အမွေပုံပစ္စည်းအတွက် အမွေထိန်းစာ ထုတ်ပေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
1128 Views

အမွေပုံပစ္စည်းအတွက် အမွေထိန်းစာ ထုတ်ပေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

Knowledge | Posted by Shwe Zin Win

[Unicode]

အမွေထိန်းစာထုတ်ပေးရာ၌ အမွေပုံစီမံခန့်ခွင့်ရှိသူမှ လျှောက်ထားခွင့်ရှိပြီး ကွယ်လွန်သူ၏ အမွေပုံပစ္စည်းအား တိကျစွာဖော်ပြကာ လျှောက်ထားမှုပြုရမည်။ အမွေရှင်ကွယ်လွန်ပြီး(၁၄)အကြာမှ စ၍ အမွေထိန်း စတင် လျှောက်ထားခြင်းပြုနိုင်ပါသည်။

အမွေထိန်းစာမှာ ပိုင်ရေးဆိုင်ခွင့်ကို အဆုံးအဖြတ်ပေးခြင်း မဟုတ်ပါ။ တစ်ဦးတစ်ယောက်အား အမွေ ထိန်းအဖြစ် ခန့်အပ်ခြင်းသည့် အမွေပုံအား သက်ဆိုင်သူများ၊ အမွေဆိုင်များ၊ ကန့်ကွက်သူများ၏ အခွင့်အရေး အားလဲ ထိခိုက်ခြင်းမရှိပါ။ အမွေထိန်းအဖြစ် ခန့်အပ်မည့်သူမှာ အမွေပစ္စည်းနှင့် သက်ဆိုင်ခြင်းရှိမရှိ ၊ အမွေထိန်း အဖြစ် လုပ်ဆောင်နိုင်သည့် အခွင့်အရေးရှိမရှိ စီစစ် ဆုံးဖြတ်ရမည်ဖြစ်ပါသည်။

ပစ္စည်းပိုင်ဆိုင်မှုကို အဆုံးအဖြတ်ပြု၍ တရားရုံးမှ အမွေထိန်းခန့်အပ်ခြင်း မဟုတ်ပါ။ အမွေထိန်းစာ ခန့်အပ်လိုက်ခြင်း အကြောင်းတစ်စုံတစ်ရာကြောင့် အခြားအမွေဆိုင်များမှ အမွေပစ္စည်းအပေါ် ယာယီတားဝရမ်း လျှောက်ထားမှုပြုရန် မလိုသလို တရားရုံးမှလဲ ခွင့်ပြုပေးမည်မဟုတ်ပါ။

ကွယ်လွန်သူ၏ မရွှေ့မပြောင်းနိုင်သော ပစ္စည်းအတွက် အမွေထိန်း လျှောက်ထားခြင်းဖြစ်ပါက စီရင်ပိုင်ခွင့်ရှိသောပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ ခရိုင်တရားရုံးမှသာ အမွေပစ္စည်း၏ တစိတ်ဒေသအားဖြစ်စေ၊ တစ်ခုလုံး တစ်လုံးကိုဖြစ်စေ အမွေထိန်းခန့်အပ်မည်ဖြစ်သည်။

အမွေထိန်းစာအား အရွယ်မရောက်သေးသူ၊ စိတ်ပေါ့သွပ်အား ထုတ်ပေးခြင်းမပြုနိုင်ပါ။ နှစ် (၂၀) ကြာ၍ အမွေထိန်းစာ လျှောက်ထားလျှင် ကြန့်ကြာမှုအတွက် ဖြေရှင်းထားခြင်းမရှိပါက အမွေထိန်းစာ ထုတ်မပေးပါ။ တရားရုံးမှ အမွေထိန်းအဖြစ် ခန့်အပ်သင့်သည်ဟု ယူဆသည့် မည်သူကိုမဆို အမွေထိန်းစာထုတ်ပေးနိုင်ပြီး အမွေထိန်းအဖြစ် အပြိုင်လျှောက်ထားမှုများရှိပါက သင့်လျော်သူကို ခန့်အပ်ခြင်းပြုနိုင်ပါသည်။

ကွယ်လွန်သူ ဇနီးဖြစ်သူ၏ မခွဲဝေရသေးသော အမွေပစ္စည်းအား လင်ယောကျ်ားမှ အမွေထိန်းအဖြစ် လျှောက်ထားခြင်းပြုနိုင်သလို ကွယ်လွန်သူ ယောကျ်ားဖြစ်သူ၏ မခွဲဝေရသေးသော အမွေပစ္စည်းအား ဇနီးဖြစ်သူမှလဲလျှောက်ထားနိုင်သည်။

သို့သော်အမွေပုံပစ္စည်းအား ထိန်းသိမ်းနိုင်သည့် အရည်အချင်းမရှိလျှင်၊ အိမ်ထောင်ရေး ဖောက်ပြန်မှုများရှိလျှင် အမွေထိန်းအဖြစ် အဆိုပါ လင်ယောက်ကျ်ား/မိန်းမအား အမွေထိန်းအဖြစ် တရားရုံးမှ ခန့်အပ်ပေးမည်မဟုတ်ပါ။

ကွယ်လွန်သူ နောက်ထပ် ဇနီးမယားဖြစ်သူမှ အမွေထိန်းလက်မှတ်အား အပြိုင်လျှောက်ထားကာ အငြင်းပွှားမှုဖြစ်ပေါ်လျှင် တရားရုံးမှ ဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ပါ သီးခြားတရားမကြီးမှု တစ်မှုသာ ဖွင့်လှစ်တရားစွဲဆို ဖြေရှင်းရမည်ဖြစ်ပါသည်။

ကွယ်လွန်သူသည် သေတမ်းစာမပေးနိုင်သော ဟိန္ဒူ၊ ဗုဒ္ဓဘာသာဝင်ဖြစ်ပါက အမွေပစ္စည်းအား ထိန်းသိမ်းသူအဖြစ် တစ်ဦးတစ်ယောက်အား ခန့်အပ်ရမည်ဖြစ်ပါသည်။

အမွေပစ္စည်းများ ခွဲဝေခြင်း မပြုရသေးမီနှင့် အမွေမှု စစ်ဆေးနေစဉ်အတွင်း အမွေတစ်ရပ်လုံးအတွက်ဖြစ်စေ၊ တစ်စိတ်တစ်ဒေသအတွက်ဖြစ်စေ သက်ဆိုင်သူများထဲမှ တစ်ဦးအား အမွေထိန်းအဖြစ် ခန့်အပ်ကာ အမွေခွဲဝေမှုအတွက် ဆက်လက်ပြုရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အေမြပုံပစၥည္းအတြက္ အေမြထိန္းစာ ထုတ္ေပးျခင္းအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

အေမြထိန္းစာထုတ္ေပးရာ၌ အေမြပုံစီမံခန္႔ခြင့္႐ွိသူမွ ေလွ်ာက္ထားခြင့္႐ွိၿပီး ကြယ္လြန္သူ၏ အေမြပုံပစၥည္းအား တိက်စြာေဖာ္ျပကာ ေလွ်ာက္ထားမႈျပဳရမည္။ အေမြ႐ွင္ကြယ္လြန္ၿပီး(၁၄)အၾကာမွ စ၍ အေမြထိန္း စတင္ ေလွ်ာက္ထားျခင္းျပဳႏိုင္ပါသည္။

အေမြထိန္းစာမွာ ပိုင္ေရးဆိုင္ခြင့္ကို အဆုံးအျဖတ္ေပးျခင္း မဟုတ္ပါ။ တစ္ဦးတစ္ေယာက္အား အေမြ ထိန္းအျဖစ္ ခန္႔အပ္ျခင္းသည့္ အေမြပုံအား သက္ဆိုင္သူမ်ား၊ အေမြဆိုင္မ်ား၊ ကန္႔ကြက္သူမ်ား၏ အခြင့္အေရး အားလဲ ထိခိုက္ျခင္းမ႐ွိပါ။ အေမြထိန္းအျဖစ္ ခန္႔အပ္မည့္သူမွာ အေမြပစၥည္းႏွင့္ သက္ဆိုင္ျခင္း႐ွိမ႐ွိ ၊ အေမြထိန္း အျဖစ္ လုပ္ေဆာင္ႏိုင္သည့္ အခြင့္အေရး႐ွိမ႐ွိ စီစစ္ ဆုံးျဖတ္ရမည္ျဖစ္ပါသည္။

ပစၥည္းပိုင္ဆိုင္မႈကို အဆုံးအျဖတ္ျပဳ၍ တရား႐ုံးမွ အေမြထိန္းခန္႔အပ္ျခင္း မဟုတ္ပါ။ အေမြထိန္းစာ ခန္႔အပ္လိုက္ျခင္း အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ အျခားအေမြဆိုင္မ်ားမွ အေမြပစၥည္းအေပၚ ယာယီတားဝရမ္း ေလွ်ာက္ထားမႈျပဳရန္ မလိုသလို တရား႐ုံးမွလဲ ခြင့္ျပဳေပးမည္မဟုတ္ပါ။

ကြယ္လြန္သူ၏ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းအတြက္ အေမြထိန္း ေလွ်ာက္ထားျခင္းျဖစ္ပါက စီရင္ပိုင္ခြင့္႐ွိေသာပစၥည္းတည္႐ွိရာ အရပ္ေဒသ႐ွိ ခ႐ိုင္တရား႐ုံးမွသာ အေမြပစၥည္း၏ တစိတ္ေဒသအားျဖစ္ေစ၊ တစ္ခုလုံး တစ္လုံးကိုျဖစ္ေစ အေမြထိန္းခန္႔အပ္မည္ျဖစ္သည္။

အေမြထိန္းစာအား အ႐ြယ္မေရာက္ေသးသူ၊ စိတ္ေပါ့သြပ္အား ထုတ္ေပးျခင္းမျပဳႏိုင္ပါ။ ႏွစ္ (၂၀) ၾကာ၍ အေမြထိန္းစာ ေလွ်ာက္ထားလွ်င္ ၾကန္႔ၾကာမႈအတြက္ ေျဖ႐ွင္းထားျခင္းမ႐ွိပါက အေမြထိန္းစာ ထုတ္မေပးပါ။ တရား႐ုံးမွ အေမြထိန္းအျဖစ္ ခန္႔အပ္သင့္သည္ဟု ယူဆသည့္ မည္သူကိုမဆို အေမြထိန္းစာထုတ္ေပးႏိုင္ၿပီး အေမြထိန္းအျဖစ္ အၿပိဳင္ေလွ်ာက္ထားမႈမ်ား႐ွိပါက သင့္ေလ်ာ္သူကို ခန္႔အပ္ျခင္းျပဳႏိုင္ပါသည္။

ကြယ္လြန္သူ ဇနီးျဖစ္သူ၏ မခြဲေဝရေသးေသာ အေမြပစၥည္းအား လင္ေယာက်္ားမွ အေမြထိန္းအျဖစ္ ေလွ်ာက္ထားျခင္းျပဳႏိုင္သလို ကြယ္လြန္သူ ေယာက်္ားျဖစ္သူ၏ မခြဲေဝရေသးေသာ အေမြပစၥည္းအား ဇနီးျဖစ္သူမွလဲေလွ်ာက္ထားႏိုင္သည္။

သို႔ေသာ္အေမြပုံပစၥည္းအား ထိန္းသိမ္းႏိုင္သည့္ အရည္အခ်င္းမ႐ွိလွ်င္၊ အိမ္ေထာင္ေရး ေဖာက္ျပန္မႈမ်ား႐ွိလွ်င္ အေမြထိန္းအျဖစ္ အဆိုပါ လင္ေယာက္က်္ား/မိန္းမအား အေမြထိန္းအျဖစ္ တရား႐ုံးမွ ခန္႔အပ္ေပးမည္မဟုတ္ပါ။

ကြယ္လြန္သူ ေနာက္ထပ္ ဇနီးမယားျဖစ္သူမွ အေမြထိန္းလက္မွတ္အား အၿပိဳင္ေလွ်ာက္ထားကာ အျငင္းပႊားမႈျဖစ္ေပၚလွ်င္ တရား႐ုံးမွ ေျဖ႐ွင္းေဆာင္႐ြက္ေပးမည္ မဟုတ္ပါ သီးျခားတရားမႀကီးမႈ တစ္မႈသာ ဖြင့္လွစ္တရားစြဲဆို ေျဖ႐ွင္းရမည္ျဖစ္ပါသည္။

ကြယ္လြန္သူသည္ ေသတမ္းစာမေပးႏိုင္ေသာ ဟိႏၵဴ၊ ဗုဒၶဘာသာဝင္ျဖစ္ပါက အေမြပစၥည္းအား ထိန္းသိမ္းသူအျဖစ္ တစ္ဦးတစ္ေယာက္အား ခန္႔အပ္ရမည္ျဖစ္ပါသည္။

အေမြပစၥည္းမ်ား ခြဲေဝျခင္း မျပဳရေသးမီႏွင့္ အေမြမႈ စစ္ေဆးေနစဥ္အတြင္း အေမြတစ္ရပ္လုံးအတြက္ျဖစ္ေစ၊ တစ္စိတ္တစ္ေဒသအတြက္ျဖစ္ေစ သက္ဆိုင္သူမ်ားထဲမွ တစ္ဦးအား အေမြထိန္းအျဖစ္ ခန္႔အပ္ကာ အေမြခြဲေဝမႈအတြက္ ဆက္လက္ျပဳရမည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

Upcoming Property Events

From 16 Aug To 17 Aug

Magical World Apartment

From 23 Aug To 24 Aug

Mingalar Market

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service