လိုင်စင်မြေအား ဂရန်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြရေးသားပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
661 Views

လိုင်စင်မြေအား ဂရန်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြရေးသားပေးလိုက်ပါတယ်။

Knowledge | Posted by Shwe Zin Win

[Unicode]

 

လိုင်စင်မြေအား အမည်ပေါက်ချပေးခြင်းခံရသူသာ နေထိုင်ခွင့်ရှိပြီး ထိုသို့ လက်ရှိအမည်ပေါက်ဖြစ်သူမှ (၁)နှစ်တစ်ကြိမ်စီ သက်တမ်း(၃)ကြိမ် တိုးပြီးပါက မြေငှားဂရန်လျှောက်ထားလိုက လျှောက်ထားနိုင်ပါသည်။ မြေငှားဂရန်လျှောက်ထားရာတွင် ယာယီချပေးထားသော လိုင်စင်မြေများကို လျှောက်ထားခွင့်မပြုပါ။

မူလလိုင်စင်ချပေးစဉ်က လူနေထိုင်ရန်၊ အိမ်ရာဆောက်လုပ်ရန် ခွင့်ပြုသော လိုင်စင်မြေများကိုသာ မြေငှားဂရန် လျှောက်ထားခွင့်ရှိပါသည်။ လူနေထိုင်ခွင့်အတွက်ချပေးသော လိုင်စင်ဖြစ်ပြီး အမည်ပေါက်ပိုင်ရှင်မှ လျှောက်ထားခြင်းမဟုတ်ပါက လွှဲပြောင်းပိုင်ဆိုင်သည့် အထောက်အထားများ ၊တရားရုံးအနိုင်ဒီဂရီတို့ဖြင့် လျှောက်ထားရန် လိုအပ်ပါသည်။ ဂရန်လျှောက်ထားမည်လိုင်စင်မြေမှာ မူရင်းပျောက်ဆုံးနေပါက ရဲစခန်းထောက်ခံစာ၊ ကျိမ်းကျိန် လွှာ၊ အုပ်ချုပ်ရေးမှူးထောက်ခံစာတို့နှင့်အတူ လျှောက်ထားရပါမည်။

ဂရန်မြေအဖြစ် လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့်စွက်ပြီး လိုင်စင်လက်မှတ် မူရင်းနှင့်မိတ္တူ တိုက်ဆိုင်စစ်ဆေးရန်အတွက် ဌာနသို့ပြသရပါသည်။ လိုင်စင်မြေ နှင့်စပ်လျဉ်း၍ တရားရုံးအမိန့်ဒီဂရီရှိလျှင် မူရင်းပြသရန် လိုအပ်ပါသည်။

ထို့အပြင် မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခနောက်ဆုံး ပေးသွင်းထားသော အထောက်အထားပြေစာ မူရင်းလဲပြသရပါမည်။ မြေတိုင်းအစီရင်ခံစာ၊မြေစာရင်းအမည်ပေါက်နှင့် လိုင်စင်ပါ အမည်ပေါက်တူညီမှုရှိ၊မရှိလဲ ဌာနမှ စီစစ်ပါသည်။ ထိုသို့ဂရန်မြေအဖြစ် လျှောက်ထားသော လိုင်စင်မြေသည် ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေနှင့် ငြိစွန်းမှုမရှိရန် လိုအပ်ပါသည်။

သတ်မှတ်စာရွက်စာတမ်းများ စုံလင်ပါက ကန့်ကွက်ရန် ကြေငြာစာကို မြေတည်ရှိရာနေရာတွင် (၁)စောင်၊ လျှောက်ထားသူထံသို့ (၁)စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁) စောင်လျှောက်ထားသူမှ တဆင့်ပေးပို့ရန် ထုတ်ပေးပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့မှ ကန့်ကွက်ရန် ကြေငြာစာအား လက်ခံရရှိကြောင်း အထောက်အထားများအား လျှောက်ထားသူမှ ပြန်လည်တင်ပြရမည်ဖြစ်ပါသည်။

မြေတိုင်းတာ စစ်ဆေးခြင်းပြုပြီး ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြေငြာကာ ကန့်ကွက်သူမရှိပါက ကော်မတီအစည်းအဝေး ခွင့်ပြုပြီးနောက် မြေငှားဂရန် ဝန်‌ဆောင်ခပေးသွင်းစေပါသည်။

သက်ဆိုင်ရာ မြေစာရင်းမှ အငှားချထားမည့် မြေကွက်အား မြေပုံရေးဆွဲခြင်း ဆောင်ရွက်ပြီးပါက မြေငှားစာချုပ်ပေါ်တွင် မြေငှားချထားသူ၊ မြေငှားစာချုပ်ချထားခြင်းခံရသူ၊ သက်သေတို့ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုကာ မြေငှားဂရန်ထုတ် ပေးမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

 

လိုင္စင္ေျမအား ဂရန္ေလွ်ာက္ထားျခင္းႏွင့္စပ္လ်ဥ္း၍ ေဖာ္ျပေရးသားေပးလိုက္ပါတယ္။

 

လိုင္စင္ေျမအား အမည္ေပါက္ခ်ေပးျခင္းခံရသူသာ ေနထိုင္ခြင့္႐ွိၿပီး ထိုသို႔ လက္႐ွိအမည္ေပါက္ျဖစ္သူမွ (၁)ႏွစ္တစ္ႀကိမ္စီ သက္တမ္း(၃)ႀကိမ္ တိုးၿပီးပါက ေျမငွားဂရန္ေလွ်ာက္ထားလိုက ေလွ်ာက္ထားႏိုင္ပါသည္။ ေျမငွားဂရန္ေလွ်ာက္ထားရာတြင္ ယာယီခ်ေပးထားေသာ လိုင္စင္ေျမမ်ားကို ေလွ်ာက္ထားခြင့္မျပဳပါ။

မူလလိုင္စင္ခ်ေပးစဥ္က လူေနထိုင္ရန္၊အိမ္ရာေဆာက္လုပ္ရန္ ခြင့္ျပဳေသာ လိုင္စင္ေျမမ်ားကိုသာ ေျမငွားဂရန္ ေလွ်ာက္ထားခြင့္႐ွိပါသည္။ လူေနထိုင္ခြင့္အတြက္ခ်ေပးေသာ လိုင္စင္ျဖစ္ၿပီး အမည္ေပါက္ပိုင္႐ွင္မွ ေလွ်ာက္ထားျခင္းမဟုတ္ပါက လႊဲေျပာင္းပိုင္ဆိုင္သည့္ အေထာက္အထားမ်ား ၊တရား႐ုံးအႏိုင္ဒီဂရီတို႔ျဖင့္ ေလွ်ာက္ထားရန္ လိုအပ္ပါသည္။ ဂရန္ေလွ်ာက္ထားမည္လိုင္စင္ေျမမွာ မူရင္းေပ်ာက္ဆုံးေနပါက ရဲစခန္း ေထာက္ခံစာ၊ က်ိမ္းက်ိန္ လႊာ၊ အုပ္ခ်ဳပ္ေရးမႉးေထာက္ခံစာတို႔ႏွင့္အတူ ေလွ်ာက္ထားရပါမည္။

ဂရန္ေျမအျဖစ္ ေလွ်ာက္ထားလိုသူသည္ ဌာနမွ သတ္မွတ္ထားေသာ ေလွ်ာက္လႊာပုံစံတြင္ ျပည့္စုံစြာ ျဖည့္စြက္ၿပီး လိုင္စင္လက္မွတ္ မူရင္းႏွင့္မိတၱဴ တိုက္ဆိုင္စစ္ေဆးရန္အတြက္ ဌာနသို႔ျပသရပါသည္။ လိုင္စင္ေျမ ႏွင့္စပ္လ်ဥ္း၍ တရား႐ုံး အမိန္႔ဒီဂရီ႐ွိလွ်င္ မူရင္းျပသရန္ လိုအပ္ပါသည္။

ထို႔အျပင္ ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ (သို႔) ေျမငွားခေနာက္ဆုံး ေပးသြင္း ထားေသာ အေထာက္အထားေျပစာ မူရင္းလဲ ျပသရပါမည္။ ေျမတိုင္းအစီရင္ခံစာ၊ေျမစာရင္းအမည္ေပါက္ႏွင့္ လိုင္စင္ပါ အမည္ေပါက္တူညီမႈ႐ွိ၊မ႐ွိလဲ ဌာနမွ စီစစ္ပါသည္။ ထိုသို႔ဂရန္ေျမအျဖစ္ ေလွ်ာက္ထားေသာ လိုင္စင္ေျမ သည္ ၁၉၈၇ ခုႏွစ္၊ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒႏွင့္ ၿငိစြန္းမႈမ႐ွိရန္ လိုအပ္ပါသည္။

သတ္မွတ္စာ႐ြက္စာတမ္းမ်ား စုံလင္ပါက ကန္႔ကြက္ရန္ ေၾကျငာစာကို ေျမတည္႐ွိရာေနရာတြင္ (၁)ေစာင္၊ ေလွ်ာက္ထားသူထံသို႔ (၁)ေစာင္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ (၁) ေစာင္ ေလွ်ာက္ထားသူမွ တဆင့္ေပးပို႔ရန္ ထုတ္ေပးပါသည္။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးတို႔မွ ကန္႔ကြက္ရန္ ေၾကျငာစာအား လက္ခံရ႐ွိေၾကာင္း အေထာက္အထားမ်ားအား ေလွ်ာက္ထားသူမွ ျပန္လည္တင္ျပရမည္ျဖစ္ပါသည္။

ေျမတိုင္းတာ စစ္ေဆးျခင္းျပဳၿပီး ကန္႔ကြက္ရန္႐ွိမ႐ွိ သတင္းစာေၾကျငာကာ ကန္႔ကြက္သူမ႐ွိပါက ေကာ္မတီအစည္းအေဝး ခြင့္ျပဳၿပီးေနာက္ ေျမငွားဂရန္ ဝန္‌ေဆာင္ခေပးသြင္းေစပါသည္။ သက္ဆိုင္ရာ ေျမစာရင္းမွ အငွားခ်ထားမည့္ ေျမကြက္အား ေျမပုံေရးဆြဲျခင္း ေဆာင္႐ြက္ၿပီးပါက ေျမငွားစာခ်ဳပ္ေပၚတြင္ ေျမငွားခ် ထားသူ၊ ေျမငွားစာခ်ဳပ္ခ်ထားျခင္းခံရသူ၊ သက္ေသတို႔ လက္မွတ္ေရးထိုး စာခ်ဳပ္ခ်ဳပ္ဆိုကာ ေျမငွားဂရန္ထုတ္ ေပးမည္ျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service