် ဗီရိုရဲ့ဘေး နံရံကမြောင်းအကြောင်းလေးထဲမှာတပ်ဆင်ပါ။

 

၇။ မိုက်ခရိုဝေ့ဖ်မီးဖိုကို အထဲထည့်ထားပါ

အဖျော်ယမကာတွေနဲ့အစားအသောက်တွေကိုအပူပေးဖို့ မိုက်ခရိုဝေ့ဖ်မီးဖိုက မီးဖိုချောင်ရဲ့အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အိမ်ရှင်အများစုက မိုက်ခရိုဝေ့ဖ်မီးဖိုကို စားပွဲပေါ်တင်ထားပြီးနေရာအယူခံနေမယ့်အစား မြင်ကွင်းကမမြင် ရအောင်လုပ်ထားရတာကိုပိုသဘောကျကြောင်း သိရသည်။

၈။ နယ်မြေတွေသတ်မှတ်ပါ

မီးဖိုချောင်ကိုပုံစံချတဲ့အခါ ပြင်ဆင်တဲ့အပိုင်းနဲ့ သန့်ရှင်းတဲ့အပိုင်းဆိုပြီးခွဲခြားထားပါ။ မီးဖိုချောင်အလယ်က စားပွဲမှာ ညစ်ပတ်တဲ့ပန်းကန်တွေပြည့်နေတဲ့ သန့်ရှင်းရေးဘေစင်ထားမည်ဆိုလျှင်ပြန်စဉ်းစားပါ။ အစားအသောက်ပြင်ဆင်ရာမှာအသုံးပြုမယ့် ဘေစင်ကိုသာအလယ်စားပွဲမှာထားပါ။ သန့်ရှင်းရေးလုပ်မယ့်ဘေစင်ကို ဘေးစားပွဲမှာပဲထားပါ။

 

၉။ ပေါင်းမိုးအတွက်နေရာအများကြီးမပေးပါနဲ့

မီးခိုးခေါင်းတိုင်ပေါင်းမိုးကိုအသုံးပြုတဲ့အခါ ပေါင်းမိုးနဲ့နံရံကပ်ဗီရိုကြားမှာ ဘယ်ဘက်ကိုရော၊ညာဘက်ကိုရော အနည်းဆုံး ၂ လက်မကနေ ၃ လက်မ အထိခြားထားပါ။ အမြင်အားဖြင့် ပေါင်းမိုးကကျုံ့ဝင်မနေတော့ဘဲ ဗီရိုရဲ့ဘေးဘက်တွေ ကလည်း ရေရှည်သန့်ရှင်းစင်ကြယ်နေပါလိမ့်မယ်။

၁၀။ အိုးအဖုံးတွေထားဖို့သီးသန့်နေရာလုပ်ပါ

အိုးအဖုံးတွေကိုသိမ်းဆည်းဖို့အတွက်ကခေါင်းခဲစရာပြဿနာတစ်ခုပါ။ ဒီပြဿနာကို ဖြေရှင်းဖို့နည်းလမ်းအများ ကြီးရှိပေမယ့် အကောင်းဆုံးကတော့ ပုံမှာပြထားသလိုအံဆွဲထဲမှာအကန့်လေးလုပ်ပြီး အိုးအဖုံးတွေထားပါ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: mm home and decoration

 

 

[Zawgyi]

မီးဖိုေခ်ာင္ကို ဘယ္လိုပုံစံထားၾကမလဲ

၁။ မီးပလပ္ခုံမ်ား

ေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ား၏ထုံးစံအရ မီးပလပ္ခုံမ်ားကိုမီးဖိုေခ်ာင္ထဲတြင္ ေလးေပအကြာအေဝးတစ္ခုစီ ထားရေလ့႐ွိသည္။မီးသမားမ်ားမွာ အျဖဴေရာင္ပလပ္ခုံမ်ားအား ေ႐ြးခ်ယ္အသုံးျပဳေလ့႐ွိၿပီး ထိုအျဖဴေရာင္ပလတ္ခုံမ်ားသည္ အျဖဴေရာင္မဟုတ္ေသာ မီးဖိုေခ်ာင္ နံရံကပ္ေႂကြျပားမ်ား၏အလွကို ဖ်က္ဆီးပစ္ေနသည္။ထိုသို႔ မျဖစ္ေစရန္ ေႂကြျပားနံရံႏွင့္ အေရာင္တူေသာ ပလပ္ခုံအားေ႐ြးခ်ယ္အသုံးျပဳျခင္းပင္။အေရာင္ႏွင့္ပလပ္ခုံမ်ားကို လွ်ပ္စစ္ပစၥည္းေရာင္းေသာဆိုင္မ်ားတြင္ အလြယ္တကူဝယ္ယူရ႐ွိႏိုင္ေၾကာင္း သိရသည္။

၂။ ဗီ႐ိုေအာက္မွ ပုံစံခြက္ပလပ္ခုံမ်ား

သန္႔႐ွင္းေသာ ေႂကြျပားနံရံမ်ား၏အလွကို မဖ်က္ဆီးပစ္ခ်င္လွ်င္ နံရံကပ္ဗီ႐ိုမ်ား၏ေအာက္တြင္ ပလပ္ခုံမ်ားတပ္ဆင္ထားႏိုင္သည္။

၃။ အေရာစတိုင္

ေပါင္မုန္႔မီးကင္စက္နဲ႔ေကာ္ဖီေဖ်ာ္စက္ကိုစားပြဲေပၚမွာ ထားမည္ဆိုလွ်င္ အၿမဲပလပ္ထိုးၿပီးအသုံးျပဳေနရမွာျဖစ္၍ ဒီပစၥည္းကိရိယာေတြရဲ႕ေနာက္မွာ နံရံကပ္ပလပ္ခုံတစ္ခုထားဖို႔လိုသည္။ မဟုတ္ရင္ လွ်ပ္စစ္ႀကိဳးအ႐ွည္ႀကီးက တန္းလန္းႀကီးျဖစ္ေနရင္ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္ေနပါမည္။ပလပ္ခုံဒီဇိုင္းကိုပုံစံခြက္ဒီဇိုင္းနဲ႔ေပါင္းစပ္ထားတဲ့ ပလပ္ခုံမ်ိဳးကိုသာအသုံးျပဳသင့္သည္။

၄။ မီးအားသြင္းရန္ေနရာျပဳလုပ္ျခင္း

ဒီေန႔ေခတ္ကမ်ားျပားတဲ့လွ်ပ္စစ္ပစၥည္းကိရိယာေတြက အခ်ိန္နဲ႔တေျပးညီမီးအားသြင္းႏိုင္ဖို႔ အေရးႀကီးပါတယ္။ အံဆြဲထဲမွာ လွ်ိဳ႕ဝွက္ပလပ္ခုံတစ္ခုတပ္ဆင္ထားမယ္ဆိုရင္ မီးအားသြင္းထားတဲ့ဖုန္းေတြနဲ႔ iPad ေတြကိုမ်က္စိေ႐ွ႕မွာ ျမင္ေနရေတာ့မွာမဟုတ္။

၅။ နံရံကပ္ဗီ႐ိုေအာက္တြင္မီးထြန္းျခင္း

မီးဖိုေခ်ာင္ထဲမွ နံရံကပ္ဗီ႐ိုေအာက္မွာမီးထြန္းရျခင္း၏အဓိကရည္႐ြယ္ခ်က္မွာ ေအာက္မွာ႐ွိေသာစားပြဲမ်က္ႏွာျပင္ကိုအလင္းေရာင္ေပးႏိုင္ရန္အတြက္ ျဖစ္သည္။ဗီ႐ိုေအာက္က မီးကိုဗီ႐ိုရဲ႕အေနာက္ဘက္မဟုတ္ဘဲ အေ႐ွ႕ဘက္မွာတပ္ဆင္ပါ။ မီးက ဗီ႐ိုရဲ႕ေနာက္ဘက္ကိုေရာက္ေနမယ္ဆိုလွ်င္ စားပြဲမ်က္ႏွာျပင္မဟုတ္ပဲ နံရံကပ္ေႂကြျပားေတြသာေပၚလြင္သြားမွာျဖစ္လို႔ မီးရဲ႕ မူလရည္႐ြယ္ခ်က္ေပ်ာက္ဆုံးသြားႏိုင္ပါသည္။

၆။ ဗီ႐ိုေတြကိုေတာက္ပေအာင္လုပ္ပါ

အရင္က ဗီ႐ိုထဲမွာမီးထြန္းတယ္ဆိုလွ်င္ အဆင့္တစ္ဆင့္စီတိုင္းက မွန္နဲ႔ပိုင္းျခားထားတာ ျဖစ္ပါသည္။ ဗီ႐ို၏အတြင္းပိုင္းအမိုးကေနျဖာက်လာတဲ့အလင္းေရာင္က အဆင့္ေတြအားလုံးကိုျဖတ္ေက်ာ္ၿပီး ဗီ႐ိုအတြင္းပိုင္းတစ္ခုလုံးကို အလင္းေရာင္ေပးႏိုင္ရန္ လိုအပ္သည္။ မီးေရာင္နဲ႔ေဝးရာကိုေရာက္ေလေလ ဗီ႐ိုထဲမွာမီးေရာင္မွိန္သြားေလေလပါပဲ။ ဒါေပမဲ့ အခ်ိန္ကာလေတြၾကာျမင့္ၿပီး မီးသီးေတြေခတ္မီလာတာနဲ႔အမွ် ဒီေန႔ေခတ္မွာဆိုရင္ေတာ့ ဗီ႐ိုအတြင္းပိုင္ နံရံႏွစ္ဖက္လုံးမွာ LED မီးေခ်ာင္းေတြကိုသာတပ္ဆင္လိုက္ပါ။ မီးေခ်ာင္းကို ဗီ႐ိုရဲ႕မ်က္ႏွာျပင္ဖရိန္ထဲမွာကြယ္ဝွက္တပ္ဆင္ပါ။ ဖရိန္မပါတဲ့ဗီ႐ိုဆိုရင္ ဗီ႐ိုရဲ႕ေဘး နံရံကေျမာင္းအေၾကာင္းေလးထဲမွာတပ္ဆင္ပါ။

၇။ မိုက္ခ႐ိုေဝ့ဖ္မီးဖိုကို အထဲထည့္ထားပါ

အေဖ်ာ္ယမကာေတြနဲ႔အစားအေသာက္ေတြကိုအပူေပးဖို႔ မိုက္ခ႐ိုေဝ့ဖ္မီးဖိုက မီးဖိုေခ်ာင္ရဲ႕အဓိကက်တဲ့ အစိတ္အပိုင္းတစ္ခုပါ။ အိမ္႐ွင္အမ်ားစုက မိုက္ခ႐ိုေဝ့ဖ္မီးဖိုကို စားပြဲေပၚတင္ထားၿပီးေနရာအယူခံေနမယ့္အစား ျမင္ကြင္းကမျမင္ ရေအာင္လုပ္ထားရတာကိုပိုသေဘာက်ေၾကာင္း သိရသည္။

၈။ နယ္ေျမေတြသတ္မွတ္ပါ

မီးဖိုေခ်ာင္ကိုပုံစံခ်တဲ့အခါ ျပင္ဆင္တဲ့အပိုင္းနဲ႔ သန္႔႐ွင္းတဲ့အပိုင္းဆိုၿပီးခြဲျခားထားပါ။ မီးဖိုေခ်ာင္အလယ္က စားပြဲမွာ ညစ္ပတ္တဲ့ပန္းကန္ေတြျပည့္ေနတဲ့ သန္႔႐ွင္းေရးေဘစင္ထားမည္ဆိုလွ်င္ျပန္စဥ္းစားပါ။ အစားအေသာက္ျပင္ဆင္ရာမွာအသုံးျပဳမယ့္ ေဘစင္ကိုသာအလယ္စားပြဲမွာထားပါ။ သန္႔႐ွင္းေရးလုပ္မယ့္ေဘစင္ကို ေဘးစားပြဲမွာပဲထားပါ။

၉။ ေပါင္းမိုးအတြက္ေနရာအမ်ားႀကီးမေပးပါနဲ႔

မီးခိုးေခါင္းတိုင္ေပါင္းမိုးကိုအသုံးျပဳတဲ့အခါ ေပါင္းမိုးနဲ႔နံရံကပ္ဗီ႐ိုၾကားမွာ ဘယ္ဘက္ကိုေရာ၊ညာဘက္ကိုေရာ အနည္းဆုံး ၂ လက္မကေန ၃ လက္မ အထိျခားထားပါ။ အျမင္အားျဖင့္ ေပါင္းမိုးကက်ံဳ႕ဝင္မေနေတာ့ဘဲ ဗီ႐ိုရဲ႕ေဘးဘက္ေတြ ကလည္း ေရ႐ွည္သန္႔႐ွင္းစင္ၾကယ္ေနပါလိမ့္မယ္။

၁၀။ အိုးအဖုံးေတြထားဖို႔သီးသန္႔ေနရာလုပ္ပါ

အိုးအဖုံးေတြကိုသိမ္းဆည္းဖို႔အတြက္ကေခါင္းခဲစရာျပႆနာတစ္ခုပါ။ ဒီျပႆနာကို ေျဖ႐ွင္းဖို႔နည္းလမ္းအမ်ား ႀကီး႐ွိေပမယ့္ အေကာင္းဆုံးကေတာ့ ပုံမွာျပထားသလိုအံဆြဲထဲမွာအကန္႔ေလးလုပ္ၿပီး အိုးအဖုံးေတြထားပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: mm home and decoration

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service