အဖေ့ဆီက ဘဝသင်ခန်းစာများ (သို့မဟုတ်) ဘီလျံနာသူဌေးကြီး ချာလီမန်ဂါ မကွယ်လွန်မီ CNBC သတင်းဌာနအတွက် နောက်ဆုံးရေးသားပေးခဲ့သော ဆောင်းပါး - Property Knowledge in Myanmar from iMyanmarHouse.com
954 Views

အဖေ့ဆီက ဘဝသင်ခန်းစာများ (သို့မဟုတ်) ဘီလျံနာသူဌေးကြီး ချာလီမန်ဂါ မကွယ်လွန်မီ CNBC သတင်းဌာနအတွက် နောက်ဆုံးရေးသားပေးခဲ့သော ဆောင်းပါး

Knowledge | Posted by Zarni Kyaw

[Unicode]

 

ကမ္ဘာကျော် ကုမ္ပဏီကြီး Berkshire Hathaway ၏ ဒုတိယဥက္ကဌ ဘီလျံနာ သူဌေးကြီး ချာလီမန်ဂါသည် နိုဝင်ဘာလ ၈ ရက်တွင် ကွယ်လွန်သွားခဲ့ရာ ကွယ်လွန်ချိန်တွင် အသက် ၉၉ နှစ်ရှိပြီ ဖြစ်သည်။

သူမကွယ်လွန်မီ CNBC သတင်းဌာနအတွက် နောက်ဆုံးရေးသားပေးသွားသော ဆောင်းပါးများတွင် ယခုဆောင်းပါးလည်း တစ်ခုအပါအဝင်ဖြစ်သည်။

ဤဆောင်းပါးများသည် သူ၏ဘဝနှင့် လုပ်ငန်းနယ်ပယ်ဖြတ်သန်းမှုကို ထင်ဟပ်ပြသလျက်ရှိသည်။

ချာလီမန်ဂါ ရေးသားခဲ့သော အခြားဆောင်းပါးတစ်ပုဒ်ကို iMyanmarHouse ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

  ((ဆက်စပ်သတင်း)

ဘဝအောင်မြင်မှုအတွက် အရေးပါသော အခြေခံဥပဒေသ (၃) ချက် (Charlie Munger နောက်ဆုံး ရေးသားခဲ့သော ဆောင်းပါး)

 

 https://www.imyanmarhouse.com/news/read/1091214

 

((အဖေ့ဆီက ဘဝသင်ခန်းစာများ))

ကျွန်ုပ်၏ သားသမီးများနှင့် မြေးများသည် ကျွန်ုပ်တွေးခေါ်မျှော်မြင်သည့်အတိုင်း တသဝေမတိမ်း တွေးခေါ်ကြမည် မဟုတ်ချေ။

သို့သော် ကျွန်ုပ်ရှေ့မှ ဘိုးဘေးဘီဘင်များထံမှ ကျွန်ုပ်သင်ယူခံရသကဲ့သို့ ဘဝလုပ်ငန်းနယ်ပယ်နှင့် ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တို့တွင် မည်သို့အောင်မြင်အောင် လုပ်ဆောင်နိုင်မည်ကို ကျွန်ုပ်၏ဘဝအား သာဓကထား ကာ သားမြေးများ လေ့လာသင်ယူနိုင်ကြမည်ဟု မျှော်လင့်ပါသည်။

ကျွန်ုပ် နုငယ်စဉ်ဘဝက ဖခင်ကြီးမှာ ရှေ့နေတစ်ဦးအဖြစ် ဘဝဖြတ်သန်းခဲ့ပါသည်။

 

(မှတ်ချက်။ ချာလီမန်ဂါ၏ ဖခင် အဲလ်ဖရက် ကေ့စ် မန်ဂါမှာ ရှေ့နေဖြစ်သည့်အပြင် အဘိုးဖြစ်သူ သောမတ်စ် ချားလ်စ် မန်ဂါမှာ ခရိုင်တရားသူကြီး ဖြစ်သည်။)

ဖခင်ကြီး၏ အရင်းနှီးဆုံးမိတ်ဆွေ ဂရန့် မက်ခ်ဖေးဒင်သည် သူ၏ Client တစ်ဦးဖြစ်၏။

မက်ခ်ဖေးဒင်သည် အိုမာဟာမြို့တွင် ဖို့ဒ်ကားများ ပထမဆုံး စတင်ရောင်းချခဲ့သည့် အရောင်းသမားလည်း ဖြစ်သည်။

မက်ခ်ဖေးဒင်သည် ထက်မြက်၏ ။ ကိုယ့်ထူးကိုယ်ချွန်သမား ဖြစ်၏ ။ နှစ်လိုဖွယ်ရှိ၏ ။ ဂုဏ်သိက္ခာရှိ၏ ။ ဖခင်ကြီးတွင် အခြားသော Client တစ်ဦး ရှိသေးသည်။

သူကား ဆန့်ကျင်ဘက်ပင်။

ထိုသူမှာ ဟိတ်ဟန်များ၏ ။ သမာသမတ်မရှိ ။ ပေါင်းရသင်းရခက်သည်။

ထိုသူအား မစ္စတာ A ဟု သုံးနှုန်းသွားပါမည်။

တစ်နေ့တွင် ကျွန်ုပ်က ဖခင်ကြီးအားမေးသည်။

“အဖေ ဘာဖြစ်လို့ မစ္စတာ A အတွက် အရမ်းကြိုးစားပေးနေတာလဲ။ ဒီလူက ဟိတ်ဟန်များပြီး ပိုလွန်းတယ်။ သူ့အစား မစ္စတာဂရန့်တို့လို တကယ့်လူကောင်းတွေအတွက် ပိုကြိုးစားပါလား။”

ထိုအခါ ဖခင်ကြီးက “ဂရန့်က သူ့ဝန်ထမ်းတွေအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်။ သူ့ဖောက်သည် တွေအပေါ် မှန်မှန်ကန်ကန်ဆက်ဆံတယ်။ ပြဿနာတွေအပေါ် မှန်မှန်ကန်ကန် ဖြေရှင်းတယ်။ ငါ့သား ကိုလာကိုလာ အမြဲသောက်နေနိုင်အောင် သူ့ဆီကနေ ဥပဒေကိစ္စနဲ့ ပတ်သက်ပြီး ငွေများများစားစား ရလမ်း မရှိဘူး။ ဒါပေမဲ့ မစ္စတာ A ကတော့ ဥပဒေသမားတွေအတွက် လမ်းလျှောက်နေတဲ့ ရွှေတွင်းကြီးပဲ”ဟု ပြောသည်။

ဖခင်ကြီး၏ ထိုစကားက ကျွန်ုပ်အား ဘဝသင်ခန်းစာများ ပေးခဲ့ပါသည်။

တခါတရံတွင် သင်၏ ဝန်ဆောင်မှုကို မိမိမနှစ်မြို့သူတို့အား ရောင်းချရနိုင်သည်။

အထူးသဖြင့် မိသားစုအား ကျွေးမွေးရန် လိုအပ်သော အခါမျိုးတွင် ဖြစ်သည်။

သို့သော် သင်ကိုယ်တိုင်၏ ဘဝကိုမူ မစ္စတာဂရန့်ကဲ့သို့သာ ဖြတ်သန်းလိုမည် ဖြစ်သည်။

ကျွန်ုပ်သည် ထိုအဖြစ်အပျက်ကို မည်သည့်အခါမှ မမေ့ခဲ့။ ကျွန်ုပ်၏ သားသမီးများနှင့် မြေးများအား ဘဝသင်ခန်းစာပေးလိုသောအခါတွင်လည်း ထိုသို့သော နည်းလမ်းမျိုး အသုံးပြုခဲ့ပါသည်။

ကျွန်ုပ်၏ သားသမီး ၂ ဦးဖြစ်သော ချားလ်စ်နှင့် ဝင်ဒီတို့က ကျွန်ုပ်ထံမှ သင်ယူလေ့လာခဲ့သော ဘဝသင်ခန်းစာ များအကြောင်း ကျွန်ုပ်အား ပြန်လည်ပြောပြခဲ့သည်။

၎င်းတို့အနေဖြင့် ထိုဘဝသင်ခန်းစာများကို အသက် ၁၀၀ ပြည့်ချိန်အထိ ထိန်းသိမ်းသယ်ဆောင်သွားကြမည်ဟု မျှော်လင့်ပါသည်။

 

((အခြားသူထံမှ ငှားလာသောကားကို ဆီအပြည့်ဖြည့်ပြီး အမြဲပြန်ပေးပါ။))

Sun Valley နှင်းလျှောစီးအပန်းဖြေစခန်းသို့ ကျွန်ုပ်တို့ မိသားစု သွားရောက်လည်ပတ်ခဲ့သည့် နောက်ဆုံးနေ့ တွင် ဖြစ်ပါသည်။

ထိုစဉ်က ကျွန်ုပ်မှာ အသက် ၁၅ နှစ်ဖြစ်သည်။

ဖခင်ကြီးနှင့် ကျွန်ုပ်သည် ကျွန်ုပ်တို့ စီးလာသည့် အနီရောင်ဂျစ်ကားကို ဓာတ်ငွေ့ပြန်ဖြည့်ရန် နှင်းတောထဲတွင် ကားပြန်မောင်းထွက်ခဲ့ကြသည်။

ကျွန်ုပ်တို့မိသားစု အိမ်ပြန်ရန် လေဆိပ်သို့ အချိန်မီသွားနိုင်ရေး အချိန်မရှိတော့ချေ။

ဓာတ်ငွေ့မှာလည်း တဝက်ခန့်ရှိနေသေးရာ ကျွန်ုပ်မှာ အံ့အားသင့်မိပါသည်။

ထို့ကြောင့် ဓာတ်ငွေ့များစွာရှိနေလျက်နှင့် အဘယ်ကြောင့် ဓာတ်ငွေ့ဖြည့်သနည်းဟု မေးခဲ့သည်။

ဖခင်ကြီး၏ အဖြေက ကျွန်ုပ်အား ပိုမိုအံ့အားသင့်စေပါသည်။ “ချာလီ ၊ တခြားသူရဲ့ကားကို ငှားစီးတယ်ဆိုရင် အမြဲတမ်းဆီအပြည့်နဲ့ ပြန်ပေးရမယ်။”

ကျွန်ုပ် စတန်းဖို့ဒ်တက္ကသိုလ်သို့ စတင်ရောက်ရှိသည့်နှစ်က မ်ိတ်ဆွေတစ်ဦးက ကျွန်ုပ်အား သူ့ကားကို ပေးစီး ခဲ့ပါသည်။

ကျွန်ုပ် ကားပြန်ပေးမည့်အချိန်တွင် ဆီတဝက်ခန့် ကျန်နေသေးသည်။

ကျွန်ုပ် ငှားစီးသော Audi Fox မှာ အနီရောင်ဖြစ်ရာ ဂျစ်ကားအနီရောင်လေးကို ပြန်ပြောင်းအောက်မေ့မိခဲ့သည်။

ထို့ကြောင့် ကျွန်ုပ်က ကားပြန်မပေးမီ ဆီအပြည့်ဖြည့်ခဲ့၏။

သူငယ်ချင်းကလည်း ထိုအချက်ကို သတိပြုမိသည်။

ထိုအချိန်မှစပြီး ကျွန်ုပ်တို့ မိတ်ဆွေကောင်းများအဖြစ် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကြပါသည်။

ကျွန်ုပ်၏ မင်္ဂလာဆောင်တွင် သတို့သားအရန်အဖြစ် ပါဝင်ခဲ့သေးသည်။

ဖခင်ကြီးက ကျွန်ုပ်အား မိတ်ဆွေကောင်းရအောင် မည်သို့လုပ်ဆောင်ရမည် ၊ မည်သို့ ထိန်းသိမ်းထားရမည်ကို သင်ကြားပေးခဲ့ခြင်း ဖြစ်ပါသည်။

-Charles T.Munger Jr (ချာလီမန်ဂါ၏ သားကြီး)

 

((အမှားများကို ဖုံးကွယ်ရန် မည်သည့်အခါမှ မကြိုးစားပါနှင့်။))

ကျွန်မ၏ ဖခင်ကြီးသည် ညစာစားရင်း သားသမီးများကို မကြာခဏ ပညာပေးလမ်းညွှန်မှုများ ပြုလုပ်ခဲ့သည်။

ကျွန်မအနှစ်သက်ဆုံးမှာ ဖခင်ကြီး ပြောပြခဲ့သော ကိုယ်ကျင့်တရားဆိုင်ရာ ပုံပြင်များ ဖြစ်ပါသည်။

လူတစ်ဦးသည် ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာတစ်ခု ရင်ဆိုင်ရလျှင် လမ်းမှန်ရွေးချယ်ရပုံအကြောင်းများ ဖြစ်သည်။

ဖခင်ကြီးပြောပြခဲ့သော ပုံပြင်တစ်ခုကို သတိရမိပါသည်။

ကုမ္ပဏီတစ်ခုမှ ဘဏ္ဍာရေးအရာရှိတစ်ဦးသည် သူ၏အမှားကြောင့် ကုမ္ပဏီအတွက် ဒေါ်လာထောင်သောင်းချီ ဆုံးရှုံးရမှု ဖြစ်ပေါ်ခဲ့သည်။

သူ့အမှားကို သိရှိသွားချိန်တွင် ကုမ္ပဏီ၏ ဥက္ကဌအား တိုက်ရိုက်ပြောပြခဲ့သည်။

ထိုအခါက ဥက္ကဌက ပြောခဲ့သည်မှာ “ကြောက်စရာကောင်းတဲ့အမှားပဲ။ နောက်တစ်ခါ ဒါမျိုးထပ်မလုပ်စေချင်ဘူး။ လူတွေဟာ အမှားတွေလုပ်ကြတယ်။ ငါတို့ကလည်း ခွင့်လွှတ်ပေးနိုင်ပါတယ်။ မင်းလုပ်တာ မှန်ပါတယ်။ မင်းက အမှားကို ဝန်ခံတယ်။ တကယ်လို့ မင်းဟာ ဖုံးကွယ်ဖို့ ကြိုးစားမယ် (ဒါမှမဟုတ်) ကာလတစ်ခုအထိ ဖုံးကွယ်ထားမယ်ဆိုရင် မင်းဟာ ကုမ္ပဏီကအထုတ်ခံရမှာပဲ”ဟု ပြောခဲ့သည်။

အစိုးရအရာရှိတစ်ဦးသည် ရိုးသားကာ ဂုဏ်သိက္ခာရှိရမည့်အစား အမှားကို ဖုံးကွယ်ရန် ကြိုးစားကြောင်း ကျွန်မကြားသိရချိန်တိုင်း ဖခင်ကြီးပြောသောပုံပြင်လေးကို အမြဲသတိရမိပါသည်။

- Wendy Munger (ချာလီမန်ဂါ၏ သမီး)

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေအစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Billionaire Charlie Munger wanted his kids to hold onto 3 parenting lessons ‘until their 100th birthdays’ (com)

 

[Zawgyi]

 

အေဖ့ဆီက ဘဝသင္ခန္းစာမ်ား (သို႔မဟုတ္) ဘီလ်ံနာသူေဌးၾကီး ခ်ာလီမန္ဂါ မကြယ္လြန္မီ CNBC သတင္းဌာနအတြက္ ေနာက္ဆံုးေရးသားေပးခဲ့ေသာ ေဆာင္းပါး

ကမၻာေက်ာ္ ကုမၸဏီၾကီး Berkshire Hathaway ၏ ဒုတိယဥကၠဌ ဘီလ်ံနာ သူေဌးၾကီး ခ်ာလီမန္ဂါသည္ ႏိုဝင္ဘာလ ၈ ရက္တြင္ ကြယ္လြန္သြားခဲ့ရာ ကြယ္လြန္ခ်ိန္တြင္ အသက္ ၉၉ ႏွစ္ရွိျပီ ျဖစ္သည္။

သူမကြယ္လြန္မီ CNBC သတင္းဌာနအတြက္ ေနာက္ဆံုးေရးသားေပးသြားေသာ ေဆာင္းပါးမ်ားတြင္ ယခုေဆာင္းပါးလည္း တစ္ခုအပါအဝင္ျဖစ္သည္။

ဤေဆာင္းပါးမ်ားသည္ သူ၏ဘဝႏွင့္ လုပ္ငန္းနယ္ပယ္ျဖတ္သန္းမႈကို ထင္ဟပ္ျပသလ်က္ရွိသည္။

ခ်ာလီမန္ဂါ ေရးသားခဲ့ေသာ အျခားေဆာင္းပါးတစ္ပုဒ္ကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။

((ဆက္စပ္သတင္း)

ဘဝေအာင္ျမင္မႈအတြက္ အေရးပါေသာ အေျခခံဥပေဒသ (၃) ခ်က္ (Charlie Munger ေနာက္ဆံုး ေရးသားခဲ့ေသာ ေဆာင္းပါး)

 https://www.imyanmarhouse.com/news/read/1091214

 

((အေဖ့ဆီက ဘဝသင္ခန္းစာမ်ား))

ကၽြႏ္ုပ္၏ သားသမီးမ်ားႏွင့္ ေျမးမ်ားသည္ ကၽြႏု္ပ္ေတြးေခၚေမွ်ာ္ျမင္သည့္အတုိင္း တသေဝမတိမ္း ေတြးေခၚၾကမည္ မဟုတ္ေခ်။

သို႔ေသာ္ ကၽြႏု္ပ္ေရွ႕မွ ဘိုးေဘးဘီဘင္မ်ားထံမွ ကၽြႏု္ပ္သင္ယူခံရသကဲ့သို႔ ဘဝလုပ္ငန္းနယ္ပယ္ႏွင့္ ေပါင္းသင္း ဆက္ဆံေရး နယ္ပယ္တုိ႔တြင္ မည္သုိ႔ေအာင္ျမင္ေအာင္ လုပ္ေဆာင္ႏိုင္မည္ကို ကၽြႏု္ပ္၏ဘဝအား သာဓကထား ကာ သားေျမးမ်ား ေလ့လာသင္ယူႏိုင္ၾကမည္ဟု ေမွ်ာ္လင့္ပါသည္။

ကၽြႏ္ုပ္ ႏုငယ္စဥ္ဘဝက ဖခင္ၾကီးမွာ ေရွ႕ေနတစ္ဦးအျဖစ္ ဘဝျဖတ္သန္းခဲ့ပါသည္။

(မွတ္ခ်က္။ ခ်ာလီမန္ဂါ၏ ဖခင္ အဲလ္ဖရက္ ေက့စ္ မန္ဂါမွာ ေရွ႕ေနျဖစ္သည့္အျပင္ အဘိုးျဖစ္သူ ေသာမတ္စ္ ခ်ားလ္စ္ မန္ဂါမွာ ခရိုင္တရားသူၾကီး ျဖစ္သည္။)

ဖခင္ၾကီး၏ အရင္းႏွီးဆံုးမိတ္ေဆြ ဂရန္႔ မက္ခ္ေဖးဒင္သည္ သူ၏ Client တစ္ဦးျဖစ္၏။

မက္ခ္ေဖးဒင္သည္ အိုမာဟာျမဳိ႕တြင္ ဖို႔ဒ္ကားမ်ား ပထမဆံုး စတင္ေရာင္းခ်ခဲ့သည့္ အေရာင္းသမားလည္း ျဖစ္သည္။

မက္ခ္ေဖးဒင္သည္ ထက္ျမက္၏ ။ ကိုယ့္ထူးကိုယ္ခၽြန္သမား ျဖစ္၏ ။ ႏွစ္လိုဖြယ္ရွိ၏ ။ ဂုဏ္သိကၡာရွိ၏ ။ ဖခင္ၾကီးတြင္ အျခားေသာ Client တစ္ဦး ရွိေသးသည္။

သူကား ဆန္႔က်င္ဘက္ပင္။

ထိုသူမွာ ဟိတ္ဟန္မ်ား၏ ။ သမာသမတ္မရွိ ။ ေပါင္းရသင္းရခက္သည္။

ထိုသူအား မစၥတာ A ဟု သံုးႏႈန္းသြားပါမည္။

တစ္ေန႔တြင္ ကၽြႏု္ပ္က ဖခင္ၾကီးအားေမးသည္။

“အေဖ ဘာျဖစ္လို႔ မစၥတာ A အတြက္ အရမ္းၾကိဳးစားေပးေနတာလဲ။ ဒီလူက ဟိတ္ဟန္မ်ားျပီး ပိုလြန္းတယ္။ သူ႔အစား မစၥတာဂရန္႔တို႔လို တကယ့္လူေကာင္းေတြအတြက္ ပိုၾကိဳးစားပါလား။”

ထိုအခါ ဖခင္ၾကီးက “ဂရန္႔က သူ႔ဝန္ထမ္းေတြအေပၚ ေကာင္းေကာင္းမြန္မြန္ဆက္ဆံတယ္။ သူ႔ေဖာက္သည္ ေတြအေပၚ မွန္မွန္ကန္ကန္ဆက္ဆံတယ္။ ျပႆနာေတြအေပၚ မွန္မွန္ကန္ကန္ ေျဖရွင္းတယ္။ ငါ့သား ကိုလာကိုလာ အျမဲေသာက္ေနႏိုင္ေအာင္ သူ႔ဆီကေန ဥပေဒကိစၥနဲ႔ ပတ္သက္ျပီး ေငြမ်ားမ်ားစားစား ရလမ္း မရွိဘူး။ ဒါေပမဲ့ မစၥတာ A ကေတာ့ ဥပေဒသမားေတြအတြက္ လမ္းေလွ်ာက္ေနတဲ့ ေရႊတြင္းၾကီးပဲ”ဟု ေျပာ သည္။

ဖခင္ၾကီး၏ ထိုစကားက ကၽြႏု္ပ္အား ဘဝသင္ခန္းစာမ်ား ေပးခဲ့ပါသည္။

တခါတရံတြင္ သင္၏ ဝန္ေဆာင္မႈကို မိမိမႏွစ္ျမဳိ႕သူတုိ႔အား ေရာင္းခ်ရႏိုင္သည္။

အထူးသျဖင့္ မိသားစုအား ေကၽြးေမြးရန္ လိုအပ္ေသာ အခါမ်ဳိးတြင္ ျဖစ္သည္။

သို႔ေသာ္ သင္ကိုယ္တုိင္၏ ဘဝကိုမူ မစၥတာဂရန္႔ကဲ့သို႔သာ ျဖတ္သန္းလိုမည္ ျဖစ္သည္။

ကၽြႏ္ုပ္သည္ ထိုအျဖစ္အပ်က္ကို မည္သည့္အခါမွ မေမ့ခဲ့။ ကၽြႏု္ပ္၏ သားသမီးမ်ားႏွင့္ ေျမးမ်ားအား ဘဝသင္ခန္းစာေပးလိုေသာအခါတြင္လည္း ထိုသို႔ေသာ နည္းလမ္းမ်ဳိး အသံုးျပဳခဲ့ပါသည္။

ကၽြႏ္ုပ္၏ သားသမီး ၂ ဦးျဖစ္ေသာ ခ်ားလ္စ္ႏွင့္ ဝင္ဒီတို႔က ကၽြႏု္ပ္ထံမွ သင္ယူေလ့လာခဲ့ေသာ ဘဝသင္ခန္းစာ မ်ားအေၾကာင္း ကၽြႏ္ုပ္အား ျပန္လည္ေျပာျပခဲ့သည္။

၎တို႔အေနျဖင့္ ထိုဘဝသင္ခန္းစာမ်ားကို အသက္ ၁၀၀ ျပည့္ခ်ိန္အထိ ထိန္းသိမ္းသယ္ေဆာင္သြားၾကမည္ဟု ေမွ်ာ္လင့္ပါသည္။

((အျခားသူထံမွ ငွားလာေသာကားကို ဆီအျပည့္ျဖည့္ျပီး အျမဲျပန္ေပးပါ။))

Sun Valley ႏွင္းေလွ်ာစီးအပန္းေျဖစခန္းသုိ႔ ကၽြႏ္ုပ္တို႔ မိသားစု သြားေရာက္လည္ပတ္ခဲ့သည့္ ေနာက္ဆံုးေန႔ တြင္ ျဖစ္ပါသည္။ ထိုစဥ္က ကၽြႏ္ုပ္မွာ အသက္ ၁၅ ႏွစ္ျဖစ္သည္။

ဖခင္ၾကီးႏွင့္ ကၽြႏ္ုပ္သည္ ကၽြႏု္ပ္တုိ႔ စီးလာသည့္ အနီေရာင္ဂ်စ္ကားကို ဓာတ္ေငြ႔ျပန္ျဖည့္ရန္ ႏွင္းေတာထဲတြင္ ကားျပန္ေမာင္းထြက္ခဲ့ၾကသည္။

ကၽြႏု္ပ္တို႔မိသားစု အိမ္ျပန္ရန္ ေလဆိပ္သို႔ အခ်ိန္မီသြားႏိုင္ေရး အခ်ိန္မရွိေတာ့ေခ်။

ဓာတ္ေငြ႔မွာလည္း တဝက္ခန္႔ရွိေနေသးရာ ကၽြႏ္ုပ္မွာ အံ့အားသင့္မိပါသည္။

ထို႔ေၾကာင့္ ဓာတ္ေငြ႔မ်ားစြာရွိေနလ်က္ႏွင့္ အဘယ္ေၾကာင့္ ဓာတ္ေငြ႔ျဖည့္သနည္းဟု ေမးခဲ့သည္။

ဖခင္ၾကီး၏ အေျဖက ကၽြႏု္ပ္အား ပိုမိုအ့ံအားသင့္ေစပါသည္။ “ခ်ာလီ ၊ တျခားသူရဲ႕ကားကို ငွားစီးတယ္ဆိုရင္ အျမဲတမ္းဆီအျပည့္နဲ႔ ျပန္ေပးရမယ္။”

ကၽြႏ္ုပ္ စတန္းဖို႔ဒ္တကၠသိုလ္သို႔ စတင္ေရာက္ရွိသည့္ႏွစ္က မိ္တ္ေဆြတစ္ဦးက ကၽြႏ္ုပ္အား သူ႔ကားကို ေပးစီး ခဲ့ပါသည္။ ကၽြႏု္ပ္ ကားျပန္ေပးမည့္အခ်ိန္တြင္ ဆီတဝက္ခန္႔ က်န္ေနေသးသည္။

ကၽြႏု္ပ္ ငွားစီးေသာ Audi Fox မွာ အနီေရာင္ျဖစ္ရာ ဂ်စ္ကားအနီေရာင္ေလးကို ျပန္ေျပာင္းေအာက္ေမ့မိခဲ့သည္။

ထို႔ေၾကာင့္ ကၽြႏ္ုပ္က ကားျပန္မေပးမီ ဆီအျပည့္ျဖည့္ခဲ့၏။ သူငယ္ခ်င္းကလည္း ထိုအခ်က္ကို သတိျပဳမိသည္။

ထိုအခ်ိန္မွစျပီး ကၽြႏ္ုပ္တို႔ မိတ္ေဆြေကာင္းမ်ားအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းခဲ့ၾကပါသည္။

ကၽြႏု္ပ္၏ မဂၤလာေဆာင္တြင္ သတို႔သားအရန္အျဖစ္ ပါဝင္ခဲ့ေသးသည္။

ဖခင္ၾကီးက ကၽြႏု္ပ္အား မိတ္ေဆြေကာင္းရေအာင္ မည္သုိ႔လုပ္ေဆာင္ရမည္ ၊ မည္သုိ႔ ထိန္းသိမ္းထားရမည္ကို သင္ၾကားေပးခဲ့ျခင္း ျဖစ္ပါသည္။

-Charles T.Munger Jr (ခ်ာလီမန္ဂါ၏ သားၾကီး)

((အမွားမ်ားကို ဖံုးကြယ္ရန္ မည္သည့္အခါမွ မၾကိဳးစားပါႏွင့္။))

ကၽြန္မ၏ ဖခင္ၾကီးသည္ ညစာစားရင္း သားသမီးမ်ားကို မၾကာခဏ ပညာေပးလမ္းညႊန္မႈမ်ား ျပဳလုပ္ခဲ့သည္။

ကၽြန္မအႏွစ္သက္ဆံုးမွာ ဖခင္ၾကီး ေျပာျပခဲ့ေသာ ကိုယ္က်င့္တရားဆိုင္ရာ ပံုျပင္မ်ား ျဖစ္ပါသည္။

လူတစ္ဦးသည္ ကိုယ္က်င့္တရားဆိုင္ရာ ျပႆနာတစ္ခု ရင္ဆိုင္ရလွ်င္ လမ္းမွန္ေရြးခ်ယ္ရပံုအေၾကာင္းမ်ား ျဖစ္သည္။

ဖခင္ၾကီးေျပာျပခဲ့ေသာ ပံုျပင္တစ္ခုကို သတိရမိပါသည္။

ကုမၸဏီတစ္ခုမွ ဘ႑ာေရးအရာရွိတစ္ဦးသည္ သူ၏အမွားေၾကာင့္ ကုမၸဏီအတြက္ ေဒၚလာေထာင္ေသာင္းခ်ီ ဆံုးရံႈးရမႈ ျဖစ္ေပၚခဲ့သည္။

သူ႔အမွားကို သိရွိသြားခ်ိန္တြင္ ကုမၸဏီ၏ ဥကၠဌအား တိုက္ရိုက္ေျပာျပခဲ့သည္။

ထိုအခါက ဥကၠဌက ေျပာခဲ့သည္မွာ “ေၾကာက္စရာေကာင္းတဲ့အမွားပဲ။ ေနာက္တစ္ခါ ဒါမ်ဳိးထပ္မလုပ္ေစခ်င္ ဘူး။ လူေတြဟာ အမွားေတြလုပ္ၾကတယ္။ ငါတုိ႔ကလည္း ခြင့္လႊတ္ေပးႏိုင္ပါတယ္။ မင္းလုပ္တာ မွန္ပါတယ္။ မင္းက အမွားကို ဝန္ခံတယ္။ တကယ္လို႔ မင္းဟာ ဖုံးကြယ္ဖုိ႔ ၾကိဳးစားမယ္ (ဒါမွမဟုတ္) ကာလတစ္ခုအထိ ဖံုးကြယ္ထားမယ္ဆိုရင္ မင္းဟာ ကုမၸဏီက အထုတ္ခံရမွာပဲ”ဟု ေျပာခဲ့သည္။

အစိုးရအရာရွိတစ္ဦးသည္ ရိုးသားကာ ဂုဏ္သိကၡာရွိရမည့္အစား အမွားကို ဖံုးကြယ္ရန္ ၾကိဳးစားေၾကာင္း ကၽြန္မၾကားသိရခ်ိန္တုိင္း ဖခင္ၾကီးေျပာေသာပံုျပင္ေလးကို အျမဲသတိရမိပါသည္။

-Wendy Munger (ခ်ာလီမန္ဂါ၏ သမီး) 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြအစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Billionaire Charlie Munger wanted his kids to hold onto 3 parenting lessons ‘until their 100th birthdays’ (com)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service