မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
503 Views

မီးဖိုချောင်သုံးပစ္စည်းမှာ စွဲကျန်တဲ့အနံ့ကို ဘယ်လိုဖျောက်မလဲ

Knowledge | Posted by Si Thu Aung

[Unicode]

တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးအကြောင်းကို အရင်ကလည်း ခဏခဏ တင်ပေးခဲ့တာဆိုတော့ ဒီတစ်ခေါက်မှာ အပြောင်းအလဲ ဖြစ်သွားအောင် မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ပတ်သက်တဲ့ သန့်ရှင်းရေးနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

ထမင်းဟင်းချက်ပြုတ်ရတာ ဝါသနာပါတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်တော့ မီးဖိုချောင်ဆိုတာ ပျော်ရွှင်စရာ ကမ္ဘာငယ်လေးတစ်ခုပါ။ မိသားစုအတွက်ရော၊ ကိုယ်တိုင် မြိန်ရေရှက်ရေ စားသောက်နိုင်ဖို့ ချက်ပြုတ်ရတယ်၊ ဒါ့အပြင် ကျန်းမာရေးအတွက်ပါ အာဟာရဓာတ် စုံလင်အောင် စဉ်းစားပေးရတယ်နော်။

ဒါပေမယ့်လည်း ဘယ်လောက်ပဲ ချက်ပြုတ်ရတာ ဝါသနာပါနေပါစေ၊ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ စိတ်အညစ်ရဆုံးအချိန်ဆိုရင်တော့ ချက်ပြုတ်ခဲ့သမျှ အိုးခွက်ပန်းကန်တွေ၊ ဒယ်အိုးတွေကို ဆေးကြောသန့်ရှင်းရတဲ့ အချိန်ပေါ့။

အိုးခွက်ပန်းကန်တွေကတော့ ဆေးကြောဖို့ လွယ်တယ်ဆိုပေမယ့် ချက်ပြုတ်ရတဲ့ ဒယ်အိုးတွေက သန့်ရှင်းဆေးကြောဖို့ အရမ်းခက်ပါတယ်။ ဆီတွေပြောင်သွားခဲ့ရင်တောင် နေ့တိုင်း အသုံးပြုနေရတဲ့ မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့အတွက် အနံ့တွေက စွဲကျန်နိုင်ပါတယ်။

ဒီလိုမျိုး အနံ့တွေ ကျန်နေတဲ့အခါ ကိုယ်ချက်လိုက်တဲ့ ဟင်းအပေါ် သွားပြီးအနံ့သက်ရောက်မှုဖြစ်စေနိုင်တယ်။ အနံ့အသက်ကနေ တခြားပိုးကောင်တွေ၊ ပုရွက်ဆိတ်တွေ၊ ယင်ကောင်တွေ တက်နိုင်တယ်။ ဆီမပြောင်ရင်လည်း ချိုးတွေအဖြစ် ဒယ်အိုးမှာကပ်ကျန်ခဲ့ပြီး ဗိုက်အောင့်ဗိုက်နာဖြစ်ကာ မိသားစုကျန်းမာရေးကို သွားပြီးထိခိုက်နိုင်ပါတယ်။

ဒါကြောင့် အခုဆောင်းပါးလေးမှာတော့ အိမ်ထောင်ရှင်လေဒီလေးတွေအတွက် မီးဖိုချောင်သုံးပစ္စည်းများကို သန့်ရှင်းရေးလုပ်ဖို့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းများကို ပြောပြပေးမှာ ဖြစ်ပါတယ်။

 

မီးဖိုချောင်သုံးပစ္စည်းများကို သန့်ရှင်းရေးလုပ်ခြင်း

၁။ ကော်ဖီမှုန့်

ပထမဆုံး နည်းလမ်းကတော့ ကော်ဖီစေ့ကို သေချာကြိတ်ထားတဲ့ အမှုန့်လေးတွေနဲ့ သန့်ရှင်းလို့ရမယ့် နည်းလမ်းဖြစ်ပါတယ်။ ကော်ဖီစေ့မရှိဘူးဆိုရင်လည်း အသင့်ဖျော် ကော်ဖီမှုန့်ထုပ်ကို တစ်ထုပ်စာ အသုံးပြုရင် ရပါတယ်။ နည်းလမ်းကတော့

• မီးဖိုကိုမီးဖွင့်ပြီး အနံ့ထွက်နေတဲ့ မီးဖိုချောင်သုံးပစ္စည်းကို တင်ထားပါ။

• ကော်ဖီမှုန့် ၂ဇွန်း ထည့်ပြီး ရေတစ်ခွက်ထပ်ဖြည့်ပါ။

• ၃ မိနစ်ကြာအောင် အပူပေးပြီးသွားရင် မီးပိတ်လိုက်ပါ။

• အပူပေးထားတဲ့ ကော်ဖီကို မီးဖိုချောင်သုံးပစ္စည်းထဲ မိနစ် ၂၀ ခန့် ဒီအတိုင်းထားထားပါ။

• ပြီးသွားရင် ကော်ဖီတွေကို သွန်ပစ်ပြီး ပုံမှန်အတိုင်း ရေ၊ ပန်းကန်ဆေးဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောရုံပါပဲ။

 

၂။ အာလူး

မျက်နှာပေါ်က အမည်းစက်နဲ့ ကိုယ်ခန္ဓာပေါ်က အနံ့ဆိုးတွေကို ဖျောက်တဲ့နေရာမှာ အာလူးကို အသုံးပြုသလိုပဲ သံတွေနဲ့ လုပ်ထားတဲ့ ဒယ်အိုး၊ ဒယ်ပြားတွေကို အနံ့ဖျောက်ရင်လည်း သုံးလို့ ရပါတယ်။

• အာလူးကို မထူမပါး အဝိုင်းပြားပုံစံ ရအောင် လှီးပါ။ အခွံနွှာစရာ မလိုပါဘူး။

• အာလူးပြား နှစ်ဘက်လုံးကို ဆားနည်းနည်းဖြူးပါ။

• ပြီးနောက် ဒယ်အိုး၊ ဒယ်ပြားပေါ် ၁၅ မိနစ်ခန့် တင်ထားပါ။

• အချိန်ပြည့်သွားရင် အာလူးကို ဖယ်လိုက်လို့ ရပါတယ်။

• ထို့နောက် ရေ၊ ပန်းကန်ဆေးဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပေးပါ။

 

 

၃။ သစ်ကြံပိုးခေါက်မှုန့်

သစ်ကြံပိုးခေါက်မှုန့်ဟာ အနံ့အသက်ဆိုးတွေကို ပျောက်ကင်းစေရုံသာမက ရောဂါပိုးမွှားများကိုလည်း ဖယ်ရှားပေးလို့ အနံ့ချွတ်တဲ့နေရာတင်မကဘဲ ပိုးသန့်စင်ပေးဖို့အတွက်ပါ အသုံးဝင်ပါတယ်။ အသုံးပြုပုံကတော့

• မီးဖိုချောင်သုံးပစ္စည်းထဲ ရေ ၄ခွက်ခန့် ထည့်ပြီး အပူပေးပါ။

• ရေဆူလာပြီဆိုရင် သစ်ကြံပိုးခေါက်အမှုန့် (အမှုန့်မဟုတ်ဘဲ အခေါက်ကို ထည့်လို့လည်း ရပါတယ်) ကို ထည့်ပြီး ၅မိနစ်ခန့် မွှေပေးပါ။

• ထို့နောက် မီးပိတ်ပြီး အေးသွားတဲ့အထိ ထားထားလိုက်ပါ။

• ပြီးသွားမှ အရည်တွေကို သွန်ပစ်ပြီး ထုံးစံအတိုင်း ရေ၊ ဆပ်ပြာနဲ့ ဆေးလိုက်ရုံပါပဲ။

၄။ ရှာလကာရည်

ရှာလကာရည်ကို အသား၊ ငါးတွေမှာ အညှီနံ့ချွတ်ဖို့အတွက်သာမက အိုးခွက်ပန်းကန်တွေ၊ ဒယ်အိုး ဒယ်ပြားနဲ့ ဇလုံးတွေရဲ့ ဟင်းနံ့တွေကို ချွတ်ဖို့လည်း အသုံးပြုနိုင်ပါတယ်။ ပုံမှန်အကြည်ရောင် ရှာလကာရည်ကိုသာမက ပန်းသီးရှာလကာရည် (Apple Cider Vinegar) ကိုပါ အသုံးပြုလို့ရပါတယ်။

• အနံ့ထွက်နေတဲ့ ဒယ်အိုးထဲသို့ ရှာလကာရည် လက်ဖက်ရည်ခွက် တစ်ခွက်စာ ထည့်ပြီး ၁၅ မိနစ်လောက် ဆူနေအောင် မီးဖိုမှာတည်ထားပါ။

• ပုံမှန်အားဖြင့်တော့ ပြန်ဆေးစရာ မလိုဘဲ အနံ့ပျောက်ပါတယ်။ ရေနဲ့ ဆပ်ပြာနဲ့ ပြန်ဆေးမယ်ဆိုလည်း အဆင်ပြေပါတယ်။

မီးဖိုချောင်သုံးပစ္စည်းလေးတွေ အနံ့စွဲတာကို ဘယ်လိုဖျောက်ဖျောက်မရတဲ့ လေဒီလေးတွေလည်း ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုကြည့်ဖို့ အကြံပေးလိုက်တယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

Credit: hellosayarwon

 

 

[Zawgyi]

မီးဖိုေခ်ာင္သုံးပစၥည္းမွာ စြဲက်န္တဲ့အနံ႔ကို ဘယ္လိုေဖ်ာက္မလဲ

တစ္ကိုယ္ေရသန္႔႐ွင္းမႈနဲ႔ က်န္းမာေရးအေၾကာင္းကို အရင္ကလည္း ခဏခဏ တင္ေပးခဲ့တာဆိုေတာ့ ဒီတစ္ေခါက္မွာ အေျပာင္းအလဲ ျဖစ္သြားေအာင္ မီးဖိုေခ်ာင္သုံးပစၥည္းေတြနဲ႔ ပတ္သက္တဲ့ သန္႔႐ွင္းေရးနည္းလမ္းေတြကို ေျပာျပေပးခ်င္ပါတယ္။

ထမင္းဟင္းခ်က္ျပဳတ္ရတာ ဝါသနာပါတဲ့ အိမ္ေထာင္႐ွင္အမ်ိဳးသမီးေတြအတြက္ေတာ့ မီးဖိုေခ်ာင္ဆိုတာ ေပ်ာ္႐ႊင္စရာ ကမ႓ာငယ္ေလးတစ္ခုပါ။ မိသားစုအတြက္ေရာ၊ ကိုယ္တိုင္ ၿမိန္ေရ႐ွက္ေရ စားေသာက္ႏိုင္ဖို႔ ခ်က္ျပဳတ္ရတယ္၊ ဒါ့အျပင္ က်န္းမာေရးအတြက္ပါ အာဟာရဓာတ္ စုံလင္ေအာင္ စဥ္းစားေပးရတယ္ေနာ္။

ဒါေပမယ့္လည္း ဘယ္ေလာက္ပဲ ခ်က္ျပဳတ္ရတာ ဝါသနာပါေနပါေစ၊ မီးဖိုေခ်ာင္နဲ႔ ပတ္သက္တဲ့ စိတ္အညစ္ရဆုံးအခ်ိန္ဆိုရင္ေတာ့ ခ်က္ျပဳတ္ခဲ့သမွ် အိုးခြက္ပန္းကန္ေတြ၊ ဒယ္အိုးေတြကို ေဆးေၾကာသန္႔႐ွင္းရတဲ့ အခ်ိန္ေပါ့။

အိုးခြက္ပန္းကန္ေတြကေတာ့ ေဆးေၾကာဖို႔ လြယ္တယ္ဆိုေပမယ့္ ခ်က္ျပဳတ္ရတဲ့ ဒယ္အိုးေတြက သန္႔႐ွင္းေဆးေၾကာဖို႔ အရမ္းခက္ပါတယ္။ ဆီေတြေျပာင္သြားခဲ့ရင္ေတာင္ ေန႔တိုင္း အသုံးျပဳေနရတဲ့ မီးဖိုေခ်ာင္သုံးပစၥည္းျဖစ္တဲ့အတြက္ အနံ႔ေတြက စြဲက်န္ႏိုင္ပါတယ္။

ဒီလိုမ်ိဳး အနံ႔ေတြ က်န္ေနတဲ့အခါ ကိုယ္ခ်က္လိုက္တဲ့ ဟင္းအေပၚ သြားၿပီးအနံ႔သက္ေရာက္မႈျဖစ္ေစႏိုင္တယ္။ အနံ႔အသက္ကေန တျခားပိုးေကာင္ေတြ၊ ပု႐ြက္ဆိတ္ေတြ၊ ယင္ေကာင္ေတြ တက္ႏိုင္တယ္။ ဆီမေျပာင္ရင္လည္း ခ်ိဳးေတြအျဖစ္ ဒယ္အိုးမွာကပ္က်န္ခဲ့ၿပီး ဗိုက္ေအာင့္ဗိုက္နာျဖစ္ကာ မိသားစုက်န္းမာေရးကို သြားၿပီးထိခိုက္ႏိုင္ပါတယ္။

ဒါေၾကာင့္ အခုေဆာင္းပါးေလးမွာေတာ့ အိမ္ေထာင္႐ွင္ေလဒီေလးေတြအတြက္ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားကို သန္႔႐ွင္းေရးလုပ္ဖို႔ လြယ္ကူ႐ိုး႐ွင္းတဲ့ နည္းလမ္းမ်ားကို ေျပာျပေပးမွာ ျဖစ္ပါတယ္။

မီးဖိုေခ်ာင္သုံးပစၥည္းမ်ားကို သန္႔႐ွင္းေရးလုပ္ျခင္း

၁။ ေကာ္ဖီမႈန္႔

ပထမဆုံး နည္းလမ္းကေတာ့ ေကာ္ဖီေစ့ကို ေသခ်ာႀကိတ္ထားတဲ့ အမႈန္႔ေလးေတြနဲ႔ သန္႔႐ွင္းလို႔ရမယ့္ နည္းလမ္းျဖစ္ပါတယ္။ ေကာ္ဖီေစ့မ႐ွိဘူးဆိုရင္လည္း အသင့္ေဖ်ာ္ ေကာ္ဖီမႈန္႔ထုပ္ကို တစ္ထုပ္စာ အသုံးျပဳရင္ ရပါတယ္။ နည္းလမ္းကေတာ့

• မီးဖိုကိုမီးဖြင့္ၿပီး အနံ႔ထြက္ေနတဲ့ မီးဖိုေခ်ာင္သုံးပစၥည္းကို တင္ထားပါ။

• ေကာ္ဖီမႈန္႔ ၂ဇြန္း ထည့္ၿပီး ေရတစ္ခြက္ထပ္ျဖည့္ပါ။

• ၃ မိနစ္ၾကာေအာင္ အပူေပးၿပီးသြားရင္ မီးပိတ္လိုက္ပါ။

• အပူေပးထားတဲ့ ေကာ္ဖီကို မီးဖိုေခ်ာင္သုံးပစၥည္းထဲ မိနစ္ ၂၀ ခန္႔ ဒီအတိုင္းထားထားပါ။

• ၿပီးသြားရင္ ေကာ္ဖီေတြကို သြန္ပစ္ၿပီး ပုံမွန္အတိုင္း ေရ၊ ပန္းကန္ေဆးဆပ္ျပာနဲ႔ တိုက္ခြၽတ္ေဆးေၾကာ႐ုံပါပဲ။

 

၂။ အာလူး

မ်က္ႏွာေပၚက အမည္းစက္နဲ႔ ကိုယ္ခႏၶာေပၚက အနံ႔ဆိုးေတြကို ေဖ်ာက္တဲ့ေနရာမွာ အာလူးကို အသုံးျပဳသလိုပဲ သံေတြနဲ႔ လုပ္ထားတဲ့ ဒယ္အိုး၊ ဒယ္ျပားေတြကို အနံ႔ေဖ်ာက္ရင္လည္း သုံးလို႔ ရပါတယ္။

• အာလူးကို မထူမပါး အဝိုင္းျပားပုံစံ ရေအာင္ လွီးပါ။ အခြံႏႊာစရာ မလိုပါဘူး။

• အာလူးျပား ႏွစ္ဘက္လုံးကို ဆားနည္းနည္းျဖဴးပါ။

• ၿပီးေနာက္ ဒယ္အိုး၊ ဒယ္ျပားေပၚ ၁၅ မိနစ္ခန္႔ တင္ထားပါ။

• အခ်ိန္ျပည့္သြားရင္ အာလူးကို ဖယ္လိုက္လို႔ ရပါတယ္။

• ထို႔ေနာက္ ေရ၊ ပန္းကန္ေဆးဆပ္ျပာနဲ႔ တိုက္ခြၽတ္ေဆးေၾကာေပးပါ။

 

၃။ သစ္ၾကံပိုးေခါက္မႈန္႔

သစ္ၾကံပိုးေခါက္မႈန္႔ဟာ အနံ႔အသက္ဆိုးေတြကို ေပ်ာက္ကင္းေစ႐ုံသာမက ေရာဂါပိုးမႊားမ်ားကိုလည္း ဖယ္႐ွားေပးလို႔ အနံ႔ခြၽတ္တဲ့ေနရာတင္မကဘဲ ပိုးသန္႔စင္ေပးဖို႔အတြက္ပါ အသုံးဝင္ပါတယ္။ အသုံးျပဳပုံကေတာ့

• မီးဖိုေခ်ာင္သုံးပစၥည္းထဲ ေရ ၄ခြက္ခန္႔ ထည့္ၿပီး အပူေပးပါ။

• ေရဆူလာၿပီဆိုရင္ သစ္ၾကံပိုးေခါက္အမႈန္႔ (အမႈန္႔မဟုတ္ဘဲ အေခါက္ကို ထည့္လို႔လည္း ရပါတယ္) ကို ထည့္ၿပီး ၅မိနစ္ခန္႔ ေမႊေပးပါ။

• ထို႔ေနာက္ မီးပိတ္ၿပီး ေအးသြားတဲ့အထိ ထားထားလိုက္ပါ။

• ၿပီးသြားမွ အရည္ေတြကို သြန္ပစ္ၿပီး ထုံးစံအတိုင္း ေရ၊ ဆပ္ျပာနဲ႔ ေဆးလိုက္႐ုံပါပဲ။

၄။ ႐ွာလကာရည္

႐ွာလကာရည္ကို အသား၊ ငါးေတြမွာ အညႇီနံ႔ခြၽတ္ဖို႔အတြက္သာမက အိုးခြက္ပန္းကန္ေတြ၊ ဒယ္အိုး ဒယ္ျပားနဲ႔ ဇလုံးေတြရဲ႕ ဟင္းနံ႔ေတြကို ခြၽတ္ဖို႔လည္း အသုံးျပဳႏိုင္ပါတယ္။ ပုံမွန္အၾကည္ေရာင္ ႐ွာလကာရည္ကိုသာမက ပန္းသီး႐ွာလကာရည္ (Apple Cider Vinegar) ကိုပါ အသုံးျပဳလို႔ရပါတယ္။

• အနံ႔ထြက္ေနတဲ့ ဒယ္အိုးထဲသို႔ ႐ွာလကာရည္ လက္ဖက္ရည္ခြက္ တစ္ခြက္စာ ထည့္ၿပီး ၁၅ မိနစ္ေလာက္ ဆူေနေအာင္ မီးဖိုမွာတည္ထားပါ။

• ပုံမွန္အားျဖင့္ေတာ့ ျပန္ေဆးစရာ မလိုဘဲ အနံ႔ေပ်ာက္ပါတယ္။ ေရနဲ႔ ဆပ္ျပာနဲ႔ ျပန္ေဆးမယ္ဆိုလည္း အဆင္ေျပပါတယ္။

မီးဖိုေခ်ာင္သုံးပစၥည္းေလးေတြ အနံ႔စြဲတာကို ဘယ္လိုေဖ်ာက္ေဖ်ာက္မရတဲ့ ေလဒီေလးေတြလည္း ခုေျပာျပခဲ့တဲ့ နည္းလမ္းေတြကို အသုံးျပဳၾကည့္ဖို႔ အၾကံေပးလိုက္တယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service