ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ - Property News in Myanmar from iMyanmarHouse.com
1456 Views
ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်ကွန်ဒိုတွေကို နိုင်ငံခြားသားတွေ ဝယ်ယူမှု မြန်မာက အဆင့် (၈) နေရာတွင်ရှိနေ
[Unicode]
ထိုင်းနိုင်ငံရဲ့အဆင့်မြင့်ကွန်ဒို  တွေကို နိုင်ငံခြားသားတွေဝယ်ယူတဲ့ ထိပ်တန်း (၁၀) နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံက အဆင့်(၈) မှာ ရှိနေတယ်လို့ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေသတင်းပြန်ကြားရေးမှာ ဖော်ပြထားပါတယ်။ ဒီစာရင်းတွေထဲမှာ အရင်က မြန်မာနိုင်ငံ မပါဝင်ခဲ့ပေမယ့် (၂၀၂၂) ခုနှစ်ကတော့ အဆင့်(၆) နေရာမှာ ရှိခဲ့ပြီးတော့ အခု (၂၀၂၃) ခုနှစ် ပထမနှစ်ဝက် စာရင်းမှာတော့ အဆင့်(၈) မှာ ရှိနေတယ်လို့ ထိုင်းနိုင်ငံရဲ့ လူသိများတဲ့ ပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ ဘန်ကောက်ပို့(စ်)သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ကွန်ဒိုအများဆုံးဝယ်ယူသူတွေဟာ တရုတ်နိုင်ငံသားတွေဖြစ်ပြီး ဒုတိယအများဆုံးကတော့ ရုရှားနိုင်ငံသားတွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကတော့ တတိယအများဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ ပျှမ်းမျှ ဘတ်(၇)သန်းတန်လောက်ရှိတဲ့ ကွန်ဒိုတွေ ဝယ်ယူနေကြတာဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေသတင်းပြန်ကြားရေးမှာ ဖော်ပြချက်အရသိရပါတယ်။
အခုနှစ်ဝက်အထိ ကွန်ဒိုတိုက်ခန်းပေါင်း (၁၈၂)ခန်းကို မြန်မာနိုင်ငံက ဝယ်ယူထားပြီး ကာလတန်ဖိုး ဘတ်ငွေ(၁၂၇၄)သန်းအထိ ရှိနေတယ်လို့လည်း ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေသတင်းပြန်ကြားရေးမှာ ဖော်ပြထားပါတယ်။
ထိုင်း အိမ်ခြံမြေသတင်းပြန်ကြားရေးဌာနရဲ့ စာရင်းအရ အခု ၂၀၂၃ ပထမနှစ်ဝက်အတွင်း နိုင်ငံခြားသားတွေ ဝယ်ယူတဲ့ ကွန်ဒိုခန်း ၇၃၃၈ ခန်းရဲ့ ကာလတန်ဖိုးဟာ ထိုင်းဘတ်ငွေ သန်းပေါင်း သုံးသောင်းငါးထောင့်နှစ်ရာ ရှိပါတယ်။ အများဆုံး ဝယ်ယူကြတဲ့နေရာက ထိုင်းနိုင်ငံရဲ့ ခရီးသွားမြို့တစ်ခုဖြစ်တဲ့ ပတ္တရားတည်ရှိရာ ချွန်ဘူရီခရိုင်မှာဖြစ်ပြီး ဘန်ကောက်မြို့က ဒုတိယဝယ်ယူမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
Upcoming Property Events
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service