လျှပ်စစ်စွမ်းအားဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ ထိန်းသိမ်း ပြုပြင်နိုင်သည့် အဆင့်မြှင့်ပညာရပ်များ သင်ယူနိုင်ရေး ဝန်ကြီးဌာနအကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
840 Views

လျှပ်စစ်စွမ်းအားဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ ထိန်းသိမ်း ပြုပြင်နိုင်သည့် အဆင့်မြှင့်ပညာရပ်များ သင်ယူနိုင်ရေး ဝန်ကြီးဌာနအကောင်အထည်ဖော်မည်

[Unicode]

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်နိုင်သည့် ထူးချွန်သူများအား အဆင့်မြှင့်ပညာရပ်များ ဆက်လက်သင်ကြားနိုင်ရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အမှတ်စဉ်(၁/၂၀၂၄) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီးဦးအေးကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက သင်တန်းတွင်ထူးချွန်သူများကို တစ်ဆင့်မြှင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို ဆောင်ရွက်တတ်စေရန်နှင့် AMI စနစ်ကို Energy Meter, Server, Database နှင့် ဆက်သွယ်ရေးနည်းပညာပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှုစနစ်၊ ဓာတ်အားကွပ်ကဲ/ ထိန်းသိမ်းမောင်းနှင်သည့် စနစ်တို့၏ လုပ်ဆောင်မှုကို သိရှိနားလည်စေရန်သင်တန်းကို စီမံဖွင့်လှစ်သည့်အတွက် ထိုက်သင့်သည့်ပညာရပ် အခြေခံကောင်းများရရှိမည်ဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချချက်များ၊ အပြန်အလှန်ဆွေးနွေးခြင်းမှရရှိသည့် အသိပညာ၊ အတွေ့အကြုံများနှင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ချမှတ်ထားသော စည်းကမ်းများနှင့်အညီ လျှပ်စစ်အင်ဂျင်နီယာကောင်းများအဖြစ် ဌာနအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးတို့ကို စိတ်ကောင်းစေတနာအပြည့်နှင့် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို သင်တန်းသား၂၅ ဦးဖြင့်လည်းကောင်း၊ အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို သင်တန်းသား ၂၄ ဦးဖြင့်လည်းကောင်း စာတွေ့လက်တွေ့ ရက်သတ္တငါးပတ်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

လွ်ပ္စစ္စြမ္းအားဓာတ္အားခြဲ႐ုံမ်ား တည္ေဆာက္/ေမာင္းႏွင္/ ထိန္းသိမ္း ျပဳျပင္ႏိုင္သည့္ အဆင့္ျမႇင့္ပညာရပ္မ်ား သင္ယူႏိုင္ေရး ဝန္ႀကီးဌာန အေကာင္အထည္ေဖာ္မည္

 

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ဓာတ္အားခြဲ႐ုံမ်ား တည္ေဆာက္/ ေမာင္းႏွင္/ ထိန္းသိမ္းျပဳျပင္ႏိုင္သည့္ ထူးခြၽန္သူမ်ားအား အဆင့္ျမႇင့္ပညာရပ္မ်ား ဆက္လက္သင္ၾကားႏိုင္ေရးအတြက္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အဆိုပါဝန္ႀကီးဌာနမွ သိရသည္။

အဆိုပါ အမွတ္စဥ္(၁/၂၀၂၄) သင္တန္းမ်ား ဖြင့္ပြဲအခမ္းအနားကို ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ေနျပည္ေတာ္ဗဟိုသင္တန္းေက်ာင္း၌ က်င္းပခဲ့သည္။

အခမ္းအနားသို႔ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္း၊ ဒုတိယဝန္ႀကီးဦးေအးေက်ာ္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မ်ား၊ ဦးေဆာင္ ၫႊန္ၾကားေရးမႉးမ်ားႏွင့္ ဌာနအႀကီးအကဲမ်ား၊ သင္တန္းနည္းျပမ်ား ႏွင့္ သင္တန္းသား သင္တန္းသူမ်ား တက္ေရာက္ခဲ့ၾကသည္။

ေ႐ွးဦးစြာျပည္ေထာင္စုဝန္ႀကီးက သင္တန္းတြင္ထူးခြၽန္သူမ်ားကို တစ္ဆင့္ျမႇင့္ပညာရပ္မ်ား ဆက္လက္သင္ယူႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေပး သြားမည္ျဖစ္ပါေၾကာင္း၊ ဝန္ထမ္းေရးရာကိစၥရပ္မ်ားကို ေဆာင္႐ြက္တတ္ေစရန္ႏွင့္ AMI စနစ္ကို Energy Meter, Server, Database ႏွင့္ ဆက္သြယ္ေရးနည္းပညာေပါင္းစပ္ၿပီး ေခတ္မီသည့္ မီတာဖတ္႐ႈမႈစနစ္၊ ဓာတ္အားကြပ္ကဲ/ ထိန္းသိမ္းေမာင္းႏွင္သည့္ စနစ္တို႔၏ လုပ္ေဆာင္မႈကို သိ႐ွိနားလည္ေစရန္သင္တန္းကို စီမံဖြင့္လွစ္သည့္အတြက္ ထိုက္သင့္သည့္ပညာရပ္ အေျခခံေကာင္းမ်ားရ႐ွိမည္ျဖစ္ေၾကာင္း၊ သင္တန္းမွသင္ၾကားပို႔ခ်ခ်က္မ်ား၊ အျပန္အလွန္ေဆြးေႏြးျခင္းမွရ႐ွိသည့္ အသိပညာ၊ အေတြ႕အၾကဳံမ်ားႏွင့္ ဝန္ႀကီးဌာန၏ မူဝါဒ၊ ခ်မွတ္ထားေသာ စည္းကမ္းမ်ားႏွင့္အညီ လွ်ပ္စစ္အင္ဂ်င္နီယာေကာင္းမ်ားအျဖစ္ ဌာနအက်ိဳး၊ ျပည္သူ႕အက်ိဳး၊ ႏိုင္ငံ့အက်ိဳးတို႔ကို စိတ္ေကာင္းေစတနာအျပည့္ႏွင့္ စြမ္းစြမ္းတမံ ႀကိဳးစားအားထုတ္ေဆာင္႐ြက္သြားၾကရန္လိုအပ္ေၾကာင္း ေျပာၾကားသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ဓာတ္အားခြဲ႐ုံမ်ား တည္ေဆာက္/ ေမာင္းႏွင္/ ထိန္းသိမ္းျပဳျပင္ျခင္းသင္တန္း အမွတ္စဥ္(၁/၂၀၂၄)ကို သင္တန္းသား၂၅ ဦးျဖင့္လည္းေကာင္း၊ အင္ဂ်င္နီယာမ်ား စီမံခန္႔ခြဲေရးသင္တန္း အမွတ္စဥ္(၁/၂၀၂၄)ကို သင္တန္းသား ၂၄ ဦးျဖင့္လည္းေကာင္း စာေတြ႕လက္ေတြ႕ ရက္သတၱငါးပတ္ၾကာ ဖြင့္လွစ္ပို႔ခ်ေပးသြားမည္ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
Twilight ဇာတ်လမ်းတွဲများဖြင့် ကမ္ဘာကျော်ခဲ့သော ရုပ်ရှင်မင်းသမီး ခရစ္စတင်း စတီးဝပ်က သူ၏ လော့စ်အိန်ဂျလိမှ ဒေါ်လာ ၃ ဒသမ ၇ သ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service