ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ကို အခုနှစ်မေလအတွင်း အပြီးတည်ဆောက်မည် - Property Knowledge in Myanmar from iMyanmarHouse.com
1036 Views
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ကို အခုနှစ်မေလအတွင်း အပြီးတည်ဆောက်မည်
Knowledge | Posted by Zarni Kyaw
[Unicode]
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နဲ့ သန်လျင်မြို့ကိုဆက်သွယ်ပေးထားတဲ့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ကို အခုနှစ်မေလအတွင်း အပြီးတည်ဆောက်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ သန်လျင်မြို့တွင်းကနေ ရန်ကုန်မြို့ထဲကို သွားလာနေကြတဲ့ ပြည်သူတွေအနေနဲ့ ယာဉ်ကြောပိတ်ဆို့မှုကို နေ့စဉ်ကြုံတွေ့နေရလို့ အခုလိုတံတားတစ်စင်းကို ထပ်မံတည်ဆောက်နေတာဖြစ်ပါတယ်။
အခုတည်ဆောက်နေတဲ့တံတား ပြီးစီးသွားရင် သန်လျင်တံတားပေါ်မှာ ဖြစ်ပေါ်နေတဲ့ ယာဉ်ကြော ကြပ်တည်းမှုကို လျော့ချပေးနိုင်မှာဖြစ်တယ်လို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။ ဒါ့အပြင် အဲဒီမြစ်ကူးတံတားပြီးစီးသွားရင် တံတားအသုံးပြုခ ကောက်ခံသွားမှာလို့လည်း သိရပါတယ်။ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) သီလဝါအထူးစီးပွားရေးဇုန်နဲ့ ကုန်သွယ်မှုပြုလုပ်ဖို့အတွက် ရည်ရွယ်ထားသလို ရန်ကုန် ၊ ဘားအံ ၊ မြဝတီကနေ ထိုင်းနယ်စပ်ကုန်သွယ်ရေးအထိ ကုန်သွယ်ဖို့ရည်ရွယ်ထားတယ်လို့လည်း အဆိုပါဝန်ကြီးဌာနကနေ သိရပါတယ်။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ကို ၂၀၁၉ ခုနှစ် မေလမှာ စတင်တည်ဆောက်ခဲ့ပြီး သာကေတဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည်မှာ ၆၀၂ မီတာ (၁၉၇၅ ပေ)၊ သန်လျင်ဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည်မှာ ၈၀၇ မီတာ (၂၆၄၇ ပေ)၊ ပင်မတံတားအရှည်မှာ ၁၂၂၄ မီတာ (၄၀၁၆ ပေ) စုစုပေါင်း၂၆၃၃ မီတာ (၈၆၃၈ ပေ) ရှည်လျားပြီး လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားဖြစ်ကြောင်း သိရပါတယ်။ တံတားရဲ့ရေလမ်းကင်းလွတ် အမြင့်မှာ ၁၃ ဒသမ ၂၅ မီတာ (၄၃ ပေ) ရှိပြီး အကျယ်မှာ ၂၂၄ မီတာ (၇၃၅ ပေ) ရှိတယ်လို့လည်း သိရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit: (MOI)
[Zawgyi]
Photo Credit: (MOI)
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
Upcoming Property Events
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service