နှစ်ပေါင်း (၃၀) အတွင်း အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၄၈၉၆ ဘီလီယံ ကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
597 Views

နှစ်ပေါင်း (၃၀) အတွင်း အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၄၈၉၆ ဘီလီယံ ကျော်ရှိ

[Unicode]

 

၁၉၉၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၄၈၉၆ ဘီလီယံကျော်ရှိပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၁၉ ဒသမ ၉၇ ရာခိုင်နှုန်းရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

‘'ဈေးကွက်ရဲ့ သဘောတရားအရဆိုရင် ဝယ်လိုအားများလာတဲ့ ကုန်ပစ္စည်းက ဈေးပိုတက်လာတယ်။ အဲဒီသဘောပဲပေါ့နော်။ အခုအရှေ့ပိုင်းနှစ်တွေဆိုရင် အိမ်ခြံမြေတွေက အရောင်းအဝယ်တွေ ပိုတက်လာတော့ အိမ်ခြံမြေဈေးတွေကလည်း ဟိုးအရင်နှစ်တွေထက် နှစ်ဆသုံးဆလောက်ခုန်တက်သွားတယ်။ အိမ်ခြံမြေမှာ ရင်နှီးမြှုပ်နှံမှုပိုများလာတယ်လို့ ပြောလို့ရပါတယ်” ဟု iMyanmarHouse (မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုက် )သို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၅၈ ဘီလီယံကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ကျပ်သန်း ၅၈၁၇၈ ဒသမ ၃၈၁ (ကျပ် ၅၈ ဘီလီယံကျော်) ဖြင့် အများဆုံးဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ်သန်း ၃၄၅၆၇ ဒသမ ၅၀၆ ( ကျပ် ၃၄ ဘီလီယံကျော်)ဖြင့် ဒုတိယအများဆုံးဖြစ်သည်။မွန်ပြည်နယ်အတွင်းသို့ ကျပ်သန်း ၁၆၄၅၀ ဒသမ ၀၀၀ (၁၆ဘီလီယံကျာ်)ဖြင့် တတိယအများဆုံး ဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ႏွစ္ေပါင္း (၃၀) အတြင္း အိမ္ျခံေျမဖြံ႕ၿဖိဳးတိုးတက္ေရးက႑တြင္ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ က်ပ္ ၄၈၉၆ ဘီလီယံ ေက်ာ္႐ွိ

 

၁၉၉၄ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာလကုန္အထိ အိမ္ျခံေျမဖြံ႕ၿဖိဳးတိုးတက္ေရးက႑တြင္ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ က်ပ္ ၄၈၉၆ ဘီလီယံေက်ာ္႐ွိၿပီး စုစုေပါင္းႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၁၉ ဒသမ ၉၇ ရာခိုင္ႏႈန္း႐ွိေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

‘'ေဈးကြက္ရဲ႕ သေဘာတရားအရဆိုရင္ ဝယ္လိုအားမ်ားလာတဲ့ ကုန္ပစၥည္းက ေဈးပိုတက္လာတယ္။ အဲဒီသေဘာပဲေပါ့ေနာ္။ အခုအေ႐ွ႕ပိုင္းႏွစ္ေတြဆိုရင္ အိမ္ျခံေျမေတြက အေရာင္းအဝယ္ေတြ ပိုတက္လာေတာ့ အိမ္ျခံေျမေဈးေတြကလည္း ဟိုးအရင္ႏွစ္ေတြထက္ ႏွစ္ဆသုံးဆေလာက္ခုန္တက္သြားတယ္။ အိမ္ျခံေျမမွာ ရင္ႏွီးျမႇဳပ္ႏွံမႈပိုမ်ားလာတယ္လို႔ ေျပာလို႔ရပါတယ္” ဟု iMyanmarHouse (ျမန္မာႏိုင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္းဝယ္ငွါး ဝဘ္ဆိုက္ )သို႔ အိမ္ျခံေျမ အက်ိဳးေဆာင္လုပ္ငန္းလုပ္ကိုင္သူတစ္ဦးက ေျပာသည္။

၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္ စတုတၳသုံးလပတ္အတြင္း ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအလိုက္ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ ဝင္ေရာက္မႈအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ က်ပ္ ၅၈ ဘီလီယံေက်ာ္ျဖင့္ အမ်ားဆုံးျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၊ ဗဟိုစာရင္းအင္းအဖြဲ႕မွ သိရသည္။

၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္ စတုတၳသုံးလပတ္အတြင္း ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအလိုက္ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ ဝင္ေရာက္မႈအေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းသို႔ က်ပ္သန္း ၅၈၁၇၈ ဒသမ ၃၈၁ (က်ပ္ ၅၈ ဘီလီယံေက်ာ္) ျဖင့္ အမ်ားဆုံးျဖစ္သည္။

တနသၤာရီတိုင္းေဒသႀကီးတြင္ က်ပ္သန္း ၃၄၅၆၇ ဒသမ ၅၀၆ ( က်ပ္ ၃၄ ဘီလီယံေက်ာ္)ျဖင့္ ဒုတိယအမ်ားဆုံးျဖစ္သည္။မြန္ျပည္နယ္အတြင္းသို႔ က်ပ္သန္း ၁၆၄၅၀ ဒသမ ၀၀၀ (၁၆ဘီလီယံက်ာ္)ျဖင့္ တတိယအမ်ားဆုံး ဝင္ေရာက္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service