လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်လျှောက်ထားလိုပါက သိရှိထားသင့်သည့်အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
817 Views

လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်လျှောက်ထားလိုပါက သိရှိထားသင့်သည့်အချက်အလက်များ

Knowledge | Posted by Hnin Ei Khin

[Unicode]

 

လယ်ယာမြေဥပဒေ ထွက်ရှိပြီးနောက် လယ်ယာမြေလုပ်ပိုင်ခွင့််ရရှိလိုသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ(၁)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဖြည့် စွက်ကာ မြို့နယ်ဦးစီးဌာနရုံးသို့ တင်ပြလျှောက်ထားရပါမည်။

လျှောက်ထားသူသည် အသက်(၁၈)နှစ်ပြည့်ရပြီး နိုင်ငံသားဖြစ်ရမည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် လယ်လုပ်ငန်း ပါဝင်ဆောင်ရွက်နေသူ ဖြစ်ရမည်။ ထို့ပြင် လျှောက်ထားသည့် သက်ဆိုင်ရာ ကျေးရွာရပ်ကွက်၌ အမြဲတစေ နေထိုင်သူဖြစ်ရမည်။ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းများအား လိုက်နာ ဆောင်ရွက်နိုင်သူဖြစ်ရန် လိုအပ်သည်။

လျှောက်ထားသည်မှာ အဖွဲ့အစည်းဖြစ်ပါက စိုက်ပျိုးရေးလုပ်ငန်းကို အမှန်တကယ် လုပ်ကိုင်နိုင်သော အခြေအနေရှိရမည့်အပြင် လုပ်ကိုင်လိုသော ရည်ရွယ်ချက်လဲရှိရမည်။ ထို့ပြင် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်က ထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်သည့် အဖွဲ့အစည်း ဖြစ်ရမည်။

လုပ်ပိုင်ခွင့်ဦးစားပေးစာရင်းထဲပါရှိလိုပါက လယ်မဲ့ယာမဲ့ဖြစ်ခြင်း၊ အရင်းအနှီးချို့တဲ့သည့် လုပ်သား ဖြစ်ခြင်း ၊ မြေချို့တဲ့သူ ဖြစ်ခြင်း၊ စိုက်ပျိုးမြေတိုးချဲ့လုပ်ကိုင်နေခြင်းများ အထောက်အထားအဖြစ် တင်ပြရမည်။

အဖွဲ့အစည်းဖြစ်ပါက အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နိုင်ခြင်း၊ ခေတ်မီစက်မှု လယ်ယာစနစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်စွမ်းရှိခြင်းတို့ ဖော်ပြရမည့်အပြင် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်ပြီး စိုက်ပျိုးနိုင်သော အခြေအနေရှိကြောင်း ဖော်ပြရမည်။

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်လျှောက်ထားခြင်းကို ခွင့်ပြုပါက ပုံစံ(၅)ဖြင့် မှတ်တမ်းတင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)ထုတ်ပေးပါသည်။ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ငြင်းပယ်ပါက ပုံစံ(၆)ဖြင့် မှတ်တမ်းတင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ငြင်းပယ်သည့်(ပုံစံ-၈) ပြန်လည်ချထား ပေးပို့ကြောင်း ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္ေလွ်ာက္ထားလိုပါက သိ႐ွိထားသင့္သည့္အခ်က္အလက္မ်ား

 

လယ္ယာေျမဥပေဒ ထြက္႐ွိၿပီးေနာက္ လယ္ယာေျမလုပ္ပိုင္ခြင့္္ရ႐ွိလိုသူသည္ လယ္ယာေျမ လုပ္ပိုင္ခြင့္ ေလွ်ာက္လႊာ(၁)ျဖင့္ သက္ဆိုင္ရာ ရပ္ကြက္(သို႔)ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ျဖည့္ စြက္ကာ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ တင္ျပေလွ်ာက္ထားရပါမည္။

ေလွ်ာက္ထားသူသည္ အသက္(၁၈)ႏွစ္ျပည့္ရၿပီး ႏိုင္ငံသားျဖစ္ရမည္။ စိုက္ပ်ိဳးေရးလုပ္ငန္းတြင္ လယ္လုပ္ငန္း ပါဝင္ေဆာင္႐ြက္ေနသူ ျဖစ္ရမည္။ ထို႔ျပင္ ေလွ်ာက္ထားသည့္ သက္ဆိုင္ရာ ေက်း႐ြာရပ္ကြက္၌ အၿမဲတေစ ေနထိုင္သူျဖစ္ရမည္။ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕က ထုတ္ျပန္ေသာ စည္းမ်ဥ္းစည္းကမ္းမ်ားအား လိုက္နာ ေဆာင္႐ြက္ႏိုင္သူျဖစ္ရန္ လိုအပ္သည္။

ေလွ်ာက္ထားသည္မွာ အဖြဲ႕အစည္းျဖစ္ပါက စိုက္ပ်ိဳးေရးလုပ္ငန္းကို အမွန္တကယ္ လုပ္ကိုင္ႏိုင္ေသာ အေျခအေန႐ွိရမည့္အျပင္ လုပ္ကိုင္လိုေသာ ရည္႐ြယ္ခ်က္လဲ႐ွိရမည္။ ထို႔ျပင္ လယ္ယာေျမစီမံခန္႔ခြဲမႈ အဖြဲ႕အဆင့္ဆင့္က ထုတ္ျပန္ေသာ စည္းမ်ဥ္းစည္းကမ္းမ်ားကို လိုက္နာႏိုင္သည့္ အဖြဲ႕အစည္း ျဖစ္ရမည္။

လုပ္ပိုင္ခြင့္ဦးစားေပးစာရင္းထဲပါ႐ွိလိုပါက လယ္မဲ့ယာမဲ့ျဖစ္ျခင္း၊ အရင္းအႏွီးခ်ိဳ႕တဲ့သည့္ လုပ္သား ျဖစ္ျခင္း ၊ ေျမခ်ိဳ႕တဲ့သူ ျဖစ္ျခင္း၊ စိုက္ပ်ိဳးေျမတိုးခ်ဲ႕လုပ္ကိုင္ေနျခင္းမ်ား အေထာက္အထားအျဖစ္ တင္ျပရမည္။

အဖြဲ႕အစည္းျဖစ္ပါက အဓိက အသက္ေမြးဝမ္းေက်ာင္းအျဖစ္ လုပ္ကိုင္ႏိုင္ျခင္း၊ ေခတ္မီစက္မႈ လယ္ယာစနစ္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ႏိုင္စြမ္း႐ွိျခင္းတို႔ ေဖာ္ျပရမည့္အျပင္ ေဒသဖြံ႕ၿဖိဳးေရးကို အေထာက္အကူျပဳႏိုင္ၿပီး စိုက္ပ်ိဳးႏိုင္ေသာ အေျခအေန႐ွိေၾကာင္း ေဖာ္ျပရမည္။

လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕က လယ္ယာေျမလုပ္ပိုင္ခြင့္ လက္မွတ္ေလွ်ာက္ထားျခင္းကို ခြင့္ျပဳပါက ပုံစံ(၅)ျဖင့္ မွတ္တမ္းတင္ၿပီး လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္(ပုံစံ-၇)ထုတ္ေပးပါသည္။ လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕က ျငင္းပယ္ပါက ပုံစံ(၆)ျဖင့္ မွတ္တမ္းတင္ၿပီး လယ္ယာေျမလုပ္ပိုင္ခြင့္ျငင္းပယ္သည့္(ပုံစံ-၈) ျပန္လည္ခ်ထား ေပးပို႔ေၾကာင္း ေရးသား ေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service