ရန်ကုန်မြို့သစ်စီမံကိန်းမြေကွက်များ ဈေးလျှော့ရောင်းမှုများရှိနေဟုဆို - Property News in Myanmar from iMyanmarHouse.com
1922 Views
ရန်ကုန်မြို့သစ်စီမံကိန်းမြေကွက်များ ဈေးလျှော့ရောင်းမှုများရှိနေဟုဆို
[Unicode]
စီမံကိန်းအားအကောင်အထည်ဖော်စတင်နိုင်ခြင်းမရှိသေးသည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွင်းရှိ မြေကွက်အချို့ကို ယခင်ပေါက်ဈေးထက် ဈေးလျှော့ရောင်းနေမှုများရှိနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းများမှ စုံစမ်းသိရှိရသည်။
အဆိုပါရန်ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ်အတွင်းတွင် တည်ရှိပြီး အရောင်းအဝယ် ပြုလုပ်သည့် မြေကွက်အမျိုးအစား ၅ မျိုးရှိကြောင်း၊ ယခင်အစိုးရ လက်ထက်က ပေ ၄၀/၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၃၅၀ မှ သိန်း ၄၀၀ အထိ ပေါက်ဈေးရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ပေ ၄၀/၆၀ အမျိုးအစား တစ်ကွက်လျှင် ကျပ်သိန်း ၂၅၀ မှ သိန်း ၃၀၀ ဝန်းကျင်ဖြင့် ဈေးပေါက်နေကြောင်း သိရသည်။
" စီမံကိန်းကလည်း ဘာမှန်းသေချာမသိရဘူး။ တချို့မြေကွက်ပိုင်ရှင်တွေက ဈေးအနိမ့်နဲ့ ပြန်ရောင်းကြတာတွေ ရှိတယ်။ သိပ်ပြီး အဝယ်မလိုက်ကြတော့ဘူး။ ဒလတံတားစီမံကိန်းနားက မြေတွေပဲ ဈေးကောင်းပြီး အရောင်းအဝယ်ဖြစ်နေတာ" ဟု ဒလမြို့နယ်ရှိ အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ထို့ပြင် အခြားမြေကွက် ဈေးနှုန်းများအနေဖြင့်လည်း ပေ ၆၀ ပတ်လည်တွင် ကျပ်သိန်း ၇၀၀၊ ပေ ၈၀ ပတ်လည် သိန်း ၉၀၀ မှ ၉၅၀၊ ပေ ၁၀၀ ပတ်လည် သိန်း ၁၅၀၀ အထိ ပေါက်ဈေးရှိခဲ့ရာမှ ယခုအခါ ပေ ၆၀ ပတ်လည် ကျပ်သိန်း ၃၅၀၊ ပေ ၈၀ ပတ်လည် ကျပ်သိန်း ၄၅၀ မှ ၅၀၀၊ ပေ ၁၀၀ ပတ်လည် ကျပ်သိန်း ၈၀၀ မှ ၉၀၀ အထိဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် စီမံကိန်း အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ယခင်အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်မှ လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်သည်။ ထိုစီမံကိန်းကို ရန်ကုန်အနောက်ဘက်ကမ်း ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင် မြို့နယ်တို့မှ မြေဧက ၃၇၀,၀၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့သစ်စီမံကိန်းနယ်မြေမှာ စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ကုန်ကျနိုင်မည်ဟု ခန့်မှန်ထားပြီး လူ ၂ သန်းကျော်အတွက် အလုပ်အကိုင်ဖန်တီးပေးမည်ဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Upcoming Property Events
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service