တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိအခန်းများ ငှားရမ်းဖို့ မဲနှိုက်ခွင့်ရှိသူစာရင်းများအား သက်ဆိုင်ရာဦးစီးဌာနတွေကို အကြောင်းကြားပေးမည် - Property News in Myanmar from iMyanmarHouse.com
1802 Views
တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိအခန်းများ ငှားရမ်းဖို့ မဲနှိုက်ခွင့်ရှိသူစာရင်းများအား သက်ဆိုင်ရာဦးစီးဌာနတွေကို အကြောင်းကြားပေးမည်
[Unicode]
တာဝန်ထမ်းဆောင်နေဆဲအစိုးရဝန်ထမ်းတွေအနေနဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာခန်းတွေကိုငှားရမ်းဖို့ အတွက် မဲနှိုက်ခွင့်ရှိသူစာရင်းတွေကို သက်ဆိုင်ရာဦးစီးဌာနတွေကို အကြောင်းကြားစာပေးပို့သွားမှာ ဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။
မဲနှိုက်ခွင့်ရှိသူစာရင်းမှာ ပါရှိသူတွေအနေနဲ့ မိမိတို့မဲနှိုက်ရမယ့် အုပ်စုနဲ့ တိုက်နံပတ်တွေမှာ မှတ်ပုံတင်မူရင်း ၊ အိမ်ထောင်စုစာရင်းတွေနဲ့ ကိုယ်တိုင်လာရောက် မဲနှိုက်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ကိုယ်တိုင်မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာ မှတ်ပုံတင်မူရင်း ၊ အိမ်ထောင်စုစာရင်းတွေနဲ့ မိသားစုဝင်တစ်ဦးကို ကိုယ်စားမဲနှိုက်ခိုင်းနိုင်တယ်လို့လည်းကြေညာထားပါတယ်။ မဲနှိုက်ခွင့်စာရင်းမှာ ပါရှိသူတွေအနေနဲ့ လာမယ့်နိုဝင်ဘာလ(၁၃)ရက်နေ့ကနေ (၁၄)ရက်နေ့အထိ လာရောက်မဲနှိုက်ရမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်အစပိုင်းကစပြီး ကနဦးအနေနဲ့ အခန်းပေါင်း (၁၁၆၈) ခန်းကို လျှောက်လွှာလက်ခံခဲ့ပြီး မဲနှိုက်ရွေးချယ်ကာ နေထိုင်ခွင့်ပြုသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။
အိမ်ရာဝန်းထဲမှာ နေထိုင်ကြမယ့်သူတွေအတွက် လျှပ်စစ်ဓာတ်အားရရှိဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေဖို့ကိုလည်း ဆောင်ရွက်နေတယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆိုပါတယ်။ အိမ်ရာအတွင်းမှာ အများနဲ့သက်ဆိုင်တဲ့ လျှပ်စစ်မီး၊ မီတာခ၊ သန့်ရှင်းရေး၊ ရေရရှိရေး၊ လုံခြုံရေး စတဲ့ အခွန်အခတွေနဲ့ အိမ်ရာကော်မတီက ကောက်ခံတဲ့ အိမ်ရာရန်ပုံငွေ အခွန်အခကို မပျက်မကွက် ပေးဆောင်ရမယ်လို့လည်း သိရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Upcoming Property Events
From 16 Aug To 17 Aug
Magical World Apartment
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 27 Sep To 28 Sep
18th Property and Car Expo
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service