နိုင်ငံတကာအဆင့်မီဖော်ဆောင်မည့် ရန်ကုန်ဘူတာကြီး အဆင့်မြင့်စီမံကိန်းရပ်ဆိုင်း တင်ဒါအောင်ကုမ္ပဏီများထွက်ခွာသွား - Property News in Myanmar from iMyanmarHouse.com
1317 Views

နိုင်ငံတကာအဆင့်မီဖော်ဆောင်မည့် ရန်ကုန်ဘူတာကြီး အဆင့်မြင့်စီမံကိန်းရပ်ဆိုင်း တင်ဒါအောင်ကုမ္ပဏီများထွက်ခွာသွား

[Unicode]

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ရန်ကုန်ဘူတာကြီးကို နိုင်ငံတကာအဆင့်မီဖော်ဆောင်မည့် အဆင့်မြင့်စီမံကိန်းများ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကိုဖော်ဆောင်မည့် တင်ဒါအောင်ထားသည့် ပြည်ပကုမ္ပဏီများလည်း မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

“ စီမံကိန်းကတော့လက်ရှိအနေအထားမှာ လုံးဝရပ်ဆိုင်းသွားပါပြီ။ ဘာ့ကြောင့် လဲဆိုတော့ တင်ဒါအောင်ထားတဲ့ ကုမ္ပဏီတွေလည်း မရှိတော့ဘူး။ ထွက်သွားကြပါပြီ” ဟု မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းစီမံကိန်း အကျယ်ဝန်းမှာ ၆၃ ဒသမ ၅ ဧကခန့်ရှိပြီး ကြမ်းခင်းဧရိယာ စတုရန်း မီတာ ၁ ဒသမ ၁၉ သန်းဖော်ဆောင် သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်ဘူ တာကြီး အဆင့်မြှင့်တင်မည့် စီမံကိန်းသည် တောင်ဘက်တွင် ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ မြောက်ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်းနှင့် အရှေ့ဘက်တွင် သိမ်ဖြူလမ်းတို့ကြားရှိ မြေဧရိယာအတွင်း ဟိုတယ်များ၊ ရုံးခန်းများ၊ ကွန်ဒိုအဆောက်အဦများ တည်ဆောက်မည်ဖြစ်ပြီး ထိုအဆောက်အဦများ၏ အလယ်တွင် ရထားဘူတာရုံသစ်ကို လက်ရှိဘူတာရုံကြီး၏ ဘေးတွင် တည်ဆောက်မည်ဖြစ်သည်။ အဆိုပါ စီမံကိန်းပြီးစီးပါက မြန်မာ့မီးရထားသို့ တစ်လလျှင် ဒေါ်လာလေးသန်း ရှာဖွေပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစီမံကိန်းတွင်အထပ်မြင့် အဆောက်အဦများ၊ ဟိုတယ်စီမံကိန်းများ ပါဝင်ပြီး နိုင်ငံတကာအဆင့်မီ ဖော်ဆောင်ရန်ရည်ရွယ်ထားပြီး ယခင်အစိုးရ လက်ထက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၊ ယင်းစီမံကိန်း တစ်ခုလုံးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံခန့်ကုန်ကျမှာဖြစ်ပါတယ်။

အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရန် စင်ကာပူ Oxley ကုမ္ပဏီ၊ တရုတ် Sino Great Wall ကုမ္ပဏီနှင့် ပြည်တွင်းမှ မင်းဓမ္မကုမ္ပဏီတို့ ပေါင်းစည်းသည့် လုပ်ငန်းစုကို မြန်မာ့မီးရထားက ရွေးချယ်ခဲ့သော်လည်း တရုတ်ကုမ္ပဏီက ဒေဝါလီခံသွားသဖြင့် ဂျပန်ကုမ္ပဏီ Sumitomo ကော်ပိုရေးရှင်းက အစားဝင်ရောက်ခဲ့ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ႏိုင္ငံတကာအဆင့္မီေဖာ္ေဆာင္မည့္ ရန္ကုန္ဘူတာႀကီး အဆင့္ျမင့္စီမံကိန္းရပ္ဆိုင္း တင္ဒါေအာင္ကုမၸဏီမ်ားထြက္ခြာသြား

 

ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္အတြင္း႐ွိ ရန္ကုန္ဘူတာႀကီးကို ႏိုင္ငံတကာအဆင့္မီေဖာ္ေဆာင္မည့္ အဆင့္ျမင့္စီမံကိန္းမ်ား ရပ္ဆိုင္းသြားၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းကိုေဖာ္ေဆာင္မည့္ တင္ဒါေအာင္ထားသည့္ ျပည္ပကုမၸဏီမ်ားလည္း ျမန္မာႏိုင္ငံမွ ထြက္ခြာသြားၿပီျဖစ္ေၾကာင္း သိရသည္။

“ စီမံကိန္းကေတာ့လက္႐ွိအေနအထားမွာ လုံးဝရပ္ဆိုင္းသြားပါၿပီ။ ဘာ့ေၾကာင့္ လဲဆိုေတာ့ တင္ဒါေအာင္ထားတဲ့ ကုမၸဏီေတြလည္း မ႐ွိေတာ့ဘူး။ ထြက္သြားၾကပါၿပီ” ဟု ျမန္မာ့မီးရထား(ေအာက္ျမန္မာျပည္႐ုံး)က တာဝန္႐ွိသူတစ္ဦးက ေျပာသည္။

ယင္းစီမံကိန္း အက်ယ္ဝန္းမွာ ၆၃ ဒသမ ၅ ဧကခန္႔႐ွိၿပီး ၾကမ္းခင္းဧရိယာ စတုရန္း မီတာ ၁ ဒသမ ၁၉ သန္းေဖာ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း၊ ရန္ကုန္ဘူ တာႀကီး အဆင့္ျမႇင့္တင္မည့္ စီမံကိန္းသည္ ေတာင္ဘက္တြင္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းလမ္း၊ ေျမာက္ဘက္တြင္ ဗိုလ္မင္းေရာင္လမ္း၊ အေနာက္ဘက္တြင္ ဆူးေလဘုရားလမ္းႏွင့္ အေ႐ွ႕ဘက္တြင္ သိမ္ျဖဴလမ္းတို႔ၾကား႐ွိ ေျမဧရိယာအတြင္း ဟိုတယ္မ်ား၊ ႐ုံးခန္းမ်ား၊ ကြန္ဒိုအေဆာက္အဦမ်ား တည္ေဆာက္မည္ျဖစ္ၿပီး ထိုအေဆာက္အဦမ်ား၏ အလယ္တြင္ ရထားဘူတာ႐ုံသစ္ကို လက္႐ွိဘူတာ႐ုံႀကီး၏ ေဘးတြင္ တည္ေဆာက္မည္ျဖစ္သည္။ အဆိုပါ စီမံကိန္းၿပီးစီးပါက ျမန္မာ့မီးရထားသို႔ တစ္လလွ်င္ ေဒၚလာေလးသန္း ႐ွာေဖြေပးႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါစီမံကိန္းတြင္အထပ္ျမင့္ အေဆာက္အဦမ်ား၊ ဟိုတယ္စီမံကိန္းမ်ား ပါဝင္ၿပီး ႏိုင္ငံတကာအဆင့္မီ ေဖာ္ေဆာင္ရန္ရည္႐ြယ္ထားၿပီး ယခင္အစိုးရ လက္ထက္တြင္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး ၊ ယင္းစီမံကိန္း တစ္ခုလုံးသည္ အေမရိကန္ေဒၚလာ ၂ ဒသမ ၈ ဘီလီယံခန္႔ကုန္က်မွာျဖစ္ပါတယ္။

အဆိုပါစီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္ရန္ စင္ကာပူ Oxley ကုမၸဏီ၊ တ႐ုတ္ Sino Great Wall ကုမၸဏီႏွင့္ ျပည္တြင္းမွ မင္းဓမၼကုမၸဏီတို႔ ေပါင္းစည္းသည့္ လုပ္ငန္းစုကို ျမန္မာ့မီးရထားက ေ႐ြးခ်ယ္ခဲ့ေသာ္လည္း တ႐ုတ္ကုမၸဏီက ေဒဝါလီခံသြားသျဖင့္ ဂ်ပန္ကုမၸဏီ Sumitomo ေကာ္ပိုေရး႐ွင္းက အစားဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service