အံ့ဖွယ် အခန်းပေါင်း (၈၀) ကျော်နဲ့ဖွဲ့ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်ပင်အိမ် - Property Knowledge in Myanmar from iMyanmarHouse.com
547 Views
အံ့ဖွယ် အခန်းပေါင်း (၈၀) ကျော်နဲ့ဖွဲ့ထားတဲ့ ကမ္ဘာ့အကြီးဆုံး သစ်ပင်အိမ်
Knowledge | Posted by Aye Myat Thu
[Unicode]
သက်တမ်း (၈၀) ကျော်ကြာ ဝက်သစ်ချပင်မြင့်ကြီးပေါ်က ဇိမ်ခံအိမ်လို့ဆိုနိုင်သလား? သင်တွေ့ဖူးသမျှသစ်ပင်အိမ်နဲ့ မတူခြားနားနေတဲ့ အမေရိကန်နိုင်ငံ Tennessee ပြည်နယ်မှာရှိတဲ့ ဒီသစ်ပင်အိမ်ကြီးကတော့ အလွန်ကြီးမားလွန်းပြီး နားခိုရာအခန်းပေါင်း (၈၀) ကျော်အထိပါဝင်ပါတယ်။ နှစ်စဉ်ခရီးသွားဧည့်သည်ပေါင်းရာချီ အဆိုပါသစ်ပင်အိမ်ကြီးဆီကို လာရောက်ကြည့်ရှုကြပြီး တည်ဆောက်သူနာမည်ကတော့ Horace Burgess ဆိုသူဖြစ်ပါတယ်။
မြေပေါ်မှအမြင့် ၉၇ ပေအထိ တွယ်တက်တည်ဆောက်ထားပြီး အထပ်ပေါင်း (၁၀) လွှာ၊ အခန်းစုစုပေါင်း(၈၀) အထိ ထည့်သွင်းဆောက်လုပ်ထားပါတယ်။ ဆောက်လုပ်သူပိုင်ရှင်ဟာ သစ်ပင်အိမ်ကြီးကို (၁၄) နှစ် ကြာအောင် အချိန်ယူတည်ဆောက်ခဲ့ပြီး ထင်းကိုအများဆုံးအသုံးပြုကာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အိမ်ဆောက်ဖို့အတွက် အိမ်နီးချင်းမိတ်ဆွေများမှ ကားဂိုဒေါင်၊သိုလှောင်ရုံ၊ကျီများမှထင်းအပိုများကို တစ်စတစ်စ စုပေါင်းပြီး ပေးခဲ့တာဖြစ်ပါတယ်။ သစ်ပင်အိမ်ကြီးမှာ ခရီးသွားများ၊ တောင်တက်သွားလာသူများ၊ တောတွင်းလမ်းလျှောက်သူများ ခဏတာ ခိုနားအိပ်စက်နိုင်ပြီး လှေကားအသွယ်သွယ်။ ဘောင်တန်းများ၊ ဝရန်တာများနဲ့ လျှို့ဝှက်လမ်းငယ်များအထိ အနုစိတ် ထည့်သွင်းဆောက်လုပ်ထားခဲ့ပါတယ်။
သစ်ပင်မြင့်ကြီးများ ဝန်းရံလျက် သဘာဝလေနုအေးကို ခံစားလိုသူတိုင်း အသက်ကြီးပိုင်းအတွက်ဖြစ်စေ ကလေးသူငယ်များအတွက်ဖြစ်စေ ခြံတွင်းထဲမှာ သစ်ပင်အိမ်လေးများ ဆောက်လုပ်ကြပါတယ်။ ယခုမြင်ရတဲ့ သစ်ပင်အိမ်ကြီးကတော့ ဖန်တီးသူရဲ့ လက်ရာအတိုင်း ဖောင်းကြွလှပလျက်ရှိနေတာကိုတွေ့မြင်ရမှာပါ။ ၁၉၉၄ ခုနှစ်ကစတင်ခဲ့ပြီး ၁၄ နှစ်တိုင်ဆောက်လုပ်ခဲ့တဲ့ သစ်ပင်အိမ်ကြီးဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ နှမြောစရာကောင်းလွန်စွာ မီးလောင်ပြာကျသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit:  bitrebels
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Upcoming Property Events
From 12 Jul To 13 Jul
ERC Luxury Condo
From 12 Jul To 13 Jul
Magical World
From 08 Jul To 08 Aug
Central Shophouse
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service