မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
1562 Views

မိသားစုစီမံမှုစာချုပ်နှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

Knowledge | Posted by Si Thu Aung

[Unicode]

 

မိသားစုစီမံမှု စာချုပ်ဆိုသည်မှာ မိဘများသက်ရှိ ထင်ရှားရှိစဉ်တွင် ၎င်းတို့ပိုင် အမွေပစ္စည်းကို ကြိုတင်စီမံ ခန့်ခွဲပေးခြင်းပင်ဖြစ်ပါသည်။

မိသားစုအားလုံး၏ သဘောတူညီချက် နှင့် မိသားစုများစုံလင်စွာ ပါဝင် ချုပ်ဆိုရမည်ဖြစ်ကာ မသက်ဆိုင်သူများပါ ထည့်သွင်းချုပ်ဆိုလျှင် စာချုပ်ပျက်ပြယ်မည်ဖြစ်ပါသည်။ (ဦးညွှန့် မောင်နှင့် ဒေါ်မြရွှေ၊ ၁၉၇၄၊ တရားမအယူခံ-၃၃)

မိသားစုစီမံမှုတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်း ပါဝင်ပါကာ အဆိုပါစာချုပ်အား မှတ်ပုံတင်ရမည်။ အဆိုပါ မိသားစုစီမံမှုဖြင့် ခွဲဝေသောပစ္စည်းများမှာ မိဘများကွယ်လွန်ပြီးမှ အကျိုးသက်ရောက်သည့်ခွဲဝေမှု ဖြစ်ပါသည်။ သားသမီးများအား မိဘဖြစ်သူတို့မှ ကွယ်လွန်ပြီးနောက်ပိုင်းတွင် အငြင်းပွားမှုမဖြစ်စေရန် ရည်ရွယ်ပါသည်။

မိသားစုသဘောတူညီချက်အား လုပ်ထုံးလုပ်နည်းနှင့်အညီ ချုပ်ဆိုထားခြင်းဖြစ်ပါက အမွေရှင်များ သေဆုံးသည့်အခါ မိသားစုမှာအမွေမှုလဲဖြစ်တော့မည်မဟုတ်ပါ။ မိသားစုစီမံမှုစာချုပ်ကို အကြောင်းပြ၍ မိဘများသက်ရှိထင်ရှားရှိနေစဉ် အမွေခွဲပေးရန်သားသမီးတစ်ဦးဦးမှ တောင်းဆိုနိုင်သည့် အခွင့်အရေးမရှိသေးပါ။

ကြိုတင်သဘောတူညီချက်ဖြင့် အမွေခွဲဝေရန် သဘောတူညီမှုပင်ဖြစ်သဖြင့် အမှန်တကယ်မိဘများ ကွယ်လွန်ပြီး နောက်ပိုင်းစာချုပ်ပါအတိုင်း အမွေခွဲဝေရန် အငြင်းပွှားမှုများပေါ်ပေါက်နိုင်ပါသည်။

သို့သော် မိသားစု အားလုံးသဘောတူညီချက်ဖြင့် ပြုလုပ်ထားသော အဆိုပါစာချုပ်အား အမွေရှင်မိဘကွယ်လွန်သွားသည်နှင့် ပျက်ဖျက်ခွင့်မရှိပါ။

မိသားစုစီမံမှုစာချုပ်တွင် မိသားစုဝင်များမှ မည်သို့ခွဲဝေယူပေးပြီး အမွေဆက်ခံ ကြမည်ကို မိသားစုများနှင့် အမွေရှင်မိဘတို့ အားလုံးပါဝင်ကာ လက်မှတ်ရေးထိုးကြပြီး သေတမ်းစာနှင့်လဲ ကွဲပြားခြားနားပါသည်။

စာချုပ်ပါအချက်အလက်များအား မိသားစုဝင်အားလုံးမှ လိုက်နာရမည်ဖြစ်ကာ မိသားစုဝင်တစ်ဦး၏ သဘောဆန္ဒဖြင့် ကိုယ်စားတစ်ဦးဦးက လက်မှတ်ရေးထိုးထားခြင်းဖြစ်ပါက တယ်လီဖုန်း မှတ်တမ်းသက်သေ ရယူရမည်ဖြစ်ကာ၊ တရားရုံး ကျမ်းကျိန်လွှာပြုလုပ်၍ ကိုယ်စားလှယ်မှ လက်မှတ်ရေးထိုးရပါမည်။

အဆိုပါ ကိုယ်စားလှယ်ဖြင့် လက်မှတ်ရေးထိုးသော အမွေဆိုင်မှာလဲ ၎င်းသဘောတူညီချက်ဖြင့် ချုပ်ဆိုသော မိသားစုစီမံမှု စာချုပ်ကို ဖောက်ဖျက်၍မရပါ။

မိသားစုစီမံမှုစာချုပ် ချုပ်ဆိုထားခြင်းမရှိလျှင်လဲ မိဘများ သေဆုံးသည့်အခါ ကျန်ရစ်သူ မိသားစုမှ အမွေဝေခြင်းကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ခွဲဝေခြင်းပြုနိုင်ပါသည်။ ထို့သို့ ခွဲဝေပါက အဆိုပါ အမွေခွဲဝေခြင်း စာချုပ်ကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်ရပါမည်။

သဘောတူညီမှုဖြင့် အမွေခွဲဝေခြင်း မပြုနိုင်မှာသာ အမွေဆက်ခံခွင့် လက်မှတ်ရလိုမှု၊ အမွေထိန်း လက်မှတ်စာ ရလိုမှု၊ အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု၊ အမွေ ပစ္စည်းခွဲဝေပေးစေလိုမှု ၊ လက်ရောက်ရလိုမှုတို့ဖြင့် တရားရုံးတွင် သတ်မှတ်အခွန်နှုန်းထား ထိန်းဆောင်၍ အမွေမှုစွဲဆိုရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

မိသားစုစီမံမႈစာခ်ဳပ္ႏွင့္ စပ္လ်ဥ္း၍ သိ႐ွိလိုက္နာရမည့္ အခ်က္အလက္မ်ား ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

 

မိသားစုစီမံမႈ စာခ်ဳပ္ဆိုသည္မွာ မိဘမ်ားသက္႐ွိ ထင္႐ွား႐ွိစဥ္တြင္ ၎တို႔ပိုင္ အေမြပစၥည္းကို ႀကိဳတင္စီမံ ခန္႔ခြဲေပးျခင္းပင္ျဖစ္ပါသည္။

မိသားစုအားလုံး၏ သေဘာတူညီခ်က္ ႏွင့္ မိသားစုမ်ားစုံလင္စြာ ပါဝင္ ခ်ဳပ္ဆို ရမည္ျဖစ္ကာ မသက္ဆိုင္သူမ်ားပါ ထည့္သြင္းခ်ဳပ္ဆိုလွ်င္ စာခ်ဳပ္ပ်က္ျပယ္မည္ျဖစ္ပါသည္။ (ဦးၫႊန္႔ ေမာင္ႏွင့္ ေဒၚျမေ႐ႊ၊ ၁၉၇၄၊ တရားမအယူခံ-၃၃)

မိသားစုစီမံမႈတြင္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း ပါဝင္ပါကာ အဆိုပါစာခ်ဳပ္အား မွတ္ပုံတင္ရမည္။ အဆိုပါ မိသားစုစီမံမႈျဖင့္ ခြဲေဝေသာပစၥည္းမ်ားမွာ မိဘမ်ားကြယ္လြန္ၿပီးမွ အက်ိဳးသက္ေရာက္သည့္ ခြဲေဝမႈ ျဖစ္ပါသည္။ သားသမီးမ်ားအား မိဘျဖစ္သူတို႔မွ ကြယ္လြန္ၿပီးေနာက္ပိုင္းတြင္ အျငင္းပြားမႈမျဖစ္ေစရန္ ရည္႐ြယ္ ပါသည္။ မိသားစုသေဘာတူညီခ်က္အား လုပ္ထုံးလုပ္နည္းႏွင့္အညီ ခ်ဳပ္ဆိုထားျခင္းျဖစ္ပါက အေမြ႐ွင္မ်ား ေသဆုံးသည့္အခါ မိသားစုမွာအေမြမႈလဲျဖစ္ေတာ့မည္မဟုတ္ပါ။ မိသားစုစီမံမႈစာခ်ဳပ္ကို အေၾကာင္းျပ၍ မိဘမ်ား သက္႐ွိ ထင္႐ွား႐ွိေနစဥ္ အေမြခြဲေပးရန္ သားသမီးတစ္ဦးဦးမွ ေတာင္းဆိုႏိုင္သည့္ အခြင့္အေရးမ႐ွိေသးပါ။

ႀကိဳတင္သေဘာတူညီခ်က္ျဖင့္ အေမြခြဲေဝရန္ သေဘာတူညီမႈပင္ျဖစ္သျဖင့္ အမွန္တကယ္မိဘမ်ား ကြယ္လြန္ၿပီး ေနာက္ပိုင္းစာခ်ဳပ္ပါအတိုင္း အေမြခြဲေဝရန္ အျငင္းပႊားမႈမ်ားေပၚေပါက္ႏိုင္ပါသည္။

သို႔ေသာ္ မိသားစု အားလုံးသေဘာတူညီခ်က္ျဖင့္ ျပဳလုပ္ထားေသာ အဆိုပါစာခ်ဳပ္အား အေမြ႐ွင္မိဘ ကြယ္လြန္သြား သည္ႏွင့္ ပ်က္ဖ်က္ခြင့္မ႐ွိပါ။

မိသားစုစီမံမႈစာခ်ဳပ္တြင္ မိသားစုဝင္မ်ားမွ မည္သို႔ခြဲေဝယူေပးၿပီး အေမြဆက္ခံ ၾကမည္ကို မိသားစုမ်ားႏွင့္ အေမြ႐ွင္မိဘတို႔ အားလုံးပါဝင္ကာ လက္မွတ္ေရးထိုးၾကၿပီး ေသတမ္းစာႏွင့္လဲ ကြဲျပားျခားနားပါသည္။

စာခ်ဳပ္ပါအခ်က္အလက္မ်ားအား မိသားစုဝင္အားလုံးမွ လိုက္နာရမည္ျဖစ္ကာ မိသားစုဝင္တစ္ဦး၏ သေဘာဆႏၵျဖင့္ ကိုယ္စားတစ္ဦးဦးက လက္မွတ္ေရးထိုးထားျခင္းျဖစ္ပါက တယ္လီဖုန္း မွတ္တမ္းသက္ေသ ရယူရမည္ျဖစ္ကာ၊ တရား႐ုံး က်မ္းက်ိန္လႊာျပဳလုပ္၍ ကိုယ္စားလွယ္မွ လက္မွတ္ေရးထိုးရပါမည္။

အဆိုပါ ကိုယ္စားလွယ္ျဖင့္ လက္မွတ္ေရးထိုးေသာ အေမြဆိုင္မွာလဲ ၎သေဘာတူညီခ်က္ျဖင့္ ခ်ဳပ္ဆိုေသာ မိသားစုစီမံမႈ စာခ်ဳပ္ကို ေဖာက္ဖ်က္၍မရပါ။

မိသားစုစီမံမႈစာခ်ဳပ္ ခ်ဳပ္ဆိုထားျခင္းမ႐ွိလွ်င္လဲ မိဘမ်ား ေသဆုံးသည့္အခါ က်န္ရစ္သူ မိသားစုမွ အေမြေဝျခင္းကို ႏႈတ္ျဖင့္ျဖစ္ေစ၊ စာျဖင့္ျဖစ္ေစ ခြဲေဝျခင္းျပဳႏိုင္ပါသည္။ ထို႔သို႔ ခြဲေဝပါက အဆိုပါ အေမြခြဲေဝျခင္း စာခ်ဳပ္ကို သက္ဆိုင္ရာ ဥပေဒႏွင့္အညီ မွတ္ပုံတင္ရပါမည္။

သေဘာတူညီမႈျဖင့္ အေမြခြဲေဝျခင္း မျပဳႏိုင္မွာသာ အေမြဆက္ခံခြင့္ လက္မွတ္ရလိုမႈ၊ အေမြထိန္း လက္မွတ္စာ ရလိုမႈ၊ အေမြပုံပစၥည္း စီမံခန္႔ခြဲေပးေစလိုမႈ၊ အေမြ ပစၥည္းခြဲေဝေပးေစလိုမႈ ၊ လက္ေရာက္ရလိုမႈတို႔ျဖင့္ တရား႐ုံးတြင္ သတ္မွတ္အခြန္ႏႈန္းထား ထိန္းေဆာင္၍ အေမြမႈစြဲဆိုရမည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service