ရန်ကုန်မြို့လယ်ခေါင်တိုက်ခန်းအငှါးဈေးကွက် ပုံမှန်ဖြစ်သော်လည်းအရောင်းအဝယ်မှာ (၄၀) ရာခိုင်နှုန်းသာ ရှိနေ - Property News in Myanmar from iMyanmarHouse.com
1370 Views

ရန်ကုန်မြို့လယ်ခေါင်တိုက်ခန်းအငှါးဈေးကွက် ပုံမှန်ဖြစ်သော်လည်းအရောင်းအဝယ်မှာ (၄၀) ရာခိုင်နှုန်းသာ ရှိနေ

[Unicode]

 

ရန်ကုန်မြို့လယ်ခေါင် (၆) မြို့နယ်ဖြစ်သော ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဗိုလ်တစ်ထောင်နှင့် ပုဇွန်တောင်ရှိ တိုက်ခန်းအရောင်းအဝယ်အခြေအနေက ဖေဖော်ဝါရီလအတွင်းမှာအနည်းငယ်တည်ငြိမ်သွားပြီး အငှါးကတော့ ပုံမှန်ဖြစ်နေကြောင်း ယင်း (၆) မြို့နယ်အတွင်း အိမ်ခြံမြေအကျိုးဆောင်များအသိုင်းအဝိုင်းမှ သိရပါတယ်။

" အရင်က ၁၀၀ ရာခိုင်နှုန်းလောက် အလုပ်ဖြစ်တယ်ဆိုရင် အခုအခြေအနေမှာ ၄၀ ရာခိုင်နှုန်းလောက်ပဲ အရောင်းအဝယ်ဖြစ်တော့တယ်။ ဟိုအရင်နှစ်တွေတုန်းက ဆိုရင် မြို့တွင်း (၆) မြို့နယ်က ရောင်းဝယ်ငှါးဈေးကွက်က အရမ်းအဆင်ပြေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ၂လပိုင်းမှာတော့ အနည်းငယ်အေးသွားတယ်။ လုံးဝမရှိတာတော့မဟုတ်ပါဘူး။ ကျပ်သိန်း ၇၀၀၀ ကျော်ကနေ တစ်သောင်းကျော် လောက်ရှိတဲ့ ကွန်ဒိုတိုက်ခန်းတွေက အရောင်းအဝယ်အေးသွားတယ်။ လက်ရှိအခြေအနေကတော့ တချို့က မြို့လယ်ခေါင်မှာနေရတာထက် မြို့ပြင်လိုနေရာမျိုးမှာ လုံးချင်းဆောက်ပြီးနေထိုင်တဲ့လူနေမှုပုံစံမျိုးတွေ ရွေးချယ်လာကြတာများလာကြတယ်။ တိုက်ခန်းကွန်ဒို ဈေးတွေကလည်း မြေကွက်ဈေးနဲ့ သိပ်မကွာတော့ မြေကွက်ဝယ်ပြီး လုံးချင်းဆောက်နေတဲ့သူတွေလည်း များလာကြပါတယ်။ မြို့လယ်ခေါင်အခန်းဈေးနှုန်းတွေကလည်းပေါက်ဈေးဆိုတာထက် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံမျိုးဖြစ်နေကြတယ်” မြို့တွင်းအိမ်ခြံမြေအကျိုးဆောင် ကိုသီဟက iMyanmarHouse (မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုက်) သို့ ပြောပါတယ်။

အိမ်ဝယ်သည့်နေရာမှာ တချို့တွေကျတော့ တကယ်လိုအပ်လို့ဝယ်တဲ့သူနဲ့ ရင်းနှီးမြှုပ်နှံတဲ့သူတွေလည်း ရှိကြပါတယ်။ လိုအပ်လို့ ဝယ်တဲ့သူကျတော့ လက်ရှိအခန်းဈေးတွေက ဈေးတက်နေတဲ့အခြေအနေဖြစ်နေတော့ နည်းနည်းလေး စောင့်ကြည့်တဲ့အနေအထားတော့ တွေ့ရပါတယ်။ တိုက်ခန်းဈေးနှုန်းတွေက သိန်း ၅၀ ကနေ ၁၀၀ လောက် မနှစ်ကထက်ပိုတက်ပါတယ်။ မနှစ်ကထက်တော့ အများကြီးမဟသွားသေးပါဘူး။ ယင်းကဆက်လက်ပြောပြပါတယ်။

လက်ရှိအရောင်းအဝယ် ဖြစ်နေတဲ့တိုက်ခန်းဈေးတန်းကတော့ ကျပ်သိန်း ၇၀၀ ကနေ ၁၅၀၀ ကြားဖြစ်ပြီး အငှါးဈေးကွက်ကတော့ ၂သိန်း၊ ၂သိန်းခွဲတန် အခန်းတွေ ရှားလာကြောင်း၊ ၅သိန်း၊ ၆သိန်း ကနေ ပစ္စည်းစုံ ၁၂သိန်းတန်လောက်ထိ ဈေးတန်းရှိနေပါကြောင်း သိရပါတယ်။

“အိမ်ခန်းငှါးခကလည်းဈေးကြီး၊ ၃လစာ မရဘူး။ ၆လစာ လောက်မှ ရတယ်။ အဲ့တော့ မြို့လယ်ခေါင်မှာနေမှအဆင်ပြေမယ့် သူတွေအနေနဲ့က မြို့တွင်း ၆ မြို့နယ်အတွင်းနေနိုင်ဖို့အဆင်မပြေတော့ အလုံ တို့၊ကြည့်မြင့်တိုင်၊သိမ်ဖြူဘက် သို့ပြောင်းရွေ့နေကြတယ်။ ၃လ အဆင်ပြေရင်လည်း လက်ခံပေးသင့်တာပေါ့။ ငွေကြေးမတတ်နိုင်တဲ့သူ တွေအတွက် အိမ်ရှင်တွေကလည်း အိမ်လစာကို အဆင်ပြေအောင် လုပ်ပေးရင်တော့ ကောင်းတာပေါ့” ဟု အိမ်ငှါးနေထိုင်သူတစ်ဦးက ပြောပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ရန္ကုန္ၿမိဳ႕လယ္ေခါင္တိုက္ခန္းအငွါးေဈးကြက္ပုံမွန္ျဖစ္ေသာ္လည္း အေရာင္းအဝယ္မွာ (၄၀) ရာခိုင္ႏႈန္းသာ ႐ွိေန

 

ရန္ကုန္ၿမိဳ႕လယ္ေခါင္ (၆) ၿမိဳ႕နယ္ျဖစ္ေသာ ေက်ာက္တံတား၊ ပန္းပဲတန္း၊ လသာ၊ လမ္းမေတာ္၊ ဗိုလ္တစ္ေထာင္ႏွင့္ ပုဇြန္ေတာင္႐ွိ တိုက္ခန္းအေရာင္းအဝယ္အေျခအေနက ေဖေဖာ္ဝါရီလအတြင္းမွာအနည္းငယ္တည္ၿငိမ္သြားၿပီး အငွါးကေတာ့ ပုံမွန္ျဖစ္ေနေၾကာင္း ယင္း (၆) ၿမိဳ႕နယ္အတြင္း အိမ္ျခံေျမအက်ိဳးေဆာင္မ်ားအသိုင္းအဝိုင္းမွ သိရပါတယ္။

" အရင္က ၁၀၀ ရာခိုင္ႏႈန္းေလာက္ အလုပ္ျဖစ္တယ္ဆိုရင္ အခုအေျခအေနမွာ ၄၀ ရာခိုင္ႏႈန္းေလာက္ပဲ အေရာင္းအဝယ္ျဖစ္ေတာ့တယ္။ ဟိုအရင္ႏွစ္ေတြတုန္းက ဆိုရင္ ၿမိဳ႕တြင္း(၆) ၿမိဳ႕နယ္က ေရာင္းဝယ္ငွါးေဈးကြက္က အရမ္းအဆင္ေျပခဲ့ပါတယ္။ ၂၀၂၄ ခုႏွစ္ ၂လပိုင္းမွာေတာ့ အနည္းငယ္ေအးသြားတယ္။ လုံးဝမ႐ွိတာေတာ့မဟုတ္ပါဘူး။ က်ပ္သိန္း ၇၀၀၀ ေက်ာ္ကေန တစ္ေသာင္းေက်ာ္ ေလာက္႐ွိတဲ့ ကြန္ဒိုတိုက္ခန္းေတြက အေရာင္းအဝယ္ေအးသြားတယ္။ လက္႐ွိအေျခအေနကေတာ့ တခ်ိဳ႕က ၿမိဳ႕လယ္ေခါင္မွာေနရတာထက္ ၿမိဳ႕ျပင္လိုေနရာမ်ိဳးမွာ လုံးခ်င္းေဆာက္ၿပီးေနထိုင္တဲ့လူေနမႈပုံစံမ်ိဳးေတြ ေ႐ြးခ်ယ္လာၾကတာမ်ားလာၾကတယ္။ တိုက္ခန္းကြန္ဒို ေဈးေတြကလည္း ေျမကြက္ေဈးနဲ႔ သိပ္မကြာေတာ့ ေျမကြက္ဝယ္ၿပီး လုံးခ်င္းေဆာက္ေနတဲ့သူေတြလည္း မ်ားလာၾကပါတယ္။ ၿမိဳ႕လယ္ေခါင္အခန္းေဈးႏႈန္းေတြကလည္းေပါက္ေဈးဆိုတာထက္ ႀကိဳက္ေရာင္းႀကိဳက္ဝယ္ပုံစံမ်ိဳးျဖစ္ေနၾကတယ္” ၿမိဳ႕တြင္းအိမ္ျခံေျမအက်ိဳးေဆာင္ ကိုသီဟက iMyanmarHouse (ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွါး ဝဘ္ဆိုက္) သို႔ ေျပာပါတယ္။

အိမ္ဝယ္သည့္ေနရာမွာ တခ်ိဳ႕ေတြက်ေတာ့ တကယ္လိုအပ္လို႔ဝယ္တဲ့သူနဲ႔ ရင္းႏွီးျမႇဳပ္ႏွံတဲ့သူေတြလည္း ႐ွိၾကပါတယ္။ လိုအပ္လို႔ ဝယ္တဲ့သူက်ေတာ့ လက္႐ွိအခန္းေဈးေတြက ေဈးတက္ေနတဲ့အေျခအေနျဖစ္ေနေတာ့ နည္းနည္းေလး ေစာင့္ၾကည့္တဲ့အေနအထားေတာ့ ေတြ႕ရပါတယ္။ တိုက္ခန္းေဈးႏႈန္းေတြက သိန္း ၅၀ ကေန ၁၀၀ ေလာက္ မႏွစ္ကထက္ပိုတက္ပါတယ္။ မႏွစ္ကထက္ေတာ့ အမ်ားႀကီးမဟသြားေသးပါဘူး။ ယင္းကဆက္လက္ေျပာျပပါတယ္။

လက္႐ွိအေရာင္းအဝယ္ ျဖစ္ေနတဲ့တိုက္ခန္းေဈးတန္းကေတာ့ က်ပ္သိန္း ၇၀၀ ကေန ၁၅၀၀ ၾကားျဖစ္ၿပီးအငွါးေဈးကြက္ကေတာ့ ၂သိန္း၊ ၂သိန္းခြဲတန္ အခန္းေတြ ႐ွားလာေၾကာင္း၊ ၅သိန္း၊ ၆သိန္း ကေန ပစၥည္းစုံ ၁၂သိန္းတန္ေလာက္ထိ ေဈးတန္း႐ွိေနပါေၾကာင္း သိရပါတယ္။

“အိမ္ခန္းငွါးခကလည္းေဈးႀကီး၊ ၃လစာ မရဘူး။ ၆လစာ ေလာက္မွ ရတယ္။ အဲ့ေတာ့ ၿမိဳ႕လယ္ေခါင္မွာေနမွအဆင္ေျပမယ့္ သူေတြအေနနဲ႔က ၿမိဳ႕တြင္း ၆ ၿမိဳ႕နယ္အတြင္းေနႏိုင္ဖို႔အဆင္မေျပေတာ့ အလုံ တို႔၊ၾကည့္ျမင့္တိုင္၊သိမ္ျဖဴဘက္ေျပာင္းေ႐ြ႕ေနၾကတယ္။ ၃လ အဆင္ေျပရင္လည္း လက္ခံေပးသင့္တာေပါ့။ ေငြေၾကးမတတ္ႏိုင္တဲ့သူ ေတြအတြက္ အိမ္႐ွင္ေတြကလည္း အိမ္လစာကို အဆင္ေျပေအာင္ လုပ္ေပးရင္ေတာ့ ေကာင္းတာေပါ့” ဟု အိမ္ငွါးေနထိုင္သူတစ္ဦးက ေျပာပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 16 Aug To 17 Aug

Magical World Apartment

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service