အဓိပ္ပာယ်များစွာနှင့်တည်ဆောက်ထားခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဘုရားဖြူ ( သို့မဟုတ် ) Wat Rong Khun - Property News in Myanmar from iMyanmarHouse.com
2845 Views
အဓိပ္ပာယ်များစွာနှင့်တည်ဆောက်ထားခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဘုရားဖြူ ( သို့မဟုတ် ) Wat Rong Khun
[Unicode]
ဖြူလွှလွှတိမ်သားစိုင်ထုနဲ့အပြိုင် ကြည်လင်အေးချမ်းတဲ့ ရေမျက်နှာပြင်နဲ့အပြိုင်လှပခန့်ထည်စွာတည်ရှိနေတဲ့ Wat Rong Khun ဘုရားဖြူကြီးဟာ ထိုင်းနိုင်ငံ ချင်းရိုင်စီရင်စုမှာ တည်ရှိပါတယ်။ အဝေးကကြည့်ရင်တောင် ဖြူစွတ်သပ္ပာယ်လှတဲ့ဘုရားဖြူကြီးဟာ အတွင်းထဲကိုဝင်ကြည့်လိုက်မယ်ဆိုရင်လည်း ထူးဆန်းဖွယ်ရာအနုသုခုမလက်ရာများနဲ့ ခရီးသွားတွေကို အံ့ဩစေမှာအမှန်ပါ။ ဘုရားဖြူကြီးရဲ့ သမိုင်းကြောင်းကို လှန်ကြည့်လိုက်မယ်ဆိုရင်တော့ ....
Wat Rong Khun ဘုရားဖြူကြီးကို ထိုင်းလူမျိုးဗိသုကာပညာရှင် Chalermchai Kositpipat ကိုယ်တိုင်ဒီဇိုင်းဆွဲ ဆောက်လုပ်တည်ထားခဲ့တာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ တည်ဆောက်မှုပြီးစီးခဲ့ပြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဘုရားဝန်းကြီးအတွင်းထဲမှာ ဘုရားဝတ်ပြုဖို့ရာ ဇောင်းတန်းများအပါအဝင် အဆောက်အဦးကိုးလုံးပါဝင်ပါတယ်။ ဘုရားဖြူကြီးအတွင်း ထည့်သွင်းဆောက်လုပ်ထားတဲ့ ဗိသုကာလက်ရာများဟာ အသက်ဝင်သလောက် အံ့ဩဖွယ်အဓိပ္ပာယ်များနဲ့ပြည့်နှက်နေပါတယ်။
ပြန်လည်မွေးဖွားခြင်းပြယုဂ် သံသရာတံတား
Wat Rong Khun ဘုရားဖြူကြီးရဲ့ ရင်သပ်ရှုမောဖွယ် ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံးဗိသုကာလက်ရာကတော့ တံတားဖြူကြီးအောက်က မရေတွက်နိုင်လောက်အောင်ထိုးထွက်နေတဲ့ လက်တွေပါပဲ။ ဒါက ဘာသဘောကိုဆောင်တာပါလိမ့်။ ပုထုဇဉ်လူသားတွေရဲ့ အဆီးအတားမရှိတဲ့ တဏှာရာဂအစွဲတွေကို ရည်ညွှန်းချင်တာဖြစ်ပါတယ်။ ဘုရားကြီးဆီသို့သွားတဲ့ လျှောက်လှမ်းတံတားကတော့ လောဘ၊ဒေါသ၊မောဟတို့ ကင်းလွှတ်ရာ ပျော်ရွင်မှုအစစ်အမှန်ဆီလျှောက်လှမ်းရာ တံတားရှည်ဖြစ်ပါတယ်။ ရေကန်ရဲ့ ဘေးမှာတော့ ဂဠုန်နှစ်ကောင်က အစောင့်အနေနဲ့စောင့်နေပါတယ်။
ရွှေကျောင်းဆောင်
ရွှေကျောင်းဆောင်ဟာ ခန္ဓာကိုယ်ကို ရည်ညွှန်းပါတယ်။ ရွှေရဲ့သဘောက လိုချင်တပ်မက်မှု၊ငွေကြေးကို ကိုယ်စားပြုပြီးတော့ ကျောင်းဆောင်ဖြူကတော့ စိတ်စင်ကြယ်ဖြူစင်မှု အရာဝတ္ထုပစ္စည်းတွေထက် စိတ်တည်ငြိမ်အေးချမ်းမှုကို ကိုယ်စားပြုပါတယ်။
ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံးဘုရားဖြူကြီးမို့ ထိုင်းနိုင်ငံကိုရောက်ခဲ့ရင်တော့ မသွားမဖြစ်သွားရောက်လည်ပတ်ကြဖို့ အကြံပြုချင်ပါတယ်နော် .....
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရွှေကျောင်းဆောင်
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Upcoming Property Events
From 26 Jul To 27 Jul
Emerald Bay Luxury Condo
From 26 Jul To 27 Jul
ERC Luxury Condo
From 26 Jul To 27 Jul
Magical World Apartment
From 08 Jul To 08 Aug
Central Shophouse
Magical World Apartment
Emerald Bay Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service