မြေအရောင်းအဝယ်ပြုလုပ်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
1178 Views

မြေအရောင်းအဝယ်ပြုလုပ်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

Knowledge | Posted by Aye Myat Thu

[Unicode]

 

ရောင်းချသူနှင့် ဝယ်ယူသူမှာ မြေအရောင်းအဝယ်ပြုလုပ်မည်ဆိုပါက စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေ (၁၇) အရ မဖြစ်မနေ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။

အရောင်းအဝယ်များ ထုံးစံအတိုင်း ရောင်းသူဝယ်သူ စရန်ပေးစာချုပ်ချုပ်ဆိုခြင်း၊ သတင်းစာကြေညာခြင်း၊ မြေပုံ ထွက်လာသည့်အခါ ဒုတိယအရစ် ငွေပေးချေခြင်း၊ မြေကွက်လက်ရောက်အပ်နှံသည့်အချိန် အပြီးအပိုင်ငွေကြေစာချုပ် ချုပ်ဆိုကာ အရပ်ကတိစာချုပ်များ ပြုလုပ်ကြပါသည်။ တချို့အရောင်းအဝယ်များတွင် ရောင်းချသူမှ စရန်ငွေပေးချေပြီးသည်နှင့် ဝယ်ယူသူ၏ တောင်းဆိုချက်ကြောင့် အိမ်ခြံမြေအား အပ်နှံသည်များလဲ ရှိပါသည်။

ဝယ်ယူသူမှ မြေတွင် ဝင်ရောက်နေထိုင်လျက်ရှိသော်လည်း၊ မြေပိုင်ဆိုင်မှုမှာ ရောင်းချသူထံတွင်သာ ရှိနေပါသေးသည်။ ဝယ်ယူသူမှ ရောင်းဈေးတန်ဖိုးငွေအား ဆက်လက်ပေးချေခြင်း မပြုနိုင်ပါက ပစ္စည်း လွှဲပြောင်းခြင်းအက်ဥပဒေ ၅၅ (၄) (ခ) အရ ရောင်းသူပိုင်ပစ္စည်းအနေဖြင့်သာ ရောင်းသူအမည်ပေါက်ဖြစ်နေသောကြောင့် ဝယ်ယူသူထံမှ မြေတန်ဖိုးငွေ ရပိုင်ခွင့်မပေါ်ပေါက်သေးပါ။ မြေပိုင်ဆိုင်မှု စာချုပ်စာတမ်းများမှာ ရောင်းချသူအမည်ပေါက်သာ တည်ရှိနေသောကြောင့် ဖြစ်ပါသည်။

ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ- ၅၅ အရ လွှဲပြောင်းရောင်းချသည့်မြေမှာ မှတ်ပုံတင်ချုပ်ဆိုထားခြင်းမရှိသေးပါက တရားဝင်အရောင်းအဝယ်မြောက်မည်မဟုတ်ပါ။ တရားမမှုများ၏ သဘောတရားမှာလဲ အမှုသည်တို့၏ အဆိုပါ အချေပေါ် မူတည်၍ အနိုင်အရှုံး ဆုံးဖြတ်ပေးရပါသည်။ အဆိုအချေနှင့် ဆန့်ကျင်ကွဲလွှဲသည့် ကိစ္စများကို ဖော်ထုတ်ပြီး တရားရုံးက သက်သာခွင့်ပေး၍ ရမည်မဟုတ်ပါ။

(ဦးအဖူးနှင့် ဦးစိန်မောင်ပါ-၂) ၁၉၉၁၊မတစ (ရုံးချုပ်)၄၆ ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေ နှင့်စာချုပ်စာတမ်း မှတ်ပုံတင် ရေးဥပဒေအရ နှစ်ဦးသဘောတူ ကျန်ငွေပေးချေရန် ပျက်ကွက်နေသည်ဟု ဝန်ခံကြရုံဖြင့် အိမ်ပိုင်ဆိုင်မှုမှ တရားဝင် လွှဲပြောင်းအဖြစ် မသက်ရောက်ပါ။ တံဆိပ်ခေါင်းထမ်းဆောင်ခြင်းမရှိသော စာချုပ်မှာ ပစ္စည်းလွှဲပြောင်းရေးအက် ဥပဒေပုဒ်မ ၅၃(က)အရ တရားဝင်လွှဲပြောင်းခြင်း ဖြစ်လာမည် မဟုတ်ပါ။

ထို့ကြောင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကို တရားဝင် မှတ်ပုံတင်ရောင်းချခြင်း မပြုနိုင်သေးပါက ရောင်းသူ (သို့) ၎င်း၏ အကျိုးခံစားခွင့်ရသူက ဝယ်ယူသူအပေါ် နှင်ထုတ်ရန် တရားစွဲဆိုလိုမှုဖြင့် စွဲဆိုနိုင်ပြီး ဝယ်ယူသူမှလဲ ပုဒ်မ-၅၃ (က) ဖြင့် ခုခံကာကွယ်ခွင့်ရှိပါသည်။ အဆိုပါ ပုဒ်မ-၅၃ (က) အရ ဝယ်ယူသူမှ နှင်လိုမှုတွင် ခုခံကာကွယ်နိုင်ရန်မှာ ၎င်းတို့၏ စာချုပ်မှာ အဖိုးစားနားဖြင့် လွှဲပြောင်းပေးခြင်း၊ စာဖြင့် ရေးသားထားသော ပဋိဉာဉ်ဖြစ်ခြင်း၊ ပိုင်ဆိုင်ခွင့်ရှိသူမှ လက်မှတ်ရေးထိုးခြင်း (သို့) ကိုယ်စားလှယ်က လက်မှတ်ရေးထိုး၍ ရောင်းချခြင်းတို့ဖြစ်ရန် လိုအပ်ပါကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေျမအေရာင္းအဝယ္ျပဳလုပ္ရာတြင္ သိ႐ွိထားသင့္သည့္ အခ်က္အလက္မ်ားအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

 

ေရာင္းခ်သူႏွင့္ ဝယ္ယူသူမွာ ေျမအေရာင္းအဝယ္ျပဳလုပ္မည္ဆိုပါက စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒ (၁၇) အရ မျဖစ္မေန မွတ္ပုံတင္အေရာင္းအဝယ္ စာခ်ဳပ္ခ်ဳပ္ဆိုရန္ လိုအပ္ပါသည္။

အေရာင္းအဝယ္မ်ား ထုံးစံအတိုင္း ေရာင္းသူဝယ္သူ စရန္ေပးစာခ်ဳပ္ခ်ဳပ္ဆိုျခင္း၊ သတင္းစာေၾကညာျခင္း၊ ေျမပုံ ထြက္လာသည့္အခါ ဒုတိယအရစ္ ေငြေပးေခ်ျခင္း၊ ေျမကြက္လက္ေရာက္အပ္ႏွံသည့္အခ်ိန္ အၿပီးအပိုင္ေငြေၾကစာခ်ဳပ္ ခ်ဳပ္ဆိုကာ အရပ္ကတိစာခ်ဳပ္မ်ား ျပဳလုပ္ၾကပါသည္။ တခ်ိဳ႕အေရာင္းအဝယ္မ်ားတြင္ ေရာင္းခ်သူမွ စရန္ေငြေပးေခ်ၿပီးသည္ႏွင့္ ဝယ္ယူသူ၏ ေတာင္းဆိုခ်က္ေၾကာင့္ အိမ္ျခံေျမအား အပ္ႏွံသည္မ်ားလဲ ႐ွိပါသည္။

ဝယ္ယူသူမွ ေျမတြင္ ဝင္ေရာက္ေနထိုင္လ်က္႐ွိေသာ္လည္း၊ ေျမပိုင္ဆိုင္မႈမွာ ေရာင္းခ်သူထံတြင္သာ ႐ွိေနပါေသးသည္။ ဝယ္ယူသူမွ ေရာင္းေဈးတန္ဖိုးေငြအား ဆက္လက္ေပးေခ်ျခင္း မျပဳႏိုင္ပါက ပစၥည္း လႊဲေျပာင္းျခင္းအက္ဥပေဒ ၅၅(၄) (ခ) အရ ေရာင္းသူပိုင္ပစၥည္းအေနျဖင့္သာ ေရာင္းသူအမည္ေပါက္ျဖစ္ေနေသာေၾကာင့္ ဝယ္ယူသူထံမွ ေျမတန္ဖိုးေငြ ရပိုင္ခြင့္မေပၚေပါက္ေသးပါ။ ေျမပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္းမ်ားမွာ ေရာင္းခ်သူအမည္ေပါက္သာ တည္႐ွိေနေသာေၾကာင့္ ျဖစ္ပါသည္။

ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒပုဒ္မ- ၅၅ အရ လႊဲေျပာင္းေရာင္းခ်သည့္ေျမမွာ မွတ္ပုံတင္ခ်ဳပ္ဆိုထားျခင္းမ႐ွိေသးပါက တရားဝင္အေရာင္းအဝယ္ေျမာက္မည္မဟုတ္ပါ။ တရားမမႈမ်ား၏ သေဘာတရားမွာလဲ အမႈသည္တို႔၏ အဆို အေခ်ေပၚ မူတည္၍ အႏိုင္အ႐ႈံး ဆုံးျဖတ္ေပးရပါသည္။ အဆိုအေခ်ႏွင့္ ဆန္႔က်င္ကြဲလႊဲသည့္ ကိစၥမ်ားကို ေဖာ္ထုတ္ၿပီး တရား႐ုံးက သက္သာခြင့္ေပး၍ ရမည္မဟုတ္ပါ။

(ဦးအဖူးႏွင့္ ဦးစိန္ေမာင္ပါ-၂) ၁၉၉၁၊မတစ (႐ုံးခ်ဳပ္)၄၆ ပစၥည္းလႊဲေျပာင္းေရးအက္ဥပေဒ ႏွင့္စာခ်ဳပ္စာတမ္း မွတ္ပုံတင္ ေရးဥပေဒအရ ႏွစ္ဦးသေဘာတူ က်န္ေငြေပးေခ်ရန္ ပ်က္ကြက္ေနသည္ဟု ဝန္ခံၾက႐ုံျဖင့္ အိမ္ပိုင္ဆိုင္မႈမွ တရားဝင္ လႊဲေျပာင္းအျဖစ္ မသက္ေရာက္ပါ။ တံဆိပ္ေခါင္းထမ္းေဆာင္ျခင္းမ႐ွိေသာ စာခ်ဳပ္မွာ ပစၥည္းလႊဲေျပာင္းေရးအက္ ဥပေဒပုဒ္မ ၅၃(က)အရ တရားဝင္လႊဲေျပာင္းျခင္း ျဖစ္လာမည္ မဟုတ္ပါ။

ထို႔ေၾကာင့္ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို တရားဝင္ မွတ္ပုံတင္ေရာင္းခ်ျခင္း မျပဳႏိုင္ေသးပါက ေရာင္းသူ (သို႔) ၎၏ အက်ိဳးခံစားခြင့္ရသူက ဝယ္ယူသူအေပၚ ႏွင္ထုတ္ရန္ တရားစြဲဆိုလိုမႈျဖင့္ စြဲဆိုႏိုင္ၿပီး ဝယ္ယူသူမွလဲ ပုဒ္မ-၅၃ (က) ျဖင့္ ခုခံကာကြယ္ခြင့္႐ွိပါသည္။ အဆိုပါ ပုဒ္မ-၅၃ (က) အရ ဝယ္ယူသူမွ ႏွင္လိုမႈတြင္ ခုခံကာကြယ္ႏိုင္ရန္မွာ ၎တို႔၏ စာခ်ဳပ္မွာ အဖိုးစားနားျဖင့္ လႊဲေျပာင္းေပးျခင္း၊ စာျဖင့္ ေရးသားထားေသာ ပဋိဉာဥ္ျဖစ္ျခင္း၊ ပိုင္ဆိုင္ခြင့္႐ွိသူမွ လက္မွတ္ေရးထိုးျခင္း (သို႔) ကိုယ္စားလွယ္က လက္မွတ္ေရးထိုး၍ ေရာင္းခ်ျခင္းတို႔ျဖစ္ရန္ လိုအပ္ပါေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service