ပုသိမ်မြို့အိမ်ရာများ ပုသိမ်အိမ်ခြံမြေဈေးကွက်တွင် ထိပ်တန်းဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
1784 Views

ပုသိမ်မြို့အိမ်ရာများ ပုသိမ်အိမ်ခြံမြေဈေးကွက်တွင် ထိပ်တန်းဖြစ်နေ

[Unicode]

 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နှင့်အနီးတဝိုက်ရှိအိမ်ရာများသည် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဈေးကွက်တွင် ထိပ်တန်းဖြစ်နေကြောင်း ပုသိမ်အိမ်ခြံမြေ အကျိုးဆောင်များအသိုင်းအဝိုင်းမှ သိရသည်။

ပုသိမ်မြို့နဲ့အနီးတဝိုက်တွင် မြကျွန်းသာအိမ်ရာ၊ ရွှေမြင့်မိုရ်အိမ်ရာ၊ ဥမ္မာဒန္ဒီ အိမ်ရာနှင့် Green land City အိမ်ရာတို့တည်ရှိနေပြီး ယင်းအိမ်ရာများအနက် မြကျွန်းသာအိမ်ရာမှာ အိမ်ခြံမြေရောင်းဝယ်ငှါးဈေးကွက်တွင် အများအကြိုက်ဆုံးနေရာဖြစ်နေပြီး အရောင်း၊အဝယ်၊အငှါး အသွက်ဆုံးဖြစ်ပြီး  ပုသိမ်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်  အရ ထိပ်တန်းဖြစ်ကြောင်း အဆိုပါ အသိုင်းအဝိုင်းမှသိရသည်။

“အခုလက်ရှိအခြေအနေအရဆိုရင်လည်း ငွေကြေးအပြောင်းအလဲကြောင့်ရော အိမ်ခြံမြေဈေးတွေက မနှစ်ကထက် အနည်းငယ်ပိုလာပါတယ်။ ဒါပေမယ့် အရောင်းအဝယ်ဖြစ်နေတာကတော့ သိန်း ၅၀၀ အောက်လောက်ပဲ ဝယ်လိုအား ရှိပါတယ်” ပုသိမ်မြို့မှ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

 

ဥမ္မာဒန္ဒီ အိမ်ရာ

 

ယင်းအပြင် ” လတ်တလောမှာ ပုသိမ်မြို့  နဲ့အနီးတဝိုက်မှာက အိမ်ခြံမြေဈေး တွေက ဈေးတန်းမှန်တယ်ဆိုရင်တော့ အရောင်းအဝယ်ဖြစ်ပါတယ်။ သို့သော် ထိုက်သင့်တဲ့ဈေးထက်ပိုတင်ထားတဲ့ဟာမျိုးတွေကျတော့ အဝယ်မရှိဘူးပေါ့။ အခုနောက်ပိုင်းဆိုရင် မြို့နေလူထုအနေနဲ့ အိမ်ရာတွေကို ပိုပြီးစိတ်ဝင်စားလာတာတွေ့ရပါတယ်။ မြကျွန်းသာအိမ်ရာဝန်းကတော့ သုံးစွဲသူအကြိုက်ဆုံး နေရာလို့တောင် ပြောလို့ရပါတယ်။ ရောင်းဝယ်ငှါးအဖြစ်ဆုံးနေရာကလည်း မြကျွန်းသာအိမ်ရာလို့လည်း ပြောလို့ရပါတယ်”ဟု အိမ်ခြံမြေအကျိုးဆောင် ဦးစိုးမြင့်က iMyanmarHouse သို့ ပြောသည်။

အဆိုပါမြကျွန်းသာအိမ်ရာ တွင်အဆောက်အဦးပေါင်း (၄၀) ကျော်ရှိပြီး မြေညီထပ်မှ ငါးလွှာထိရှိကြောင်း၊ ယင်းအိမ်ရာများ၏ မြေညီထပ်မှ အမြင့်ဆုံး အထပ်ရှိအခန်း အရောင်းဈေးနှုန်းများမှာ ကျပ်သိန်း ၁၅၀၀မှ ကျပ်သိန်း ၃၀၀ ကျော်ခန့်ရှိကြောင်း၊ အငှါးဈေးနှုန်းများမှာ ကျပ်သုံးသိန်းမှ ကျပ်တစ်သိန်းခွဲဝန်းကျင်ထိရှိနေကြောင်း သိရသည်။

ပုသိမ်မြို့ရှိ ဥမ္မာဒန္ဒီအိမ်ရာနှင့် Green land City အိမ်ရာတို့မှာ အစိုးရဝန်ထမ်းများနှင့် အရာရှိပိုင်းမှနေထိုင်သူများပြီး ရွှေမြင့်မိုရ်အိမ်ရာမှာ အကွက်ရိုက်ရောင်းချသောမြေကွက်များသာ ပိုမိုများပြားကြောင်း ပုသိမ်မြို့ခံ များမှ သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ပုသိမ္ၿမိဳ႕အိမ္ရာမ်ား ပုသိမ္အိမ္ျခံေျမေဈးကြက္တြင္ ထိပ္တန္းျဖစ္ေန

 

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕ႏွင့္အနီးတဝိုက္႐ွိအိမ္ရာမ်ားသည္ အိမ္ျခံေျမ ေရာင္းဝယ္ငွါး ေဈးကြက္တြင္ ထိပ္တန္းျဖစ္ေနေၾကာင္း ပုသိမ္အိမ္ျခံေျမ အက်ိဳးေဆာင္မ်ားအသိုင္းအဝိုင္းမွ သိရသည္။

ပုသိမ္ၿမိဳ႕နဲ႔အနီးတဝိုက္တြင္ ျမကြၽန္းသာအိမ္ရာ၊ ေ႐ႊျမင့္မိုရ္အိမ္ရာ၊ ဥမၼာဒႏၵီ အိမ္ရာႏွင့္ Green land City အိမ္ရာတို႔တည္႐ွိေနၿပီး ယင္းအိမ္ရာမ်ားအနက္ ျမကြၽန္းသာအိမ္ရာမွာ အိမ္ျခံေျမေရာင္းဝယ္ငွါးေဈးကြက္တြင္ အမ်ားအႀကိဳက္ဆုံးေနရာျဖစ္ေနၿပီး အေရာင္း၊အဝယ္၊အငွါး အသြက္ဆုံးျဖစ္ၿပီး ပုသိမ္ၿမိဳ႕ရဲ႕ အိမ္ျခံေျမေဈးကြက္အရ ထိပ္တန္းျဖစ္ေၾကာင္း အဆိုပါ အသိုင္းအဝိုင္းမွသိရသည္။

“အခုလက္႐ွိအေျခအေနအရဆိုရင္လည္း ေငြေၾကးအေျပာင္းအလဲ ေၾကာင့္ ေရာ အိမ္ျခံေျမေဈးေတြက မႏွစ္ကထက္ အနည္းငယ္ပိုလာပါတယ္။ ဒါေပမယ့္ အေရာင္းအဝယ္ျဖစ္ေနတာကေတာ့ သိန္း ၅၀၀ ေအာက္ေလာက္ပဲ ဝယ္လိုအား ႐ွိပါတယ္” ပုသိမ္ၿမိဳ႕မွ အိမ္ျခံေျမေရာင္းဝယ္ေရးလုပ္ကိုင္သူ တစ္ဦးက ေျပာသည္။

ယင္းအျပင္ ” လတ္တေလာမွာ ပုသိမ္ၿမိဳ႕နဲ႔အနီးတဝိုက္မွာက အိမ္ျခံေျမေဈး ေတြက ေဈးတန္းမွန္တယ္ဆိုရင္ေတာ့ အေရာင္းအဝယ္ျဖစ္ပါတယ္။ သို႔ေသာ္ ထိုက္သင့္တဲ့ေဈးထက္ပိုတင္ထားတဲ့ဟာမ်ိဳးေတြက်ေတာ့ အဝယ္မ႐ွိဘူးေပါ့။ အခုေနာက္ပိုင္းဆိုရင္ ၿမိဳ႕ေနလူထုအေနနဲ႔ အိမ္ရာေတြကို ပိုၿပီးစိတ္ဝင္စား လာတာေတြ႕ရပါတယ္။ ျမကြၽန္းသာအိမ္ရာဝန္းကေတာ့ သုံးစြဲသူအႀကိဳက္ဆုံး ေနရာလို႔ေတာင္ ေျပာလို႔ရပါတယ္။ ေရာင္းဝယ္ငွါးအျဖစ္ဆုံးေနရာကလည္း ျမကြၽန္းသာအိမ္ရာလို႔လည္း ေျပာလို႔ရပါတယ္”ဟု အိမ္ျခံေျမအက်ိဳးေဆာင္ ဦးစိုးျမင့္က iMyanmarHouse သို႔ေျပာသည္။

အဆိုပါျမကြၽန္းသာအိမ္ရာ တြင္အေဆာက္အဦးေပါင္း (၄၀) ေက်ာ္႐ွိၿပီး ေျမညီထပ္မွ ငါးလႊာထိ႐ွိေၾကာင္း၊ ယင္းအိမ္ရာမ်ား၏ ေျမညီထပ္မွ အျမင့္ဆုံး အထပ္႐ွိအခန္း အေရာင္းေဈးႏႈန္းမ်ားမွာ က်ပ္သိန္း ၁၅၀၀မွ က်ပ္သိန္း ၃၀၀ ေက်ာ္ခန္႔႐ွိေၾကာင္း၊ အငွါးေဈးႏႈန္းမ်ားမွာ က်ပ္ သုံးသိန္းမွ က်ပ္ တစ္သိန္းခြဲဝန္းက်င္ထိ႐ွိေနေၾကာင္း သိရသည္။

ပုသိမ္ၿမိဳ႕႐ွိ ဥမၼာဒႏၵီအိမ္ရာႏွင့္ Green land City အိမ္ရာတို႔မွာ အစိုးရဝန္ထမ္းမ်ားႏွင့္ အရာ႐ွိပိုင္းမွေနထိုင္သူမ်ားၿပီး ေ႐ႊျမင့္မိုရ္အိမ္ရာမွာ အကြက္႐ိုက္ေရာင္းခ်ေသာေျမကြက္မ်ားသာ ပိုမိုမ်ားျပားေၾကာင္း ပုသိမ္ၿမိဳ႕ခံ မ်ားမွ သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service