ထိုင်းလူမျိုးများ တမြတ်တနိုးထား ကိုးကွယ်ကြသည့် Wat Phra Phutthabat ဗုဒ္ဓခြေတော်ရာ - Property Knowledge in Myanmar from iMyanmarHouse.com
1128 Views
ထိုင်းလူမျိုးများ တမြတ်တနိုးထား ကိုးကွယ်ကြသည့် Wat Phra Phutthabat ဗုဒ္ဓခြေတော်ရာ
Knowledge | Posted by Shwe Zin Win
[Unicode]
မြန်မာလို ဗုဒ္ဓခြေတော်ရာဘုရားဆိုပြီး အဓိပ္ပာယ်ရတဲ့ Wat Phra Phutthabat ဘုရားဟာ ထိုင်းနိုင်ငံ ဆရာဘူရိမြိုမှာ တည်ရှိပါတယ်။ ၁၆၂၄ ခုနှစ်၊ ဆောင်သမ်ဘုရင်လက်ထပ်ကတည်းက တည်ထားခဲ့တဲ့အတွက် ရှေးဟောင်းဘုရားလို့ သတ်မှတ်နိုင်ပါတယ်။ ထိုင်းလူမျိုးဗုဒ္ဓဘာသာအများစုဟာ ထိုဘုရားအတွင်းမှာရှိတဲ့ ကြီးမားတဲ့ခြေတော်ရာပုံကို ဗုဒ္ဓခြေတော်ရာဟု နက်နက်ရှိုင်းရှိုင်းယုံကြည်ကိုးကွယ်ကြပါတယ်။
ဗုဒ္ဓခြေတော်ရာကြီးရဲ့ အရွယ်အစားဟာ အကျယ် ၂၁ လက်မ၊ အရှည် ၅ ပေ၊ အနက် ၁၁ လက်မ ရှိပါတယ်။ ဗုဒ္ဓခြေတော်ရာကို အပြည့်ရွှေဆိုင်းချထားပြီး ယုံကြည်သူအများစုမှပူဇော်ဆည်းကပ်ထားတဲ့ ငွေစက္ကူ၊ အကြွေစေ့၊ ရွှေစရွှေနများဖြင့် ဖုံးလွှမ်းလျက်ရှိနေပါတယ်။
မြတ်စွာဘုရားရှင်ဟာ စူဝမ်ဘမ်ဖို့ တောင်ထိပ်သို့ဈာန်ဖြင့်ကြွစဉ် တောင်ထိပ်ပေါ်မှာ ထိုခြေတော်ရာအားချန်ထားတော်မူခဲ့တယ်လို့ သမိုင်းအထောက်အထားတွေအရသိရှိရပြီး Wat Phra Phutthabat ခြေတော်ရာအပါအဝင် နောက်ထပ်ခြေတော်ရာငါးနေရာရှိတယ်လို့လဲဆိုပါတယ်။ လက်ရှိမှာ ထိုင်းလူမျိုးများအမြတ်တနိုးထားကိုးကွယ်ရာဖြစ်လို့နေပြီး ဗုဒ္ဓခြေတော်ရာကို ပန်း၊ရေချမ်း၊ဆီမီးများကပ်လှူကာပူဇော်ရှိခိုးကြပါတယ်။ ပြုခဲ့သမျှအကုသိုလ်မကောင်းမှုများကျေပျက်ရန်၊ အကျိုးစီးပွားဖြစ်ထွန်းရန်အတွက် ရည်သန်တောင်းဆုပြုကြပါတယ်။
Wat Phra Phutthabat ဘုရားဟာ တောတောင်များအလယ်ထိုးထွက်တည်ရှိနေတဲ့ တောင်ထွပ်ပေါ်မှာတည်ထားပြီး နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်များကျင်းပပါတယ်။ ဗုဒ္ဓခြေတော်ရာပူဇော်ပွဲကို တစ်နှစ်တာရဲ့ ဖေဖော်ဝါရီလ၊မတ်လမှာကျင်းပပြီး ကိုးကွယ်သူဒေသခံများ လေ့လာသူခရီးသွားများနှင့် စည်ကားတဲ့ပွဲဖြစ်ပါတယ်။ ဘုန်းကြီးများအား ပူဇော်ဆည်းကပ်သည့် တက်ဘက်ဒေါ့မိုင်ဘုရားပွဲကိုလည်း Wat Phra Phutthabat ဘုရားမှာ နှစ်စဉ်ကျင်းပတဲ့အတွက် အိမ်နီးချင်းထိုင်းနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ ရွှေမြန်မာများသွားရောက်ဖူးမျှော်သင့်ပါကြောင်း .....
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
Upcoming Property Events
From 28 Jun To 29 Jun
Magical World Apartment
From 28 Jun To 29 Jun
Pan Swal Taw Condominium
From 02 Jun To 30 Jun
42 Mini Condo
From 02 Jun To 30 Jun
Central Shophouse
From 09 Jun To 09 Jul
The Vista Luxury Residence
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service