10 bridges down in 16 days, Bihar suspends 17 engineers - Property News in Myanmar from iMyanmarHouse.com
614 Views

10 bridges down in 16 days, Bihar suspends 17 engineers

[Unicode] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် ပြီးခဲ့သော ၂ ပတ်တာကာလအတွင်း တံတားများ ကျိုးကျမှု ဆက်တိုက် ဖြစ်ပေါ်လာပြီးနောက်ပိုင်း ပြည်နယ်အစိုးရက အင်ဂျီနီယာ ၁၇ ဦးကို ရာထူးမှ ဆိုင်းငံ့လိုက်သည်။

ဆီဝမ်၊ ဆာရန်၊မာဒူးဘနီ၊ အရဲရီရာ၊ အရှေ့ချန်ပါရန်နှင့် ကစ်ရှန်းဂန်ဂျီ အစရှိသော မြို့များတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အာဏာရ NDA ပါတီက များစွာ အမျက်ထွက်ခဲ့သည်။

“ကျွန်တော်တို့ဟာ ရေလွှမ်းမိုးမှု၊ ရေထုတ်လွှတ်ရေးဌာနတွေအပြင် ကျေးလက်လုပ်ငန်းဌာနက အင်ဂျင်နီယာ ၁၇ ဦးကို သူတို့ရဲ့တာဝန်ပေါ့လျော့မှုကြောင့် ရာထူးက ဆိုင်းငံ့ခဲ့ပါတယ် ”ဟု ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

ဆာရန်မြို့၊ ဂန်ဒါကီမြစ်ပေါ်မှ တံတား တစ်စင်းမှာ ပြီးခဲ့သော ကြာသပတေးနေ့က ကျိုးကျခဲ့ပြီး ဘီဟာပြည်နယ် တွင် ၁၆ ရက်တာ ကာလအတွင်း ၁၀ ကြိမ်မြောက် တံတားကျိုးကျမှုလည်း ဖြစ်သည်။

သို့သော် ပြည်နယ်အစိုးရကမူ တံတား ၉ စင်းသာ ကျိုးကျခဲ့ကြောင်း ပြောဆိုထားသည်။

ဆာရန်မြို့နှင့် ဆီဝမ်ခရိုင်တို့မှ တံတားကျိုးကျမှုများအတွက် ရာထူးမှ ဆိုင်းငံ့ခံရသော အင်ဂျီနီယာ ၁၁ ဦး ရှိသည်။

“ရေအရင်းအမြစ်ဌာနရဲ့ စုံစမ်းစစ်ဆေးချက်အရ အင်ဂျင်နီယာတွေဟာ ကြိုတင်ကာကွယ်မှု ဆောင်ရွက်ချက် တွေ မလုပ်ဆောင်ခဲ့တဲ့အပြင် တံတားတွေကို နည်းပညာပိုင်း စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဆောင်ခဲ့တာ တွေ့ရှိခဲ့ ပါတယ်။ ဆောက်လုပ်သူတွေရဲ့ အပိုင်းမှာလည်း ပေါ့လျော့မှုတွေရှိတာ တွေ့ရပါတယ်”ဟု ပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အင်ဂျင်နီယာချုပ်တစ်ဦး ဦးစီးသည့် အဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့ပြီးနောက်ပိုင်း ကျေးလက်လုပ်ငန်းဌာနမှ အင်ဂျင်နီယာ ၄ ဦးလည်း ရာထူးမှ ဆိုင်းငံ့ခံခဲ့ရသည်။

အရှေ့ချန်ပါရန်ခရိုင်မှ တံတားတစ်စင်း ကျိုးကျမှုအတွက် ရာထူးမှ ဆိုင်းငံ့ခံရသော အင်ဂျင်နီယာ ၂ ဦး ရှိသည်။

ပြည်နယ်အစိုးရက ယခုကဲ့သို့ အရာရှိများကို အရေးယူနေမှုနှင့် စပ်လျဉ်းပြီး အတိုက်အခံ ပါတီခေါင်းဆောင် တီဂျက်စ်ဗီး ပရာဆက် ယာဒက်ဗ်ကမူ စီမံအုပ်ချုပ်မှု ညံ့ဖျင်းသောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်နယ် ပြည့်သူ့ကျန်းမာရေးနှင့် အင်ဂျင်နီယာဌာန ဝန်ကြီး နီရက်ဂျ် ကူမာ ဆင်က ပြောသည်မှာ ယခင် ပြည်နယ်အစိုးရလက်ထက်က စတင်ခဲ့သော ရူပီး ကုဋေ ၃၆၀၀ တန်ကြေးရှိ သောက်ရေပိုက်လိုင်း သွယ်တန်းမှု စနစ် တင်ဒါခေါ်ယူမှုကို ယခုအစိုးရက ဖျက်သိမ်းခဲ့ကြောင်း ပြောသည်။

အဆိုပါ စီမံကိန်းတွင် ထိရောက်မှုများ ရှိစေရေးအတွက် Feature သစ်များ ထည့်သွင်းရန် တင်ဒါများကို ပြန်လည် ပြင်ဆင်နေကြောင်း ဝန်ကြီးက ပြောသည်။

“မူမမှန်တဲ့ ကိစ္စတွေ ရှိနေတယ်လို့ ကျွန်တော် မပြောပါဘူး။ လက်ရှိတင်ဒါတွေမှာ Feature သစ်တွေ ထည့်သွင်းဖို့အတွက် ဝန်ကြီးဌာနအနေနဲ့ ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်နေပါတယ်”ဟု နီရက်ဂ် ကူမာ ဆင်က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 10 bridges down in 16 days, Bihar suspends 17 engineers (timesofindia)

 

 

[Zawgyi]

အိႏိၵယႏိုင္ငံ ဘီဟာျပည္နယ္တြင္ ၁၆ ရက္တာ ကာလအတြင္း တံတား ၁၀ စင္းက်ဳိးက်၊ ျပည္နယ္အစုိးရက အင္ဂ်င္နီယာ ၁၇ ဦးကို ရာထူးမွ ဆိုင္းငံ့

 

အိႏိၵယႏိုင္ငံ ဘီဟာျပည္နယ္တြင္ ျပီးခဲ့ေသာ ၂ ပတ္တာကာလအတြင္း တံတားမ်ား က်ဳိးက်မႈ ဆက္တုိက္ ျဖစ္ေပၚလာျပီးေနာက္ပိုင္း ျပည္နယ္အစိုးရက အင္ဂ်ီနီယာ ၁၇ ဦးကို ရာထူးမွ ဆိုင္းငံ့လိုက္သည္။

ဆီဝမ္၊ ဆာရန္၊မာဒူးဘနီ၊ အရဲရီရာ၊ အေရွ႕ခ်န္ပါရန္ႏွင့္ ကစ္ရွန္းဂန္ဂ်ီ အစရွိေသာ ျမဳိ႕မ်ားတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ျပီး အာဏာရ NDA ပါတီက မ်ားစြာ အမ်က္ထြက္ခဲ့သည္။

“ကၽြန္ေတာ္တုိ႔ဟာ ေရလႊမ္းမိုးမႈ၊ ေရထုတ္လႊတ္ေရးဌာနေတြအျပင္ ေက်းလက္လုပ္ငန္းဌာနက အင္ဂ်င္နီယာ ၁၇ ဦးကို သူတုိ႔ရဲ႕တာဝန္ေပါ့ေလ်ာ့မႈေၾကာင့္ ရာထူးက ဆိုင္းင့ံခဲ့ပါတယ္ ”ဟု ျပည္နယ္အစုိးရ၏ ထုတ္ျပန္ခ်က္ တြင္ ေဖာ္ျပသည္။

ဆာရန္ျမဳိ႕၊ ဂန္ဒါကီျမစ္ေပၚမွ တံတား တစ္စင္းမွာ ျပီးခဲ့ေသာ ၾကာသပေတးေန႔က က်ဳိးက်ခဲ့ျပီး ဘီဟာျပည္နယ္ တြင္ ၁၆ ရက္တာ ကာလအတြင္း ၁၀ ၾကိမ္ေျမာက္ တံတားက်ဳိးက်မႈလည္း ျဖစ္သည္။

သို႔ေသာ္ ျပည္နယ္အစုိးရကမူ တံတား ၉ စင္းသာ က်ဳိးက်ခဲ့ေၾကာင္း ေျပာဆိုထားသည္။

ဆာရန္ျမိဳ႕ႏွင့္ ဆီဝမ္ခရိုင္တုိ႔မွ တံတားက်ဳိးက်မႈမ်ားအတြက္ ရာထူးမွ ဆိုင္းငံ့ခံရေသာ အင္ဂ်ီနီယာ ၁၁ ဦး ရွိသည္။

“ေရအရင္းအျမစ္ဌာနရဲ႕ စံုစမ္းစစ္ေဆးခ်က္အရ အင္ဂ်င္နီယာေတြဟာ ၾကဳိတင္ကာကြယ္မႈ ေဆာင္ရြက္ခ်က္ ေတြ မလုပ္ေဆာင္ခဲ့တဲ့အျပင္ တံတားေတြကို နည္းပညာပိုင္း စံုစမ္းစစ္ေဆးမႈေတြ မလုပ္ေဆာင္ခဲ့တာ ေတြ႔ရွိခဲ့ ပါတယ္။ ေဆာက္လုပ္သူေတြရဲ႕ အပိုင္းမွာလည္း ေပါ့ေလ်ာ့မႈေတြရွိတာ ေတြ႔ရပါတယ္”ဟု ျပည္နယ္အစုိးရ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။ အင္ဂ်င္နီယာခ်ဳပ္တစ္ဦး ဦးစီးသည့္ အဖြဲ႔မွ စံုစမ္းစစ္ေဆးခဲ့ျပီးေနာက္ပိုင္း ေက်းလက္လုပ္ငန္းဌာနမွ အင္ဂ်င္နီယာ ၄ ဦးလည္း ရာထူးမွ ဆိုင္းငံ့ခံခဲ့ရသည္။

အေရွ႕ခ်န္ပါရန္ခရိုင္မွ တံတားတစ္စင္း က်ဳိးက်မႈအတြက္ ရာထူးမွ ဆိုင္းငံ့ခံရေသာ အင္ဂ်င္နီယာ ၂ ဦး ရွိသည္။

ျပည္နယ္အစိုးရက ယခုကဲ့သို႔ အရာရွိမ်ားကို အေရးယူေနမႈႏွင့္ စပ္လ်ဥ္းျပီး အတိုက္အခံ ပါတီေခါင္းေဆာင္ တီဂ်က္စ္ဗီး ပရာဆက္ ယာဒက္ဗ္ကမူ စီမံအုပ္ခ်ဳပ္မႈ ညံ့ဖ်င္းေသာေၾကာင့္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ျပည္နယ္ ျပည့္သူ႔က်န္းမာေရးႏွင့္ အင္ဂ်င္နီယာဌာန ဝန္ၾကီး နီရက္ဂ်္ ကူမာ ဆင္က ေျပာသည္မွာ ယခင္ ျပည္နယ္အစိုးရလက္ထက္က စတင္ခဲ့ေသာ ရူပီး ကုေဋ ၃၆၀၀ တန္ေၾကးရွိ ေသာက္ေရပိုက္လိုင္း သြယ္တန္းမႈ စနစ္ တင္ဒါေခၚယူမႈကို ယခုအစိုးရက ဖ်က္သိမ္းခဲ့ေၾကာင္း ေျပာသည္။

အဆိုပါ စီမံကိန္းတြင္ ထိေရာက္မႈမ်ား ရွိေစေရးအတြက္ Feature သစ္မ်ား ထည့္သြင္းရန္ တင္ဒါမ်ားကုိ ျပန္လည္ ျပင္ဆင္ေနေၾကာင္း ဝန္ၾကီးက ေျပာသည္။

“မူမမွန္တဲ့ ကိစၥေတြ ရွိေနတယ္လို႔ ကၽြန္ေတာ္ မေျပာပါဘူး။ လက္ရွိတင္ဒါေတြမွာ Feature သစ္ေတြ ထည့္သြင္းဖို႔အတြက္ ဝန္ၾကီးဌာနအေနနဲ႔ ျပန္လည္သံုးသပ္မႈေတြ ျပဳလုပ္ေနပါတယ္”ဟု နီရက္ဂ္ ကူမာ ဆင္က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 10 bridges down in 16 days, Bihar suspends 17 engineers (timesofindia)

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service