အနောက်နိုင်ငံသားများ ဥပေက္ခာမပြုရဲကြတဲ့ အိမ်နှင့်ပတ်သက်သော အယူသည်းမှု (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
1008 Views

အနောက်နိုင်ငံသားများ ဥပေက္ခာမပြုရဲကြတဲ့ အိမ်နှင့်ပတ်သက်သော အယူသည်းမှု (၅) မျိုး

Knowledge | Posted by Zarni Kyaw

[Unicode]

 

ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလဲမကြွယ်နဲ့ ဆိုသလို နေအိမ်နဲ့ပတ်သက်ပြီး အယူသည်းမှုတွေဟာ မြန်မာနိုင်ငံမှာတင်မဟုတ် တိုးတက်ခေတ်မှီလွန်းပါတယ်ဆိုတဲ့ အနောက်နိုင်ငံတွေမှာတောင် ရှိနေပါသေးတယ်။ တကယ့်ကို ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်တဲ့ အမေရိကန်လိုနိုင်ငံမျိုးမှာတောင် နေထိုင်ရာနေအိမ်လာဘ်မတိတ်အောင် ဒီလိုမျိုးအကာအကွယ်အစောင့်အရှောက်တွေ ထားကြပါတယ်။ ကျိန်းသေပေါက်ယုတ္တိမတန်တဲ့အယူအဆရိုးရာဓလေ့လေးတွေပေါ့ ။ ဆိုတော့ ဘာလေးတွေလဲ ကြည့်ကြည့်ရအောင်နော်။

 

 

အိမ်အသစ်ပြောင်း တံမြက်စည်းဟောင်းကို စွန့်ပစ်

 

 

အမေရိကန်လူမျိုးတွေအယူသည်းပုံကတော့ အိမ်အသစ်ကို ပြောင်းတဲ့အခါ အိမ်အဟောင်းမှာသုံးခဲ့တဲ့ တံမြက်စည်းအဟောင်းကို စွန့်ပစ်ခဲ့ပါတဲ့။ ဘာလို့လဲ? အကြောင်းအရင်ကတော့ သင့်အရင်ကြုံတွေ့ခဲ့တဲ့ ကံကြမ္မာအဆိုးတွေဟာ တံမြက်စည်းကနေတစ်ဆင့် အိမ်အသစ်ထဲကပ်ပါလာမှာစိုးတာကြောင့်ပါ။

 

နေ့ခင်းဘက်မှာ တံမြက်လှည်းပါ

 

 

တံမြက်စည်းနဲ့ပတ်သက်တဲ့အယူအဆတွေကတော့ အတော်များပါတယ်။ အာဖရိကအနောက်ပိုင်းမှာဆိုရင် အိမ်ရှင်မတွေက ညဘက်မှာတံမြက်စည်းမလှည်းကြပါဘူး။ ဘာလို့ဆို ညဘက်တံမြက်စည်းလှည်းခြင်းဟာ ကံကောင်းမှုတွေကို မောင်းထုတ်လိုက်သလိုမျိုးမို့ လှည်းချင်သပဆို နေ့ဘက်အခါမှသာ လှည်းကြပါတယ်။

 

အိမ်အသစ်ကိုပြောင်းမယ်ဆို ပေါင်မုန့်တစ်လုံးယူခဲ့ပါ

 

 

ဖိလစ်ပိုင်နိုင်ငံရဲ့ အယူအဆအရ နေအိမ်အဆောက်အအုံအသစ်သို့ပြောင်းရွေ့တဲ့အခါ အိမ်အသစ်တံခါးဝအဝင်သို့ ပေါင်မုန့်တစ်လုံး သို့မဟုတ် တံမြက်စည်းတစ်ချောင်း ကိုင်ဆောင်ပြီး ဖြတ်ဝင်ရပါမယ်။ ဒါမှသာ ကံကောင်းခြင်းအသစ်တွေ ဝင်ရောက်လာမှာပါ။

 

မကောင်းဆိုးဝါးကာကွယ်ဖို့ တံစက်မြိတ်ကို အပြာရောင်သုတ်

 

 

အမေရိကန်တောင်ပိုင်းဒေသမှာဆိုရင် အိမ်တံစက်မြိတ် ( သို့ ) ဆင်ဝင်ကို အပြာရောင်သုတ်ထားရပါမယ်။ အပြာရောင်အိမ်ဆင်ဝင်ဟာ နေအိမ်ထဲသို့ ဝင်ရောက်နှောင့်ယှက်ရန် ကြိုးပမ်းလာတဲ့ မကောင်းဆိုးဝါးများကို ထောင်ဖမ်းထားတဲ့နေရာပါတဲ့။

စားပွဲပေါ်မှာ ရှုးဖိနပ်မတင်ပါနဲ့

 

အမေရိကန်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံမှာဆိုရင် စားပွဲပေါ် ရှုးဖိနပ်တင်ခြင်းဟာ သေခြင်းတရားကို ဖြစ်စေတဲ့အထိ မကောင်းတဲ့သဘောဆောင်ပါတယ်။ ဒီအယူအဆဟာ ဘယ်ဆီက မြစ်ဖျားခံလာမှန်းသေချာမသိပေမယ့် အခုထိ ကျင့်သုံးနေဆဲဖြစ်ပါတယ်။

 

မှန်လေး မှန်လေး နံရံပေါ်က မှန်လေး

 

အနောက်နိုင်ငံတော်တော်များများလက်ခံထားတဲ့အရာတစ်ခုက " မှန်တွေဟာ ကံဆိုးခြင်းကိုစုပ်ယူတယ် " ဆိုတဲ့အချက်ပါ။ မတော်တဆပဲဖြစ်ဖြစ် တမင်တကာပဲဖြစ်ဖြစ် မှန်ကိုခွဲလိုက်မိတယ်ဆို မိမိခံစားရရှိမှာကတော့ ၇ နှစ်တာကံဆိုးမှုပါပဲ။ မှန်တွေဟာ ဝိဉာဉ်ကိုတောင် စုပ်ယူနိုင်တယ်လို့ ယုံကြည်ကြတာမို့ ဗစ်တိုးရီးယားခေတ်မှာဆိုရင် လောလောလတ်လတ် လူသေထားတဲ့ အသုဘအိမ်တိုင်း အိမ်မှာရှိသမျှကြည့်မှန်များကို အဝတ်တစ်ခုနဲ့အုပ်ထားတတ်ကြပါတယ်။

အိမ်နဲ့ပတ်သက်လို့ အနောက်နိုင်ငံသားများရဲ့ အယူသည်းပုံကို ဗဟုသုတရဖွယ်တင်ဆက်ပေးထားပါတယ်။ ခေတ်မီတိုးတက်နေပေမယ့် သူတို့လည်း ကိုယ်တွေ နိုင်ငံလိုပါပဲလားနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အေနာက္ႏိုင္ငံသားမ်ား ဥေပကၡာမျပဳရဲၾကတဲ့ အိမ္ႏွင့္ပတ္သတ္ေသာ အယူသည္းမႈ (၅) မ်ိဳး

 

ေ႐ွးထုံးလည္း မပယ္နဲ႔ ေဈးသုံးလဲမႂကြယ္နဲ႔ ဆိုသလို ေနအိမ္နဲ႔ပတ္သက္ၿပီး အယူသည္းမႈေတြဟာ ျမန္မာႏိုင္ငံမွာတင္မဟုတ္ တိုးတက္ေခတ္မွီလြန္းပါတယ္ဆိုတဲ့ အေနာက္ႏိုင္ငံေတြမွာေတာင္ ႐ွိေနပါေသးတယ္။ တကယ့္ကို ဖြံ႕ၿဖိဳးတိုးတက္ၿပီးျဖစ္တဲ့ အေမရိကန္လိုႏိုင္ငံမ်ိဳးမွာေတာင္ ေနထိုင္ရာေနအိမ္လာဘ္မတိတ္ေအာင္ ဒီလိုမ်ိဳးအကာအကြယ္အေစာင့္အေ႐ွာက္ေတြ ထားၾကပါတယ္။ က်ိန္းေသေပါက္ယုတၱိမတန္တဲ့အယူအဆ႐ိုးရာဓေလ့ေလးေတြေပါ့ ။ ဆိုေတာ့ ဘာေလးေတြလဲ ၾကည့္ၾကည့္ရေအာင္ေနာ္။

 

အိမ္အသစ္ေျပာင္း တံျမက္စည္းေဟာင္းကို စြန္႔ပစ္

အေမရိကန္လူမ်ိဳးေတြအယူသည္းပုံကေတာ့ အိမ္အသစ္ကို ေျပာင္းတဲ့အခါ အိမ္အေဟာင္းမွာသုံးခဲ့တဲ့ တံျမက္စည္းအေဟာင္းကို စြန္႔ပစ္ခဲ့ပါတဲ့။ ဘာလို႔လဲ? အေၾကာင္းအရင္ကေတာ့ သင့္အရင္ၾကဳံေတြ႕ခဲ့တဲ့ ကံၾကမၼာအဆိုးေတြဟာ တံျမက္စည္းကေနတစ္ဆင့္ အိမ္အသစ္ထဲကပ္ပါလာမွာစိုးတာေၾကာင့္ပါ။

 

ေန႔ခင္းဘက္မွာ တံျမက္လွည္းပါ

တံျမက္စည္းနဲ႔ပတ္သက္တဲ့အယူအဆေတြကေတာ့ အေတာ္မ်ားပါတယ္။ အာဖရိကအေနာက္ပိုင္းမွာဆိုရင္ အိမ္႐ွင္မေတြက ညဘက္မွာတံျမက္စည္းမလွည္းၾကပါဘူး။ ဘာလို႔ဆို ညဘက္တံျမက္စည္းလွည္းျခင္းဟာ ကံေကာင္းမႈေတြကို ေမာင္းထုတ္လိုက္သလိုမ်ိဳးမို႔ လွည္းခ်င္သပဆို ေန႔ဘက္အခါမွသာ လွည္းၾကပါတယ္။

 

အိမ္အသစ္ကိုေျပာင္းမယ္ဆို ေပါင္မုန္႔တစ္လုံးယူခဲ့ပါ

ဖိလစ္ပိုင္ႏိုင္ငံရဲ႕ အယူအဆအရ ေနအိမ္အေဆာက္အအုံအသစ္သို႔ေျပာင္းေ႐ြ႕တဲ့အခါ အိမ္အသစ္တံခါးဝအဝင္သို႔ ေပါင္မုန္႔တစ္လုံး သို႔မဟုတ္ တံျမက္စည္းတစ္ေခ်ာင္း ကိုင္ေဆာင္ၿပီး ျဖတ္ဝင္ရပါမယ္။ ဒါမွသာ ကံေကာင္းျခင္းအသစ္ေတြ ဝင္ေရာက္လာမွာပါ။

 

မေကာင္းဆိုးဝါးကာကြယ္ဖို႔ တံစက္ၿမိတ္ကို အျပာေရာင္သုတ္

အေမရိကန္ေတာင္ပိုင္းေဒသမွာဆိုရင္ အိမ္တံစက္ၿမိတ္ ( သို႔ ) ဆင္ဝင္ကို အျပာေရာင္သုတ္ထားရပါမယ္။ အျပာေရာင္အိမ္ဆင္ဝင္ဟာ ေနအိမ္ထဲသို႔ ဝင္ေရာက္ေႏွာင့္ယွက္ရန္ ႀကိဳးပမ္းလာတဲ့ မေကာင္းဆိုးဝါးမ်ားကို ေထာင္ဖမ္းထားတဲ့ေနရာပါတဲ့။

စားပြဲေပၚမွာ ႐ႈးဖိနပ္မတင္ပါနဲ႔

အေမရိကန္ႏိုင္ငံနဲ႔ အဂၤလန္ႏိုင္ငံမွာဆိုရင္ စားပြဲေပၚ ႐ႈးဖိနပ္တင္ျခင္းဟာ ေသျခင္းတရားကို ျဖစ္ေစတဲ့အထိ မေကာင္းတဲ့သေဘာေဆာင္ပါတယ္။ ဒီအယူအဆဟာ ဘယ္ဆီက ျမစ္ဖ်ားခံလာမွန္းေသခ်ာမသိေပမယ့္ အခုထိ က်င့္သုံးေနဆဲျဖစ္ပါတယ္။

မွန္ေလး မွန္ေလး နံရံေပၚက မွန္ေလး

အေနာက္ႏိုင္ငံေတာ္ေတာ္မ်ားမ်ားလက္ခံထားတဲ့အရာတစ္ခုက " မွန္ေတြဟာ ကံဆိုးျခင္းကိုစုပ္ယူတယ္ " ဆိုတဲ့အခ်က္ပါ။ မေတာ္တဆပဲျဖစ္ျဖစ္ တမင္တကာပဲျဖစ္ျဖစ္ မွန္ကိုခြဲလိုက္မိတယ္ဆို မိမိခံစားရ႐ွိမွာကေတာ့ ၇ ႏွစ္တာကံဆိုးမႈပါပဲ။ မွန္ေတြဟာ ဝိဉာဥ္ကိုေတာင္ စုပ္ယူႏိုင္တယ္လို႔ ယုံၾကည္ၾကတာမို႔ ဗစ္တိုးရီးယားေခတ္မွာဆိုရင္ ေလာေလာလတ္လတ္ လူေသထားတဲ့ အသုဘအိမ္တိုင္း အိမ္မွာ႐ွိသမွ်ၾကည့္မွန္မ်ားကို အဝတ္တစ္ခုနဲ႔အုပ္ထားတတ္ၾကပါတယ္။

အိမ္နဲ႔ပတ္သက္လို႔ အေနာက္ႏိုင္ငံသားမ်ားရဲ႕ အယူသည္းပုံကို ဗဟုသုတရဖြယ္တင္ဆက္ေပးထားပါတယ္။ ေခတ္မီတိုးတက္ေနေပမယ့္ သူတို႔လည္း ကိုယ္ေတြ ႏိုင္ငံလိုပါပဲလားေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service